Wednesday, June 27, 2012

ဟုတ်မှလည်း လုပ်ကြ

ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးအောင်ဆန်းဦးတို့မောင်နှမနှစ်ဦး အဆင်မပြေ
ဖြစ်နေတာ ကမ္ဘာသိကိစ္စ။ နှစ်ယောက်ထဲရှိတဲ့ မောင်နှစ်မအကြားမှာတောင်
အဆင်ပြေမှုကို (နှစ်တွေအတော်ကြာလာတဲ့အထိ) မထူထောင်နိုင်ပဲ မြန်မာ ပြည်ရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဒေါ်စုကကြိုးစားမယ်ဆိုတာ ဖြစ်
နိုင်ပါ့မလား။

ကိုယ်ကျင့်တရားလည်း မကောင်း၊ ၀ိနည်းလည်း မလုံတဲ့ ဘုန်းတော်ကြီးက
အကျင့်သီလတွေအကြောင်း ဟောနေတာ အလုပ်ဖြစ်နိုင်ပါ့မလား။ ၀င်ငွေ
ကောင်းပြီး ချမ်းသာကြွယ်ဝနေတဲ့ ဘုန်းတော်ကြီးတွေကို ယုံကြည်သင့်
သလား။ ဘာသာရေးကနည်းနည်း လူမှုရေးကများများဘုန်းတော်ကြီးတွေ
ကို ကိုးကွယ်သင့်သလား။ အဟောကောင်းတဲ့ ဘုန်းကြီးနဲ့ အကျင့်ကောင်း
တဲ့ဘုန်းကြီး ဘယ်သူ့ကိုရွေးမလဲ။

ပြည်သူတွေကို ရက်စက်၊ ရွေးကောက်ပွဲမှာ မဲလိမ်ပြီးတက်လာတဲ့ အစိုးရဲ့
အုပ်ချုပ်မှုဥပဒေတွေကို တရားတယ်လို့ဆိုမလား။ ဒီလိုအစိုးရရဲ့ပြဌာန်းချက်
တွေကို လိုက်နာကျင့်သုံးသင့်သလား။ မတရားတဲ့ အမိန့်အာဏာဟူသမျှ
ဖီဆန်ရမလား။ မဲလိမ်ပြီး သမ္မတဖြစ်လာတဲ့သူရဲ့စကားတွေကို ယုံကြည်
သင့်သလား။ မတရားတဲ့သူက ဥပဒေစိုးမိုးရေးလို့ ပြောနေတာကို လက်ခံ
သင့်သလား။

ကိုယ်တိုင်ပြုပြင်ပြောင်းလဲရေး မလုပ်ပဲ သူများကို ပြုပြင်ပြောင်းလဲဖို့ ပြော
နေတာ အဓိပ္ဗါယ်ရှိပါ့မလား။ ကိုယ့်မိသားစုထဲမှာတောင် ညီညွတ်ရေးနဲ့
ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သူက တိုင်းပြည်ငြိမ်းချမ်းရေးလုပ်
တာ အောင်မြင်နိုင်ပါ့မလား။ ကိုယ်ကျင့်တရားမကောင်းတဲ့ သတင်း
သမားရဲ့ သတင်းတွေဟာ စိတ်ချယုံကြည်ရပါ့မလား။ အပြောနဲ့ အလုပ်
ညီဖို့ လိုသလား။ ငါပြောသလို လုပ် ၊ ငါလုပ်သလို မလုပ်နဲ့ဆိုသူတွေကို
ဘယ်လို ဆက်ဆံသင့်လဲ။

တချို့ကိစ္စတွေက "Case by Case" စဉ်းစားသင့်တယ်။ ပြဿနာတွေကို
တခုချင်းစီ ခွဲခြားပြီး ဝေဖန်သင့်တယ်။ အနုပညာသမားရဲ့ အကျင့်စရိုက်နဲ့
သူ့ရဲ့အနုပညာကို မတိုင်းထွာနဲ့။ ထပ်တူ မချနဲ့။ စာရေးဆရာနဲ့ သူ့ရဲ့စာ
ကို ခွဲပြီးမြင်သင့်တယ်။ ၀ိနည်းက ၀ိနည်း။ တရားက တရား။ နိုင်ငံရေးနဲ့
လူမှုရေး၊ မိသားစုရေးကို ရောပြီးမဝေဖန်သင့်ဘူး။ စသည်အားဖြင့်။ သုံး
သတ်ပြောဆိုမှုတွေ ရှိတယ်။

အိမ်ထောင်ရေး အဆင်မပြေပေမဲ့လည်း တိုင်းပြည်ညီညွတ်ရေး၊ ငြိမ်းချမ်း
ရေးကို ထူထောင်နိုင်ခဲ့သူတွေရှိတယ်။ ၀ိနည်းမလုံပေမဲ့လည်း သူဟောတဲ့
တရားကိုနာပြီး ချမ်းသာမှုရသူတွေရှိတယ်။  အာဏာကို မတရားတဲ့နည်းနဲ့
ယူခဲ့ပေမဲ့ ပြည်သူတွေကို တရားသဖြင့်အုပ်ချုပ်သူတွေလည်းရှိတယ်။
စသည်အားဖြင့်။ တုန့်ပြန်မှုတွေ ရှိတယ်။

လူနဲ့ မူကို တွဲသင့်သလား၊ ခွဲသင့်သလား။ တွဲသင့်တဲ့နေရာမှာ တွဲပြီး ၊ ခွဲ
သင့်တဲ့နေရာမှာ ခွဲသင့်သလား။ တွဲချင်တဲ့နေရာမှာ တွဲ၊ ခွဲချင်တဲ့နေရာ
မှာ ခွဲသင့်သလား။ လူကို ယုံမလား ။ မူကို ယုံမလား။ ပုဂ္ဂိုလ်ခင်မှ တရား
မင်သလား။ ဒီလိုအငြင်းအခုံတွေက အရင်ကတည်းက ရှိနေခဲ့တာ အခု
ချိန်ထိပဲ။ မြန်မာပြည်မှာ အခုဖြစ်ပျက်နေတာတွေနဲ့ဆက်စပ်ပြီး ဘယ်လို
ကောက်ချက်ဆွဲကြမလဲ။

မိတ်ဆွေတို့ရဲ့ သဘောထားတွေကရော ဘယ်နဲ့ရှိပါစ။ ဆွေးနွေးကြပါဦး။
သဘောထားကွဲလွဲမှုတွေရှိတာကို သဘောတူတယ်ဆိုတဲ့ အယူအဆက
ဒီမိုကရေစီရဲ့ အခြေခံအချက်တခုဆိုပဲ။

(ရုပ်ပုံ ၊ ဂူဂလ်)

12 comments:

ကလူသစ် said...

သေချာတာကတော့ ကလော်တုတ်ခံရတော့မယ်။

Thu said...

It's a clumsy nature for guided people of ethic and politics, not her alone.
For example, Buddha taught the means of life to the world, but left the case of Rohani river's dispute among his relatives.
At midnight, we could not have relevant foods at palace that does not mean the king is poor.

ABC said...

တစ်ချို.ဘလော့ဂါတွေလို ဖွလိုက်တဲ့ ပို.စ်လိုပဲ မြင်မိပါတယ်၊

ဆွေးနွေးလိုက်ရင် မဆုံးနိုင် ဖြစ်မှာမို. မဆွေးနွေးတော့ပါဖူး၊

ဘလူးစကိုင်းရဲ့ ထူးခြားတဲ့ရေးဟန်ကိုကြိုက်တယ်၊

Anonymous said...

သိလိုက်ရတာတော့ ဦးအောင်ဆန်းဦး ဟာ တော်တော် ဆင်ခြင်ဥာဏ်နည်းတယ်ဆိုတာပါပဲ..အရင် ဆုံးသိရမှာက ဒီခြံက သမိုင်းဝင်နေရာ ဆိုတာပါပဲ.အဲဒီနေရာကို ဒေါ်စုက ဖဲပေါင်မရိုက်ဘူးဆိုတာတော့ လူတိုင်းသိတယ်..ဒီခြံကိုရောင်းပြီး သား၂ယောက်ကိုလဲမပေးဘူးဆိုတာ တော့ ကြိမ်းသေတယ်...
သူ ဒီခြံကိုတ၀က်ရရင် ဘာလုပ်မှာလဲ အရင် သိချင်တယ်.. အဖေက မွတ်နေအောင်လည်တဲ့နိုင်ငံရေးသမား..
အရမ်းကြိုမြင်တတ်တယ်..ဒီလူက အဖေခြေနည်းနည်းတောင်မနင်းနိုင်ဘူး..
ဗိုလ်ချုပ်ရှိရင် နရင်းကြီးပဲ အုပ်မှာမြင်ယောင်သေးးတယ်ဗျ..

ဒီလူလက်ထဲမှာဆို အဲနေရာက
ကြံဖွတ်ရုံးခွဲလား..စစ်ကြောရေးစခန်းလား...နောက်ထပ်ဒီပဲရင်းလား ဘယ်သူ့မှအာမ မခံနိုင်သေးဘူးလေ..

သေချာတာကတော့ ဒီလူ က ညီမလောက် မတော်တဲ့အပြင် မကောင်းတာကလဲ ကြိမ်းသေတယ်..

Anonymous said...

So obvious case,in which a bit** drove her husband to gobs of spits by jealousy,greed and other kinds of shit** motives,not to mention puppetry from hardliners you know who.
Even if you are seeking attention,you could do better with other topic,well 'attacking DASSK with computer keyboard' seems trend of the year,from Burmese political/experts,online news media,through personal blogs like Ko Paw & Lun Swe,right to Myanmar Express and Dr.Chatgyi site.
Carry on folks.

ATN said...

Nothing much to say, I guess. This rain, this wind, these people. And all know what is going on, isn't it. Anyway I love this post much. Actually I love all of your posts... LOL...:D... The last word... When a movie comes to an end the audience just go home... even they either do criticize which character is bad or good or satisfy the movie or whatever. That's all I think right now. May be I could change my mind later who knows..... :D (atn)

မိုးယံ said...

စဉ်းစားစရာတွေ တစ်ပုံကြီး

ငဝန်နဒီ said...

ဘာပဲဖြစ်ဖြစ် ဦးအောင်ဆန်းဦး နဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဘယ်သူတွေ ဘာပဲပြောပြော တစ်ဖအေတည်း တစ်မအေတည်းက မွေးလာသော မောင်နှမ အရင်းတွေပါ...
သူတို့ ရဲ့  စိတ်အရင်းက ဘာလည်းဆိုတာကိုတော့ သူတို့ တွေ ကိုယ်တိုင်ပဲသိမှာပါ..
ဥပဒေ ကဥပဒေ မောင်နှမ ကမောင်နှမ ပါ သွေးသားအရင်းအချာကြီးတွေပါ...
နောင်တစ်ချိန်မှာ ဘယ်လိုဖြစ်လာမှလည်းဆိုတာ ပြောလို့ ရလို့ လား အားလုံးကို အနစ်နာခံပြီးလုပ်တဲ့ သူက သူအစ်ကို ကို စိတ်ဆိုးတာ ပြောတယ်ကြားဖူးလို့ လား
ဦးအောင်ဆန်းဦးကရော ဒေါ်အောင်ဆန်းစုကြည် လုပ်နေတာတွေ ကို မကောင်းတာ မဟုတ်တာ လုပ်တာ တွေ့ ဘူးလို့ လား ဘေးထိုင်ဘုပြောသူတွေ အသံ သာကြားရတာ ဥပဒေကြောင်းတွေ အရသာ ကြားရတာ သူတို့ ကိုယ်တိုင် ဥပဒေကြောင်း အတိုင်း လုပ်နေတာသာရှိတာ ..ဒေါ်အောင်ဆန်းစုကြည် အဲဒီအိမ်ပေါ်ကနေ ဆင်းရလို့ လား ချိပ်ပိတ်တာတွေ ရှိလို့ လား ဦးအောင်ဆန်းဦးရော လာနေမယ် ပြောတာကြားဖူးလို့ လား
မဆိုင်တဲ့ လူတစ်ယောက် ကြားကအမွေတောင်းတာ ပျောက်အောင် လုပ်တဲ့ ဆင်ကွက်လားဆိုတာ ဘယ်သူမှ မသိနိုင်သလို
သွေး က တစ်ချိန်မှာ စကားပြောမှာပါ..

yellowtree said...

ကိုယ်က အမကြီးဖြစ်လို့လားတော့မသိဘူး.. မောင်လေး အိမ်ထောင်ကျလို့ နေဘို့အိမ်ရှာတော့ (အဖေ့တိုက်ခန်းမှာ မိသားစု ၂ ခုအတူနေရင် ကြပ်လွန်းလို့ပါ) သင့်တင့်တဲ့ ဈေးနဲ့ တိုက်ခန်းတခန်းဝယ်ပေးလိုက်တယ်။ အမွေခွဲတာမဟုတ်ပေမယ့် မောင်လေးက အဖေ့တိုက်ခန်းကို အဖေဆုံးပါးပြီး နောက်မှာ ကိုယ့်အိမ်လို့ သတ်မှတ်သုံးနှုန်းခဲ့တယ်..
အခု ကိုယ်အဝေးရောက်နေချိန်မှာ သူလဲနယ်ရောက်တော့ သူ့အိမ်လဲငှားထားတာ.. ရုတ်တရက် ရန်ကုန်ပြန်နေရတော့ သော့ပိတ်ထားတဲ့ မမရဲ့အိမ်မှာ သူအိမ်စောင့် နေချင်တယ်လို့ ခွင့်တောင်းတော့ ကိုယ့်စိတ်ထဲ တမျိုးခံစားရတယ်..
အဖေ့နံမည်ပေါက်ကို ပြောင်းဘို့စိတ်ကူးမရှိသလို မောင်လေးလဲ ငယ်ဘ၀အိမ်မက်တွေ ပြည့်နေတဲ့ဒီအိမ်ဟာ ကိုယ့်နံမည်ပြောင်းလိုက်ရင်တောင် သူလဲ သက်ဆိုင်တယ်ဆိုတဲ့ အတွေးကို ဖျောက်နိုင်မှာ မဟုတ်ဘူး.. အကြီးဖြစ်လို့ဒီလိုတွေးတာလား..

DASSK က အကြီးဖြစ်ပြီး UASO က ဒီအိမ်မှာနေသူဖြစ်ရင် ဒီလိုအမှုအခင်းတွေ ဖြစ်မှာ မဟုတ်လောက်ဘူး ထင်တယ်..

Anonymous said...

ခေါင်းစဉ်ကတော့ ဆရာကြီး လိုလို သဘာကြီးလိုလိုနဲ့ပါလား။ ဒီpost မှာ ဘလော့ဂ်ရှင်ရဲ့ရပ်တည်ချက်က ဘာလဲဆိုတာ အရင်ချပြသင့်တယ်။ အဲဒီအပေါ်မှာ ဖတ်သူကဆွေးနွေးမှပေါ့။ အခုတော့ ရှိရှိသမျှမေးခွန်းတွေ၊ ဆန့်ကျင်ဘက်တွေ စုပေါင်းစပ်ပေါင်းချရေးထားပြီး လူတွေကိုထိုင်ဆွေးနွေးခိုင်းထားတယ်။ အတော်ကို ဟုတ်တဲ့ presentation တစ်ခုပါလား ကိုဘလူးစကိုင်းဖေါရက် ရဲ့။
H

Anonymous said...

ဗုဒ္ဓ ဘုရားရှင် လက်ထက် မှာ..INTERNET, Web, Blog များ ပေါ်ခဲ့ရင် တို့ဘုရားလည်း သက်သာမယ်မထင် .. ဒုက္ခရစရိယ အကျင့် မှဖယ်ခွာ ပြီး.. မဇ္ဈိမပဋိပဋာ လမ်းစဉ်ကိုရွေးတဲ့အခါ... ဘုရားသာသနာမှာ.. အမျိုးတော်ယောက်ဖတော် ဒေဝဓတ် နဲ့အဆင်မပြေဖြစ် ခဲ့တာတွေ..ကြားကြသိကြရင် comment တွေ ဘယ်လို ပေး..ပြောကြမလဲလို့ ..တွေးမိလို့ ..စဉ်းစားဘို့နဲ့ ဆင်ခြင်နိုင်ဘို့ပါ။

Anonymous said...

Bloger တွေရဲ့ ရေးတာ ပြောတာ လည်း
စဉ်းစားဘို့ ..ဆင်ခြင်နိုင်ဘို့ ပါဗျာ။