Friday, April 20, 2012

သိပြီးသားတေးသွား
















အခြေအနေအရ
လူဖြစ်လာခဲ့ရသူပါ

အခြေအနေအရ
ဘ၀င်ကို မြှင့်ထားရ

အခြေအနေအရ
သင်္ချာနဲ့သိုင်းကို သင်ခဲ့ရ

အခြေအနေအရ
ထမင်းသိုးဟင်းသိုးဖြစ်ခဲ့ရ ။

အခြေအနေအရ
အိမ်စွန့်
ရွာစွန့်
နိုင်ငံစွန့်

အခြေအနေအရ
လူစွန့်စားဖြစ်ခဲ့ရ
ဘ၀တွေ ခြားခဲ့ရ ။

ကဗျာတွေမှာ
စကားထာဝှက်ရတာ
နွားနို့ထဲကို ရေရောတာ
ပြည်သူပိုင်ပစ္စည်း ခိုးတာ
ဘုရားရွှေ ခွါတာ
မီးရှို့
ဓါးပြတိုက်တာ
အခြေအနေအရပါ ။

အခြေအနေအရ နိုင်ငံရေးမှာ ၀င်ပါ
အခြေအနေအရ မင်္ဂလာဆောင်
အခြေအနေအရ ထောင်ကျ
အခြေအနေအရ ရိပ်ကြီးခို
အခြေအနေအရ စစ်ထဲဝင်
အခြေအနေအရ တပ်ပြေး
အခြေအနေအရ တောခို
အခြေအနေအရ ညီညွတ်
အခြေအနေအရ အညံ့ခံ
အခြေအနေအရ ပြည်တော်ပြန်

အခြေခံဥပဒေကို
အခြေအနေအရ  ထောက်ခံ
အခြေအနေအရ လွှတ်တော်တက်
ရွေးကောက်ပွဲရလာဒ်လည်း
အခြေအနေအရ အဆုံးခံခဲ့ရပြီ
စစ်တပ်က အာဏာသိမ်းတာလည်း
အခြေအနေအရပေါ့ ။

အခြေအနေအရ
ပြောသင့်တာတွေ မပြောတော့ပါ
အခြေအနေအရ နားလည်ပေးကြပါ ။

(ရုပ်ပုံ ၊ ဂူဂလ်)

4 comments:

ကိုပေါ said...

ကိုယ့်စိတ်နဲ့ကိုယ် မန့်လိုက်ပါတယ်။ အခြေအနေအရ မဟုတ်ဘူး။း))

yellowtree said...

ရွေးကောက်ပွဲရလာဒ်လည်း
အခြေအနေအရ အဆုံးခံခဲ့ရပြီ... ဒါတကယ်ဘဲလား :-(

blueskyforest said...

Yellowtree ၁၉၉၀ခုနှစ်တုန်းက မဲမပေးခဲ့ရဘူးထင်တယ် ။ အဆုံးခံခဲ့ရတာ တကယ်ပဲလို့ မထင်နိုင်ရက်သူတွေ အများကြီးရှိနေပါသေးတယ်။ မဲထည့်ခဲ့တာ ဘာအတွက်လဲဆိုတဲ့မေးခွန်းက ရှင်သန်နေတုန်းပါ။ အ၀ါရောင်သစ်ပင် ကျန်းမာပါစေ။

yellowtree said...

Sorry.. I accidentally removed my comment.
ခရီး နီးလိုက် ဝေးလိုက် နဲ့ သံသရာက ဘယ်တော့ထွက်ရမှာလဲလို့ တွေးနေမိလို့..