Sunday, January 31, 2010

ပဲနီလေးဟင်းချို












ချက်ပြုတ်ခြင်းဟာ အနုပညာ
ဟင်းမကောင်းရင် အနုပညာမမြောက်
ဟင်းချက်ကောင်းသူသာ အနုပညာရှင်

ပဲနီလေးဟင်းချို
ငါသိပ်ကြိုက်
လူမျိုးစုံအောင် ချက်ကြွေးဖူး
အားလုံးကလည်း ကြိုက်
လွယ်လွယ်ချက်
မြန်မြန်ကျက်
နည်းတပါတည်း ပေးလိုက်မယ်

(တကယ်တော့
လူတိုင်းနည်းပါး သိပြီးသား
ဟား…ဟား..)

လာပြီ…
"တယောက်စာ အတွက်"
ပဲနီလေး လက်တဆုပ်
အမှိုက်ဖယ်
ရေဆေး
ခွက်တခုထဲ စိမ်ထားလိုက်

ကြက်သွန်နီ
(တင်းနစ်ဘောလုံး တ၀က်စာ)
ပါးပါးလှီး

ကြက်သွန်ဖြူ
(လောက်စာလုံး တလုံးစာ)
ဓါးပြားရိုက်
နုတ်နုတ်စင်း

ဆီ
ထမင်းစားဇွန်း ၂ဇွန်း
အိုးထဲထည့်

ပူလာရင်
နနွင်းမှုန့်ထည့်
(နားဖါကလော် ၂ခုစာ)

ငြုပ်သီးခြောက်
(တတောင့်)
ထည့်ကြော်
ပြီးရင် ဖယ်ထားလိုက် ။

ကြက်သွန်တွေနဲ့ ဆီကို သတ်
သေပြီဆိုရင်
ပဲတွေထည့်
မွှေပစ်

ဖယ်ထားတဲ့ ငြုတ်သီးကြော်
ပြန်ထည့်
ရေထည့်
ဆားထည့်
ဆူအောင်ထား

မြည်းကြည့်
ပဲကိုနူးအောင်ပြုတ်
"ဟဲ့"
(ဝေကျမယ် သတိထား)

ပြီးရင် ပြီးသွားပြီ ။

(အပိုစကား)

ဒီဟင်းက ကုလားဟင်း
ဘာလချောင်ကြော်နဲ့ စားလို့ကောင်း
ဘာလချောင်က မလေးရှား
မြိန်ရာဟင်းကောင်းဝါဒီများ
လူမျိုးစွဲကို လျှော့

ဒီဟင်းက
အသားဆီပြန်ဟင်းနဲ့လည်း စားလို့ကောင်း
နေမကောင်းသူအတွက် အားလည်းရှိ
များများစားရင် အီးပေါက်တယ်
ပျော်ချင်သူတွေ များများစား ။

(ဓါတ်ပုံ ၊ ဂူဂလ်)

4 comments:

သက်ဝေ said...

ဘုရားရေ...
ချက်နည်းပြုတ်နည်းကို သူမတူအောင် Hip Hop နဲ့ present လုပ်ထားတာပါလား..
စိုင်းစိုင်းပဲ ထိုင်ငိုမလား...
ဦးကြီးပုပဲ လက်မှိုင်ချရမလားမသိ...
တခုခုတော့ တခုခုပဲ...
(အိမ်မှာ ဟင်းချက်ရလို့ နာကျည်းနေတာလားဟင်...)

pandora said...

တစ်ယောက်စာအတွက် ဆိုတာကို ".." တွေနဲ့ highlight လုပ်ထားတယ်ပေါ့.. ဟင်းဟင်း :)

စန္ဒကူး said...

ကြိုက်သွားပီ...
rap လိုဆိုပီးဖတ်သွားတယ်... hahahah...
တင်းနစ်ဘောလုံးတစ်ဝက်စာဆိုတော့
ground tennis လား... table tennis ဘောလုံးလား...း)

ကိုအာချောင် said...

ဟား ဟား ဟား....
"ပဲနီလေးဟင်းချို" တောင် ဒီလိုရေးတယ်...
ဆိုတော့...
တကယ်ပါဗျာ..." "လတ်ကုန်ပဲ"(မော်လမြိုင်စကား)
"ဆူးပုတ်ရွက်နဲ့ ပဲကြီးကြာဇံ ဟင်းချို"....
ဆို ရင် ကော .....ဗျာ :) :)