ခေါ်ကြတယ်။ ဦးသိန်းစိန်ခင်မျာ ကြီးနဲ့ အကျိုးပေးရှာတယ်။ စစ်သားဘ၀မှာ
တုန်းကလည်း ဗိုလ်ချုပ်ကြီး။ သမ္မတဘ၀ရောက်တော့လည်း သမ္မတကြီးတဲ့။
စစ်တပ်မှာ ဗိုလ်နဲ့ ဗိုလ်ကြီး အဆင့်မတူဘူး။ ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်ကြီးလည်း မတူ
ဘူး။ ကြီးချင်တိုင်း ကြီးလို့မရဘူး။ မယ်သီလရှင်လောကမှာလည်း ခပ်ငယ်ငယ်
တွေကို ဆရာလေး။ အသက်ကြီး၊ ၀ါကြီးတွေမှ ဆရာကြီး။ ကျောင်းဆရာလောက
လည်း ဒီလိုပဲ။ ဆရာဟာ ဆရာ၊ ဆရာကြီး မဟုတ်။ ဆရာမဟာ ဆရာမကြီး မဟုတ်။
အိန္ဒိယမှာ မဟတ္တမ ဂန္ဒီကို “ဂန္ဒီဂျီး”လို့ ခေါ်ကြတယ်။ ပုံမှန်က ဂန္ဒီပဲ။ ဘာကြောင့်
အနောက်မှာ ဂျီးထည့်ရသလဲဆိုတော့ ပုံမှန်ထက်ပိုပြီး ကြီးမြတ်သူအဖြစ် အများ
က သတ်မှတ်တဲ့သဘော။ မြန်မာတွေလည်း အန္ဒိယဆီက “ဂျီး”ကို လိုင်စင်မပါပဲ
သယ်လာပုံရတယ်။ မြန်မာပြည်ရောက်တော့ “ကြီး” ဖြစ်သွားတာများလား။ မြန်
မာတွေရဲ့ ကြီးတဲ့အဓိပ္ဗါယ်ကလည်း ပုံမှန်ထက် ပိုကြီးမားတာကို ဆိုလိုတာကိုး။
ဘာဘူကြီးတို့ မာမူကြီးတို့လည်း ကြားဖူးကြမှာပေါ့။ အဲဒါက အန္ဒိယမှာ ဘာဘူဂျီး။
မာမူဂျီးလို့ ခေါ်တာကို မြန်မာတွေက လိုက်ခေါ်ကြတာ။ အဓိပ္ဗါယ်က လူကြီးသူမ။
မြို့၊ ရွာမျက်နှာဖုံး ။ သဘောကောင်းပြီး အများအကျိုးကူညီသူကို ခေါ်ကြတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အသစ်စက်စက် ဒေါ်အောင်ဆန်းစုကြည်ကို
လည်း “ဥက္ကဌကြီးဒေါ်စု”လို့ ခေါ်ကြပါစို့။ ဒါမှမဟုတ် “အမေစု”လို့ ခေါ်ကြသလို
“ဥက္ကဌကြီးစု”လို့ ခေါ်ကြစို့။ သူကပါတီရဲ့ လက်ရှိဥက္ကဌ မဟုတ်ပေလားဗျာ။ သူ့
အရင် ဦးအောင်ရွှေတုန်းကလည်း ဥက္ကဌကြီးလို့ ခေါ်ခဲ့ကြတာပဲ။ ဆိုရှယ်လစ်ခေတ်
တုန်းကလည်း အာဏာရှင်ဦးနေ၀င်းကို သမ္မတကြီး၊ ဥက္ကဌကြီးလို့ ခေါ်ခဲ့ကြတယ်။
ရိုးရိုးတောင် မဟုတ်ဘူး။ “လမ်းစဉ်ပါတီဥက္ကဌကြီး ဦးနေ၀င်း”တဲ့။ သတင်းစာတွေ
မှာရေးခဲ့ကြတာ။
တကယ့် ရာထူးသတ်မှတ်ချက်မှာ သမ္မတ။ ဥက္ကဌဆိုတာပဲရှိတယ်။ သမ္မတလည်း
မကြီးဘူး။ ဥက္ကဌလည်း မကြီးဘူး။ သတင်းမီဒီယာဆိုတာက ရာထူးကို အတိအကျ
ဖေါ်ပြရတာ။ မလိုအပ်ပဲ ၀ိုင်းပြီးကြီးပေးစရာ မလိုဘူး။ စေတနာပိုကဲသူတွေက စိတ်
မထိန်းနိုင်ပဲ ကြီးပေးနေကြတာ။ (ဖါးချင်တဲ့သဘောလည်း ပါပုံရတယ်) အခုလည်း
ပြည်တွင်းမီဒီယာတွေတင်မက ပြည်ပမီဒီယာတွေမှာပါ သမ္မတကြီး ဦးသိန်းစိန်နေ
ကြတယ်။ ကြီးမြတ်သောသမ္မတ ဦးသိန်းစိန်ပေါ့။ သာမန်ထက်ပိုပြီးကြီးမား ထူးခြား
လို့ ဂုဏ်မြှောက်ကြတဲ့သဘောနေမှာပေါ့။
ဗိုလ်ချုပ်အောင်ဆန်းလည်း ကြီးတာနဲ့ မလွတ်ခဲ့ဘူး။ ကျောင်းသားခေါင်းဆောင်
ကိုအောင်ဆန်း။ သခင်အောင်ဆန်း။ ဗိုလ်ချုပ်အောင်ဆန်း။ ဦးအောင်ဆန်းဘဝ
တွေမှာ မကြီးခဲ့ရပေမဲ့ လုပ်ကြံခံရပြီးနောက်ပိုင်းမှာတော့ လွတ်လပ်ရေးဖခင်ကြီး။
အာဇာနည်ကြီး တဦးဖြစ်ခဲ့ရတယ်။ ဒေါ်ခင်ကြည်ကိုလည်း တချို့က မိခင်ကြီးဒေါ်
ခင်ကြည်တဲ့။
ကွန်မြူနစ် ခေတ်ထချိန်အခါကလည်း Chairman Maoကို မြန်မာတွေက “ဥက္ကဌ
မော်”လို့ မခေါ်ဘူး။ “ဥက္ကဌကြီးမော်”တဲ့။ မော်စီတုံးလည်း မြန်မာနဲ့တွေ့မှပဲ ကြီး
ရရှာတယ်။ ကြီးတာနဲ့ပတ်သက်ပြီး သတိထားမိတာတခုက အညာသူအညာသား
တွေဟာ အကျေထက် ကြီးကို ပိုသုံးကြတယ်ဆိုတာပဲ။ မန္တလေးမှာ မဟာမြတ်မုနိ
ဘုရားကို ဒေသခံတွေက (ဘာကြောင့်ရယ်မသိ) “ဘုရားကြီး”တဲ့။ မန္တလေးက ရှိ
သမျှဘုရားတွေထဲမှာ တံခိုးအထွားဆုံး၊ အကြီးမားဆုံးလို့ ဆိုလိုချင်ပုံရတယ်။ ရွှေ
ကျောင်းကြီးဆိုတာလည်း ရှိသေးတယ်။ မီးအကြီးအကျယ်လောင်ခဲ့တဲ့နေရာက
ဦးကျားကြီးဝင်းတဲ့။ အဆိုတော်ဂျေမောင်မောင်ကိုလည်း မန္တလေးသားတွေက
“ဂျေကြီး” လို့ခေါ်ကြတယ်။ အရပ်ရှည်တဲ့သူကို အရှည်ကြီးလို့ ခေါ်ကြသလိုပေါ့။
အုပ်စုတခုထဲမှာ နာမည်တူတာ နှစ်ယောက်ရှိနေရင်လည်း တယောက်ကို ကြီး
ထည့်ပေးတတ်ကြတယ်။ ဆိုပါတော့ လှမောင်လေးနဲ့ လှမောင်ကြီး။ မြမြလေးနဲ့
မြမြကြီး။ မယားနှစ်ယောက်ယူထားရင်လည်း မယားကြီးနဲ့မယားငယ်တဲ့။ ကြီးဆို
တဲ့စကားကို အလွယ်တကူနဲ့ သုံးစွဲနေတဲ့အလေ့အထ မြန်မာတွေထဲမှာ စွဲနေတာ
သတိထားမိလို့ အခုလို ရေးလိုက်တာပါပဲ။ ဘာမှ အရေး “မကြီး”ပါဘူး။
အလွယ်တကူနဲ့ ကြီးရတာကိုပဲ ကြိုက်သပဆိုရင်လည်း လွတ်လွတ်လပ်လပ်ကြီး
ကြီးကြပါ။ လွတ်လပ်စွာကြီးပိုင်ခွင့် ရှိ မရှိတော့ မသိ။ သတိလေးထားပြီး ကြီးကြ
ရင်တော့ ပိုကောင်းမယ်ထင်တယ်။ “လူ့အခွင့်အရေးခေတ်” ဆိုတော့လည်း ကြီး
တဲ့အကြောင်းဝေဖန်မိတာ အပြစ်ဆိုပြီး ဆန္ဒတွေထပြကြမှာလည်း စိုးရသေးတယ်။
ကဲ...ကဲ..သိန်းဆုကြီးများလည်း ပေါက်ကြပါစေ။ ဒီမိုကရေစီကြီးလည်း ရကြပါစေ။
အာဏာရှင်ကြီးများနဲ့လည်း လွဲပါစေ။ ငြိမ်းချမ်းရေးကြီးလည်း ရပါကြစေ။ ကျန်းမာ
ရေးကြီးလည်း ကောင်းကြပါစေ။ စိတ်ကြီးများလည်း ချမ်းသာကြပါစေဗျား ။
(ရုပ်ပုံ ၊ ဂူဂလ်ကြီး)
4 comments:
အညာကလူတွေ ကြီး သုံးတာကတော.
မကွေးဘက်က မနက်ကြီး လို.သုံးတယ်
ညကြီးမင်းကြီးဆိုတာလည်း ရှိသေးတယ်။ မကွေးဘက်က စခဲ့တာလားမသိ။ ညကြီးနဲ့မင်းကြီးက ဘယ်လို ဆက်စပ်သလဲလည်း မသိ။ မြန်မာတွေက ကြီးဖို့ဆိုရင်တော့ “လာထား”ပဲ။
ဟားဟား ကြံကြံဖန်ဖန်ကြီးဗျာ
လူကြီး ရေးတဲ့ ပို့စ်ကြီးကို လာဖတ်သွားတယ်ဗျာ။
Post a Comment