Tuesday, May 4, 2010

ဆရာကြီး











ဆရာဒဂုန်တာရာ အသက်ကြီးလှပြီ။ ၉ ၁နှစ်တဲ့။ မေလ ၁၀ရက်နေ့ဟာ သူ့မွေးနေ့။
ကံကောင်းတယ်။ အခုထိစာတွေ ရေးနေတုန်း။ မျက်စိမမြင်နိုင်တော့ ပါးစပ်နဲ့ရေးသတဲ့။
သူဘာပဲရေးရေး တန်ဘိုးရှိတယ်။ ဖြတ်သန်းမှု ကြီးတဲ့သူ၊ စုံတဲ့သူ။ တိုင်းပြည်နဲ့လူမျိုးကို
စေတနာကြီးကြီးထားတဲ့သူ။ နုညံ့တဲ့သူ။

ကိုလိုနီဘ၀ကလွတ်မြောက်ရေး ကြိုးပမ်းခဲ့တဲ့သူ။ ငြိမ်းချမ်းရေးသမား။ ပညာတတ်
အနုပညာသမား။ တိုင်းပြည်မှာ ပြည်သူတွေဆင်းရဲပြီး လွတ်လပ်မှုမရပဲဖြစ်နေတာကို
စိတ်မကောင်းကြီးစွာဖြစ်နေရသူ။ သမိုင်းတန်ဘိုးကြီးပေမဲ့ ထည်ထည်ဝါ၀ါမနေသူ။
ပြည်သူတွေနဲ့ တသားထဲ အတူရှိနေသူ။

လူငယ်တွေကို မျှော်လင့်ချင်သူ။ ညှာတာသူ။ တခြားသူကို စိတ်အနှောက်အယှက်
မပေးချင်သူ။ ပြောချင်တာတွေ အများကြီးရှိနေပေမဲ့ မပြောပဲနေတဲ့သူ။
အာဏာပိုင်တွေနဲ့ ခပ်ခွါခွါနေသူ။

မနေ့က သူ့ဆီဖုန်းဆက်တယ်။ အသံက မာနေတုန်း၊ ရွှင်နေတုန်း။ ခင်မင်မှုဓါတ်တွေ
အပြည့်ရှိနေတုန်း။ လူငယ်တွေကို အားကိုးတဲ့ဓါတ်တွေ၊ အားပေးတဲ့ဓါတ်တွေ ရနေတုန်း။
ပြောချင်ဆိုချင် ရှိနေတုန်း။ ကျောင်းသားသမဂ္ဂကို လွမ်းနေတုန်း။ ကိုအောင်ဆန်း၊
ကိုဗဟိန်း၊ သခင်နုနဲ့ သခင်သန်းထွန်းတို့အကြောင်းကို ကြုံရင်ကြုံသလိုပြောနေတုန်း။
သခင်ကိုယ်တော်မှိုင်းကို ဦးထိပ်ထားနေတုန်း။

မှတ်ညဏ်တော့ အားနည်းသွားရှာပြီ။ ဆိပ်ဖလူးပန်းနာမည်ကို မေ့နေတယ်။ သခင်နုရဲ့ 
ရက်စက်ပါပေ့ကွယ် ကိုမေ့နေတယ်။ ဒါပေမဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ
ကိုတော့ အားလုံးလိုလို မှတ်မိနေရှာတယ်။

ခေတ်ပေါ်မြန်မာ့နိုင်ငံရေးသမိုင်းရဲ့  ရှားပါးတဲ့ မျက်မြင်သက်သေကြီးတဦး။ ရေးတဲ့စာတွေ
ဆင်ဆာအဖြတ် ခံနေရတဲ့သူ။ ဆရာကြီး သနားပါတယ်။ မွေးနေ့မှာ ပျော်ပါစေ။
ကျန်းကျန်းမာမာနဲ့ မြန်မာ့သမိုင်းအမှန်တွေကို ချန်ထားနိုင်ခဲ့ပါစေ။ မချန်ထားနိုင်လည်း
ရပါတယ်ဗျာ။ တိုင်းပြည်အတွက် ဆရာကြီးတို့ တာဝန်ကျေလှပါတယ်။

(ဓါတ်ပုံ ဂူဂလ်)

4 comments:

သက်ဝေ said...

စာကြောင်းတိုလေးတွေနဲ့ ဖေါ်ပြထားတဲ့ ဆရာကြီးအကြောင်းက ရင်ထဲကို တကယ်ရောက်ပါတယ်... တိုင်းပြည်အတွက် တာဝန်ကျေတဲ့ ဆရာကြီး ဒဂုန်တာရာ မွေးနေ့အတွက် အတူတူ ဆုတောင်းပေးသွားပါတယ်..။

ယောနက်သန် said...

သက်ရှိသမိုင်းစာအုက်ကြီး သက်တော် ရာကျော် ရှည်ပါစေ...။

Thu said...
This comment has been removed by the author.
Thu said...

A great living current history of Myanmar.
Author's mood flows into readers literally the time of crafting.
I felt many times that slowly percolate to my body.
Long live being with healthy body and mind !

("Great" was firstly remarked to him by former primer U Kyaw Nyein)