Wednesday, January 18, 2012

အမျိုးသမီးရေးရာ (ကျန်းမာရေးကိစ္စ)




















သေချာအောင်လို့ ခေါင်းစဉ်မှာကတည်းက “ကျန်းမာရေးကိစ္စ” ဆိုပြီး
ပြူးနေအောင် တပ်ထားခဲ့ပါပြီ ။ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ဆိုင်
တဲ့ကိစ္စ တခုထဲကိုပဲ ဆွေးနွေးသွားမှာပါ ။ အမျိုးသမီးကျန်းမာရေး
အကြောင်း ဘယ်လောက်သိနေလို့ဆွေးနွေးချင်ရတာတုံးလို့ မေး
ချင်ကြလိမ့်မယ်။ သိပ်ပြီးသိလှတာလည်း မဟုတ်ပါဘူးလို့ပြောပါရ
စေ။

သိပ်မသိပဲနဲ့ ပြောရအောင် မင်းကဘာကောင်မို့လဲလို့ မေးကြတော့မယ်
မဟုတ်လား။ မေးမယ်ဆိုလည်း မေးသင့်ပါတယ်။ ကျန်းမာရေးကိစ္စဆို
တာက မသိပဲနဲ့ တတ်ယောင်ကား၊ ဆရာလိုလို၊ သမားလိုလိုနဲ့ပြောရင်
အန္တရယ်ရှိပါတယ်။ မသိရင် မပြောတာ အကောင်းဆုံးပါပဲ။ ဒါက ကျန်း
မာရေး ကိစ္စမှ မဟုတ်ပါဘူး။ ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေး ဘာကိစ္စ
မဆို ကိုယ်တကယ်မသိပဲ ၀င်မရွှီးသင့်ပါဘူး။ ကြုံတုန်းပြောရရင် ငါဒို့
ရွှေမြန်မာများ နေရာတကာ အတော်ရွှီးကြသကိုး။

ကျန်းမာရေးကိစ္စ ပြန်ဆက်ရရင်။ မသိပဲနဲ့မပြောနဲ့ အန္တရယ်ရှိတယ် ဆို
ပေမဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ မရှိတဲ့နေရာမှာ ကျန်းမာရေးနဲ့
ပတ်သက်ပြီး အခက်ကြုံပြီဆိုပါစို့။ အဲဒီပြဿနာကလည်း သေလောက်
အောင် အရေးမကြီးလှတဲ့ ပြဿနာမျိုးဆိုပါစို့။ ဆရာဝန်မရှိတဲ့နေရာမှာ
ဆရာဝန်ကို လိုက်ရှာနေမယ့်အစား ကြားဖူးနားဝနဲ့၊ ကိုယ့်အတွေ့အကြုံ
လေးနဲ့၊ ပတ်ဝန်းကျင်ကို အကူအညီတောင်း၊ အကြံအညဏ်တောင်း၊
စေတနာရှေ့ထားပြီး ကူညီကြရတာပဲ မဟုတ်လား။

အခုချိန်ထိ လိုရင်းကို မရောက်သေးလို့ ပြောချင်တာကို ဒိုင်းကနဲ ရေးချ
လိုက်ပါတော့မယ်။ အမျိုးသမီးတွေ ရာသီလာတာနဲ့ပတ်သက်ပြီး ရေးချင်
တာပါ။ အဲဒီတော့လည်း မေးကြလိမ့်ဦးမယ်။ အမျိုးသမီးတွေ ရာသီလာ
တာများ ဘာဆန်းလို့တုန်းဟဆိုပြီး။ မဆန်းဘူးဆိုတာ အမှန်ပါပဲ။ အဲဒါ
ကြောင့်လည်း “ဓမ္မတာ”လို့တောင် ပါဋိစကားနဲ့ တရားသဘောဆန်ဆန်
ခေါ်နေကြတာ မဟုတ်လား။ အဓိပ္ဗါယ်က ဖြစ်မြဲသောအစဉ်အလာ။ မိန်း
မ၏ ဥတုသွေး တဲ့။ မဆန်းပေမဲ့ အရေးကြီးတာမို့ ရေးပါတယ်။

ဓမ္မတာဆိုင်ရာအထူးကျွမ်းကျင်သူမို့ ဒီအကြောင်းကို ပြောမှာလားလို့
မေးစရာရှိပြန်ပါတယ်။ ဒါလည်း မဟုတ်ပါဘူး။ မကျွမ်းကျင်ပါဘူး။ ဒါပေမဲ့
ကိုယ်ချင်းစာပါတယ်။ အမျိုးသမီးတွေမှာ လစဉ်ပုံမှန်ကြုံနေရတဲ့ အခက်
အခဲပါ။ ဒီတချက်ထဲနဲ့တင် သူတို့ကို နားလည်စာနာသင့်ပါတယ်။ လိုအပ်
ရင် အကူအညီပေးသင့်ပါတယ်။ ပြောချင်တဲ့အကြောင်းအရာနား တဖြေး
ဖြေးနီးကပ်လာပါပြီ။

မြန်မာပြည်မှာ အခုခေတ်အမျိုးသမီးများ ဓမ္မတာအရာမှာ အရင်လူတွေ
ထက် ကံကောင်းကြပါတယ်။ ဓမ္မတာအသုံးအဆောင်တွေ အလွယ်တကူ
ရနိုင်ကြလို့ပါပဲ။ ပစ္စည်းအရေအသွေးလည်း တော်တော်ကောင်းလာပါပြီ။
အရင်ခေတ်ကာလတွေက ဘယ်လောက် အခက်ကြုံခဲ့ကြရသလဲဆိုတာ
ကိုယ်နဲ့နီးစပ်ရာ အမျိုးသမီးတွေကိုသာ မေးကြည့်ကြပါတော့။ ဒါပေမဲ့ မြို့
ပြနဲ့ မနီးတဲ့နယ်တွေမှာ၊ လမ်းပန်းအဆက်အသွယ် ခက်တဲ့နေရာတွေမှာ၊
မြို့ကြီးပြကြီးဆိုပေမဲ့ ငွေကြေးမတတ်နိုင်တဲ့သူတွေမှာ ဓမ္မတာအသုံး
အဆောင်တွေ အခုချိန်ထိ အခက်ကြုံနေရတုန်းပါပဲ ။

ဒီကိစ္စကြောင့် ကျန်းမာရေးထိခိုက်ရတဲ့ အမျိုးသမီးအရေအတွက် မြန်မာ
ပြည်မှာ မနည်းလှပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့ခေါင်းဆောင်
တဦးဖြစ်လာတော့မယ့် သဘောရှိနေလေတော့ သူ့ခေတ်သူ့အခါကျရင်
အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ပိုပြီးဂရုစိုက်လိမ့်မယ်လို့ မျှော်လင့်ရပါ
တယ်။

စာရေးသူတို့ဇနီးမောင်နှံကလည်း ဒီကိစ္စကို တတ်နိုင်သရွေ့ကူညီနေတာ
နှစ်အတော်ကြာပါပြီ။ မြန်မာပြည်မှာ အကျပ်အတည်းတွေက မျိုးစုံရှိနေတာပါ။
အမျိုးသမီးတွေရဲ့အဲဒီကိစ္စကိုလည်း အကျပ်အတည်းတခုလို့ နားလည်စာနာ
ပြီး ကူညီပါတယ်။ ဓမ္မတာအသုံးအဆောင်တွေကို နိုင်ငံခြားက လှမ်းပို့တာ
မဟုတ်ပါဘူး။ ပိုက်ဆံကိုပဲ ပို့တာပါ။ ဒီပိုက်ဆံကို တခြားမှာ လုံးဝမသုံးပဲ အဲဒီ
အသုံးအဆောင်တွေကိုပဲဝယ်ပြီး ကူညီဖို့ မြန်မာပြည်ကလူကို တာဝန်ပေးရပါ
တယ်။

သီလရှင်ကျောင်းတွေ။ ဆင်းရဲတဲ့ ရပ်ကွက်တွေ။ ပြည်သူ့ဆေးရုံတွေ။ စာ
သင်ကျောင်းတွေ။  ကျေးလက်ဒေသတွေ။ တိုင်းရင်းသားဒေသတွေ။ မူဆ
လင်၊ ခရစ်ယန်၊ ဟိန္ဒူ စတဲ့ဘာသာဝင် အမျိုးသမီးတွေလောကမှာ ဒီကိစ္စ 
အကူအညီတွေ လစဉ်လိုအပ်နေပါတယ်။ ကူညီရတာလည်း အရင်ကာလ
ထက် ပိုပြီးလွယ်ကူလာပါပြီ။ အရင်တုန်းက ပစ္စည်းကလည်း မကောင်း။ 
ရှားကလည်းရှား။ ကူညီပေးမယ့်လူတောင် အရင်က အတော်ရှာယူရပါတယ်။ 
ရွှေမြန်မာများက မလိုအပ်တဲ့နေရာတွေမှာ အရှက်အကြောက် ကြီးနေတတ်
ကြတုန်းပါ။ ထားပါတော့ ။

ပြည်ပရောက်မြန်မာတွေ နီးစပ်ရာစုဝေးပြီး မြန်မာပြည်ထဲက အကျပ်အတည်း
တွေကို တတ်စွမ်းသရွေ့ ကူညီနေကြတာကိုမြင်ရ၊ ကြားရတိုင်း ၀မ်းသာရ
ပါတယ်။ ဒီကိစ္စလေးကို အာရုံစိုက်မိပြီး ၀ိုင်းအကူညီပေးကြရင်လည်း ကောင်း
မှာပဲလို့ စဉ်းစားမိပါတယ်။ ဒီကိစ္စမျိုးကို အကူအညီပေးတာက မလိုအပ်ပဲချမ်း
သာနေတဲ့ ဘုန်းတော်ကြီးတွေကို လှူနေတာထက် လက်တွေ့ကျကျ အကျိုး
ထူးတယ်လို့ ယုံကြည်ပါတယ်။ ဘုရားသခင်တိုင်းကလည်း အလေးအနက်
သာဓုခေါ်ကြမယ့်ကိစ္စလို့ ထင်ပါတယ်။ အားလုံး ကျန်းမာကြပါစေ။

(ရုပ်ပုံ၊ ဂူဂလ်)

5 comments:

Ko Agga said...

အားပေးလျက်ပါ။

Anonymous said...

ပိုစ့်နဲ့ ဆက်စပ်လို့ ကြားဖူးတာလေး တစ်ခု ပြောပြချင်လို့ပါ။ ကျမတို့ အသိဦးလေး တစ်ယောက်က ဟိုးတုန်းက အမေရိကန်နိုင်ငံ က မြန်မာသံရုံးမှာ ၀န်ထမ်းတစ်ဦးပါ။ သူ့တာဝန်တွေထဲက ထမ်းဆောင်ရတာ တစ်ခုက ဦးနေ၀င်း မိန်းမ ဒေါ်ခင်မေသန်းအတွက် အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ လေယဉ်ကနေ တဆင့်ပို့ပေးရတာလည်းပါတယ်တဲ့။ အဲတုန်းကတော့ ဦးလေးက ရှက်တတ်လို့ ဘာပစ္စည်းမှန်း အပြင်က ကြည့်လို့မမြင်အောင် သေချာ ထုတ်ပိုး ပို့ပေးရပါတယ်တဲ့.....

Anonymous said...

ဒါဆိုရင် အမျိုးသမီးလစဉ်သုံးပစ္စည်း ချည်းပဲ‌ လှူလို့ မဖြစ်ပြန်ဘူး။အတွင်းခံပါ လှူရမယ်။ တကယ်ကြီးကိုပဲ တချို့ က မ၀တ်တတ်တာ (မ‌နေတတ်တာ‌ပေါ့),တချို့ ကျပြန်‌တော့ မ၀တ်ဖူးတာ...အမ် ိုးမ် ိုးပါပဲ။ကျန်းမာ‌ရေးဗဟုသုတ နည်းပါးတာလဲပါတာ‌ပေါ့။

Crystal said...

ထူးတဲ့ ကုသိုလ်ပဲ ဝမ်းမြောက်သွားပါကြောင်းးးး

Mg Han said...

ထူးခြားတဲ့ အလှူပဲဗျ..သာဓုခေါ်ပါတယ်