Monday, February 8, 2010

တောပျော်












ဆူးတွေပေါတဲ့တော ဆိုတော့
ဆူးတော ပေါ့ကွာ ။

သတ္တိရှိပါတယ် ဆိုသူများ
ရိုးသားသူပါလို့ ကြွားသူများ
ငါကွ ဆိုသူများ
ဟိုဘက်က ကြွပါ ။

ဒို့ဆီမှာ
သူရဲကောင်းတွေကလည်း သိပ်များ
သံဃာတော်တွေကလည်း သိပ်များ
နတ်ကတော်
စစ်သည်တော်
တော်လှန်ရေးသမား
သူတောင်းစား
တရားသမားနဲ့
လူလိမ်တွေကလည်း သိပ်များ ။

အကုန်လုံး
ဟိုဘက်ကသာ ကြွပေးကြပါခင်ဗျား ။

လူလိမ်တွေဆိုတော့လည်း
အားလုံးက ခပ်တည်တည် ။

ဟိတ်
ဟိုနားက ကဗျာဆရာ
ပေါက်ကွဲပြမနေနဲ့
အရူးမှန်းသိအောင်
အမောက်ထောင်မနေနဲ့
ဒီမှာက
နင်လည်း ကဗျာဆရာ
ငါလည်း ကဗျာဆရာပဲ ။


နိုင်ငံခြားပြန်ကိုယ်တော်များ
ဟိုဘက်က ကြွပါဘုရား
နိုင်ငံခြားထွက်မယ့် ကိုယ်တော်များ
သိပ်မတိုးကြပါနဲ့ ဘုရား ။

ဟဲ့
ဒီခေတ်က
နိုင်ငံခြားပြန်ခေတ်
နင်လည်း Illegl
ငါလည်း Illegal
ဟိုစူပါစတားလည်း Illegal ပဲ ။

စီးပွါးရေးခေတ်ဟဲ့
အရောင်းစွံအောင်သာလုပ်
သိက္ခာက
တပိသာဘယ်လောက်မို့တုံး ။

လွှတ်လိုက်
လွှတ်လိုက်
နင့်သမီးကို အရောင်းစွံအောင်
ဟိုဘက်ကမ်းကို လွှတ်လိုက် ။

ပညာခေတ်ဟဲ့ ပညာခေတ်
ပညာရှိရင်ပြီးရော
စိတ်ကောင်းရှိဖို့မလို
ဝိတ်ကောင်းကောင်းနဲ့
ဟိတ်ကောင်းကောင်းရှိဖို့လိုတယ် ။

ဆူးတွေပေါတဲ့တောမှာ
မျောရင်လည်းမျော
မောရင်လည်းမော
ငါတယောက်တည်းပဲ
နေခဲ့မယ် ။

အကုန်လုံး
ဟိုဘက်ကသာ ကြွပေးကြပါခင်ဗျား ။

(ဓါတ်ပုံ ၊ ဂူဂလ် )

1 comment:

သက်ဝေ said...

ကြွဆိုလဲ အတူတူပဲ ဟိုဘက်ကသာ ကြွကြတာပေါ့....

ဆူးတောမှာ တယောက်ထဲတော့ မနေခဲ့ပါနဲ့ဗျာ...
ပျင်းစရာကြီး...း))