Sunday, February 7, 2010

နှင်းပင်










နွေဦးမပေါက်ခင်
နှင်းပင်တွေပေါက်တယ် ။

ခေါ်လာသူ မုန်တိုင်း
အဖြူရောင်တွေ သွန်ပြီး
ပြန်ထွက်သွား ။

နားအေးပါးအေးကာလ
မျက်စိတော့ကျိန်းတယ် ။

(ဓါတ်ပုံ ၊ ငါ့ဟာ)

3 comments:

pandora said...

ကျနော်ရေးခဲ့တဲ့ ကဗျာလေး သတိရသွားတယ်။

http://pandora-and-pandora.blogspot.com/2007/06/winter.html

သက်ဝေ said...

နှင်းထက် ကဗျာကို ကြိုက်တယ်...
ကဗျာထက် ဓါတ်ပုံကို ပိုကြိုက်တယ်...
ဓါတ်ပုံထက် ဓါတ်ပုံ - ငါ့ဟာ ဆိုတာ အကြိုက်ဆုံး...

နောက်တာ မဟုတ်ပါဘူး... ဓါတ်ပုံက တကယ်ကြီးကို မိုက်တာပါ... ဒါပေမယ့် ပုံက နဲနဲတော့သေးနေတယ်... ခပ်ကြီးကြီး မြင်ရအောင် တင်ပေးပါလား ကိုယ့်ဆရာရယ်...း))

သက်ဝေ said...

ဟွန့်... လက်ဖဝါးနဲ့ ဖိပြီး ကြီးအောင်ချဲ့ကြည့်တာလောက်တော့ တတ်ပါတယ်လေ...
ဒါပေမယ့် မူရင်း စာမျက်နှာမှာတင် ပုံကြီးကြီးမြင်နေရရင် ကဗျာလေးကို ခံစားရတာ ပိုများမိုက်သွားမလားလို့ တွေးမိလို့ပါဗျ...း))

ကိုဘလူးစကိုင်း နဲ့ ကိုဖောရက်စ် နှင်းတောထဲမှာ ကျန်းမာပျော်ရွှင်စေ...း))