Tuesday, November 8, 2011

ဝိုင်ပုလင်းနှင့်အတူ ကြွရောက်ပါရန်





















ဘုရားသခင်ကို ယုံကြည်သူများ။ စည်းမဲ့ကမ်းမဲ့ လွတ်လပ်လိုသူများ။
နိုင်ငံရေးယောင်ယောင် ၊ ပညာတတ်ယောင်ယောင်၊ သတင်းသမား
ယောင်ယောင်၊ တက်ကြွလှုပ်ရှားသူယောင်ယောင်၊ သူတော်ကောင်း
ယောင်ယောင်၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်များ လာစရာ မလို။
သိပ်အေးတဲ့ဆောင်း ရောက်မလာခင် ပျော်ရွှင်စွာ အတူမူးကြဖို့။ ၀ိုင်
ပုလင်းနှင့်အတူ ကြွရောက်ပါရန် လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။

ကမ္ဘာအရပ်ရပ်ကလူများ သယ်ဆောင်လာသည့် ကမ္ဘာအရပ်ရပ်က ၀ိုင်
များကို သောက်ကြမည်။ နိုင်ငံတကာအကြောင်း ကြုံရာပြောကြမည်။
အိုးနင်းခွက်နင်း ကမ္ဘာကြီးအကြောင်း။ ဘန်ကောက်မြို့ထဲ ရေတွေ
အလည်အပါတ် ရောက်လာတဲ့အကြောင်း။ NLDနဲ့ ချိတ်ထမီဝတ်
အစိုးရ နပမ်းလုံးမယ့်အကြောင်း။ မိုဟာမက်အလီကို အလဲထိုးခဲ့သူ
ကင်ဆာလက်ချက်နဲ့ ကွယ်လွန်သွားတဲ့အကြောင်း။ လေဖြတ်သွားတဲ့
ယူရိုငွေအကြောင်း။ တရုတ်မတွေ ကြည့်ကောင်းလာတဲ့ အကြောင်း။

အရှိန်မသေနိုင်တဲ့ အာရပ်နွေဦး။ အလျှော့မပေးသေးတဲ့ ၉၉ ရာခိုင်နှုန်း။
ပန်းသီးရဲ့ အနာဂတ်။ မေမြို့က မက်မန်းဝိုင်။ ဒေါ်စုရုပ်ရှင် အချစ်ဇတ်
လမ်း။ အူကြောင်ကြောင် ကြားဖြတ်ရွေးကောက်ပွဲ။ ရင်ခုန်ဖွယ် ကဒါဖီ
ကျဆုံးခန်း။ အလုပ်မဖြစ်တဲ့ လွှတ်တော်အမတ်များ။ ချောက်လှန့်နေတဲ့
ရာသီဥတုဖေါက်ပြန်မှု။ ဖေါင်းကားလာနေတဲ့ တရုတ်နဂါး။ မျက်စိလည်
နေတဲ့ ပညာရေးစံနစ်။ ပျောက်ဆုံးနေတဲ့ သဘာဝပတ်ဝန်းကျင်။ လူစည်
ကားတဲ့ လိင်တူမင်္ဂလာပွဲများ။

သူယူလာတဲ့ဝိုင် ကိုယ်သောက်။ ကိုယ်သယ်လာတဲ့ဝိုင် သူငုံ။ ကိုယ့်ဝိုင်
အကြောင်း ကိုယ်မိတ်ဆက်။ ဟိုအမြည်းကောက်စား။ ဒီအမြည်းကောက်
ဝါး။ အိမ်သာတက်သူ တက်။ အပေါ့သွားသူ သွား။ ၀ိုင်ဖြူ၊ ၀ိုင်နီ၊ ၀ိုင်အကြည်၊
ဝိုင်အနောက်။ ၀ိုင်ရောင်စုံတန်ခိုးတော်နဲ့ မျက်နှာတွေနီသူ နီ။ အသံတွေ
ကျယ်သူ ကျယ်။ အရယ်သန်သူ သန်။ စီးကရက်ဖွါသူ ဖွါ။ ဆေးပြင်းလိပ်ဖွါ
သူ ဖွါ။ ဆေးခြောက်ရှူသူ ရှူ။ အချင်းချင်းနောက်ပြောင် ကျီစယ်။ ၀ိုင်ပုလင်း
ဖေါက်သံ။ ၀ိုင်ခွက်ချင်း တိုက်သံ။ သီချင်းဆိုသံ။ တီးတိုးပြောသံ။ မျက်စောင်း
ထိုးသံ။ ပြုံးပြသံ။ ပုခုန်းတွန့်သံ။ လက်မထောင်သံ။ နှုတ်ခမ်းစူသံ။ ချွဲသံ နွဲ့
သံ။ ဟိုအသံ ဒီအသံတွေနဲ့ ပျော်ရွှင်ဖွယ် ၀ိုင်ပွဲ။ ဆူဆူညံညံလေးနဲ့ သိမ်းပါ့
မယ်။ ထူးခြားမှုတွေများတဲ့ ဒီနှစ်ကို နှုတ်ဆက်ဖို့။ ဒီဇင်ဘာ မရောက်ခင် ၀ိုင်
ပုလင်းတွေကို ပြင်ထားကြပါလို့။ မိတ်ဆွေများကို ဖိတ်ကြားလိုက်ပါတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

5 comments:

Hmoo said...

လာမယ်လာမယ်၊မေမြို့မက်မန်းဝိုင်အကြောင်း
လာဆွေးနွေးမယ်

blueskyforest said...

မူးဖို့ဆို ဆရာမှုး မြူးမယ်မှန်း သိနှင့်နေသား ။ မောင်မောင်မှုး မူးမှာမို့ မြူးမယ် ။ မမ မောင်မောင် မိမိ။ မောင်မေးမယ်မေ။ မမမိုးမျှော်။ မတွေ မြူးတယ်ဗျာ။

သက်ဝေ said...

ဝိုင်ဖြူ တပုလင်းနဲ့  ကင်မရာတလုံးနဲ့  ရောက်လာခဲ့တယ်...
မူးတဲ့သူတွေကို ရိုက်ပြီး ဖဘပေါ်တင်ပစ်မယ်.. ဟင်း ဟင်း ဟင်း

blueskyforest said...

မီဒီယာသမားများ တယ်ကြောက်ရသကိုး ၀ိုင်တောင် ခိုးသောက်ရမယ့် ဘ၀ ။ ဖဘရဲ့ဘေးထွက်ဆိုးကျိုးများ...။

ABC said...

For your kind reference;

http://health.ngoinmyanmar.org/search/label/Alcohol

Cheer & regards,

ABC