Friday, February 12, 2010

မြို့ ဖြူကြီး









နှင်းတွေနဲ့
လင်းနေတဲ့ညတွေ
တမြို့ လုံး
နှင်းပုံထဲမှာ အိပ်ရ ။

ခြောက်ခြားဖွယ်နှင်းတွေ
နေ့ရော ညရော ကျ
ငေးရင်း မောနေရတဲ့မြို့  ။

အပြင်မထွက်ကြနဲ့
သတိပေးသံတွေ
ညံနေတဲ့မြို့  ။

ကလေးတွေက ပျော်
နှင်းနဲ့ဆော့ရလို့ ။

လူကြီးတွေ
နှင်းကော်ရလို့
စိတ်ပျက်
နှင်းပိလို့
အိမ်ပြိုမှာလည်းစိုး ။

လူမည်းတွေများတဲ့မြို့ 
အခုတော့လည်း
နှင်းတောကြီးထဲ
ဖြူလို့ ဖွေးလို့ ။

(ဓါတ်ပုံ ၊ ငါ့ဟာပဲ)

1 comment:

သက်ဝေ said...

အင်း... ဟုတ်တယ်နော်...
ဒီကသာ နှင်းတွေကို လှမ်းပြီး ထိကြည့်ချင်ရတာနဲ့ နှင်းနဲ့ ဆော့ချင်ရတာနဲ့ တကယ်ကျတော့ နှင်းတွေ သိပ်များတော့လဲ ဒုက္ခရောက်တာပဲပေါ့...
တနေ့ကပဲ စိတ်ကူးတွေယဉ်ပြီး နှင်းအကြောင်း ကဗျာတပုဒ်တောင် ရေးမိသေး... ဟီဟိ..

နှင်းတွေကြားမှာ ကျန်းမာ ရွှင်လန်းပါစေ...း))

ဓါတ်ပုံ - ငါ့ဟာပဲ တဲ့... ခွိခွိ...း))