Thursday, January 14, 2010

ဟေတီ








ညနေခင်း
အမှတ်မထင်
သိမ့်ကနဲ
ငြိမ့်ခနဲ
တကျွန်းလုံးတုန် ။

အပြိုပြိုအလဲလဲ
ဝုန်းဒိုင်းကျဲ
ကမ္ဘာပျက်သံ
ကျွန်းလုံးညံ ။

မြို့ တော် ကောင်းကင်
မြူတွေဆိုင်းသလို လှပ
ဖုန်မှုန့်တွေ...
ဖုန်မှုန့်တွေ....
နောက်ဆုံး ထွက်သက်တွေ
မြို့ ကောင်းကင်မှာ
ကပ်လို့
တွယ်လို့ ။

ဟေတီ
ကမ္ဘာက မေ့ထားလို့
သတိထားမိအောင်
ဒုက္ခရောက်ပြလိုက်တာလား။

ဟေတီ
နင့်အကြောင်း
အများသိအောင် ငါပြောခဲ့ရ
နင့်ဒုက္ခအကြောင်း
ကွက်ကွက်ကွင်းကွင်း ငါပြောခဲ့ရ။

တိုက်ပြိုအောက်ထဲ ပိနေသူလို
ငါ အသက်ရှုကျပ်ခဲ့ရ။

ငရဲပြည်ကို မြင်လိုက်ရသူလို
ငါ အထိတ်တလန့်ဖြစ်ခဲ့ရ။

ဘာအပြစ်မှ မရှိသူ
ဟေတီ
နင့်အတွက်လာတဲ့ ဒုက္ခတရား
ကြီးမားရက်စက်လွန်းလှတယ်။


(ဓါတ်ပုံ၊ AP)

No comments: