ဝိုက်မယ်
ကျစ်မယ်
ရစ်မယ် ။
လှည့်မယ်
ထုမယ်
ချည်မယ်
ချုပ်မယ်
လိမ်မယ် ။
ဖဲ့မယ်
ဖွမယ်
ဖိမယ်
ဖို့မယ် ။
ပေးလိုက်
ကြွေးလိုက်
ထောင်လိုက်
ပြီးရင် ရိတ်လိုက် ။
ကြိတ်လိုက်
နှိပ်လိုက်
ညှိလိုက်
ပြီးရင် စိလိုက် ။
တိုင်းပြည်မှာ
သာသနာရောင်ဝါတွေ ထွန်းတယ်လည်းဆိုသေး
ကလိန်ကကျစ်တွေလည်းပေါသေး
ရင်လေးစရာ ။
(ရုပ်ပုံ ၊ ဂူဂလ်)
1 comment:
အခုလို တစုတစည်းထဲ ရေးလိုက်တော့ အဲလို စကားလုံးတွေ တော်တော် များပါလားလို့ သတိထားမိသွားတယ်...
ဘာတတ်နိုင်မှာလဲ... တကယ် ရင်လေးစရာပါ...
Post a Comment