4 years ago
Saturday, October 27, 2007
တိုင်းပြည်ပျက်တုန်း ကျွန်တော် မအားပါခင်ဗျား
တိုင်းပြည်ပျက်တာ ကျွန်တော်သိပါတယ်။
ဒီအကြောင်း
ရေးချင်နေတာတွေက အများကြီးပါ
ရေးစရာတွေကလည်း အများကြီးပါ။
လောလောဆယ်
သူများရေးတာတွေသာ ရှာဖတ်ကြပါတော့။
တိုင်းပြည်ပျက်တဲ့အကြောင်း
ဖတ်စရာတွေလည်း အတော်များပါတယ်။
အရေးဟဲ့၊ အကြောင်းဟဲ့ဆို
ကျွန်တော်က မအားဘူးဗျာ။
စိတ်ကူးနဲ့တော့
နေပြည်တော်ဆိုတဲ့ အရပ်ကို
မစ်ဇိုင်းဒုးံကျည်နဲ့ ခဏခဏ သွားသွားပစ်နေပါတယ်။
အချိန်ရမှပဲ
မြန်မာစစ်တပ် မကောင်းကြောင်း
တစ်တစ်ခွခွ ရေးပါဦးမယ်။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ
သံဃာတော်တွေ မော်ကွန်းဝင်သွားပါပြီ။
(ရုပ်ပုံ၊ ဂူဂလ်)
Monday, September 17, 2007
လမ်းလျှောက်ဝါဒ
နိုင်ငံတော်အသစ်ဆီ မရောက်ရင်နေ
နိုင်ငံတကာကဆုတွေ မရရင်နေ
ရေဒီယိုသတင်းမှာ မပါရင်နေ
အထိမ်းအမှတ်နေ့တွေ မဖြစ်ရင်လည်းနေ
မကျေနပ်ချက်တွေ ပြေလျှော့ဖို့အတွက်
ကျွန်တော်တို့ လမ်းထွက်လျှောက်ကြမယ်
တခြားသူတွေပါ လမ်းထွက်လျှောက်ကြဖို့
ကျွန်တော်တို့ လမ်းထွက်လျှောက်ကြမယ် ။
ဘာကိုမှ မတောင်းဆိုဘူး
ဘာကိုမှ မကြွေးကြော်ဘူး
ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ဘူး
မကျေနပ်လို့ လမ်းထွက်လျှောက်တာ
မကျေနပ်ရင် လမ်းထွက်လျှောက်ပေါ့ ။
အုပ်ချုပ်သူတွေက
လမ်းလျှောက်တာကို မကြိုက်ဘူးတဲ့
ဒါဆို ကျွန်တော်တို့ လမ်းထွက်လျှောက်ကြမယ်။
ကျွန်တော်တို့မှာက
ထိမ်းချုပ်လို့ မရနိုင်တော့တဲ့
မကျေနပ်ချက်တွေ ရှိနေတယ်
ဖြေရှင်းလို့ မရနိုင်တော့တဲ့
မပြေလည်မှုတွေ ရှိနေတယ်
သည်းခံလို့ မဖြစ်နိုင်တော့တဲ့
မွန်းကျပ်မှုတွေ ရှိနေတယ်
နောက်တကြိမ်ဆိုတာကို လက်မခံနိုင်တော့တဲ့
ခါးသီးမှုတွေ ရှိနေတယ်
နာကျင်မှုတွေ ရှိတယ်
ကျွန်တော်တို့ လမ်းထွက်လျှောက်မှဖြစ်တော့မယ်
ကဲ
ကျွန်တော်တို့ လမ်းထွက်လျှောက်ကြမယ် ။
(ရုပ်ပုံ၊ ဂူဂလ်)
Saturday, August 25, 2007
လက်စွဲတော်ဆရာပု ချီးမွန်းခဏ်း
ႊြူူူူ
အေပၚကဓါတ္ပံုကိုၾကည့္ပါ။ သူဘယ္သူလဲဆိုတာသိၾကပါသလား။ မသိရင်လည်း ကိစ္စမရှိပါဘူး။ ခဏနေရင် သိရမှာပါ။ အသားကဖြူဖြူ၊ မျက်နှာ ပေါ်ပေါ်၊ ထောင် ထောင် မောင်းမောင်း၊ တိုက်ပုံအနက်နဲ့ဆိုတော့ ရှေ့နေတယောက်များဖြစ်လေ မလား။ ကျောင်းအုပ်ဆရာကြီးလား။ ဘိုးမင်းခေါင်တော့ မဟုတ်လောက်ဘူး။
တကယ်တော့ ဒီပုဂ္ဂိုလ်က နိုင်ငံကျော်ပုဂ္ဂိုလ် တယောက်ခင်ဗျ။ နိုင်ငံကျော်စာ ရေးဆရာကြီး တယောက်ပါ။ အရသာအရှိဆုံး စာအုပ်ကိုတအုပ်တည်းရေးပြီး အနိုင်နဲ့ပိုင်းသွားခဲ့တဲ့စာရေးဆရာကြီးပေါ့။ သူ့နာမည်ကတော့ ဦးပုခင်ဗျ။ ငယ်နာမည်မောင်ပုဖြစ်မှာပေါ့။ ကလောင်နာမည်က ဦးကြီးပုတဲ့။ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်တို့ နယ်ကပါ။ ဟင်္သာတခရိုင် မဲဇလီကုန်းမြို့ ၊ စပါးပွဲစားကြီးဦးထွန်းညိမ်းနဲ့ ဒေါ် မြသီးတို့ရဲ့  အငယ်ဆုံးသားပါတဲ့။ သူ့မိဘများ နာမည်ကျတော့ အဟုတ်ခင်ဗျ။ ဘယ့်နှယ်ကြောင့် နိုင်ငံကျော်မယ့် သားထွေး လေးကိုမှ မောင်ပုလို့မှည့်ခဲ့ရတယ်မသိ။
အရင်ကာလက ကျွန်တော်တို့ မြန်မာများ သားသမီးတွေကို နာမည်ပေးတဲ့အခါ အလွယ်တကူပဲ စဉ်းစားပြီးပေး လိုက်ကြပုံရပါတယ်။ အလွယ်တကူဆိုပေမယ့် ဖြစ်သလို ကြုံရာပေးတာမျိုးတော့ ဟုတ်မယ်မထင်ပါဘူး။ မြန်မာ တွေက ဗေဒင်ကိန်းဂဏန်းက တော်တော်ယုံကြတယ်မဟုတ်လား။ အနည်းဆုံး နေ့နဲ့ နာမ်တော့ ကိုက်အောင် လုပ်ကြပါလိမ့်မယ်။ ဒါပေမယ့်တချို့  နာမည်တွေက နေ့ နာမ်နဲ့ ကိုက်ရင်ပြီးရောဆိုပြီး အပျော်သဘော၊ ချစ်စနိုးနဲ့ နာမည်ပေးတတ်ကြ တဲ့ကိစ္စက ကြီးလာတဲ့အခါ သားသမီးက ကိုယ့်နာမည်ကို စိတ်ပျက်ရတာမျိုးတွေ ရှိပါတယ်။ ဥပမာမောင်လှတို့၊ မမြတို့ဆိုတာက မဆိုးသေးဘူး။ အသားမဲတဲ့ကလေးကို မောင်မဲ၊ ဖြူတဲ့သူကိုမောင်ဖြူ၊ မညို။ ဒီထက်ဆိုးတာက တုတ်ကြီး၊ အောင်ဘု၊ စိန်ကုလား၊ မှတ်ကြီးတို့လို။ ကုလားမ၊ ညိုတုတ်၊ မယ်ပိန်တို့ ဆိုတာတွေက ငယ်စဉ်အခါကသိပ်ပြီး ပြဿနာမရှိပေမယ့် ကြီးလာတဲ့အခါ တော်တော်ပြဿနာတက်ကြပါတယ်။ ရာထူးကြီးတဲ့သူ၊ ရပ်ကျော်နယ်ကျော်နာမည်ကြီး တဲ့သူဖြစ်လာရင် ငယ်နာမည်ကဒုက္ခပေးပါရော။ အခုခေတ် များကျတော့လည်း နာမည်ပေးတတ်လိုက်ကြတာ လိုတာထက်ပိုပြီး ဂရုစိုက်လွန်းနေကြ ပြန်ပါတယ်။ ထားပါတော့။ ဦးကြီးပုအကြောင်းဆက်ရအောင်။
ဦးကြီးပုရေးတဲ့ ချက်နည်းပြုတ်နည်း၅၀၀ဆိုတာ မြန်မာပြည်မှာ အရောင်းရဆုံး စာရင်းဝင် နိုင်ငံကျော်စာအုပ် တအုပ်ပါ။ မြန်မာမိသားစုအများစုရဲ့  လက်စွဲစာအုပ်ပေါ့။ မင်္ဂလာဆောင်တွေမှာ လက်ဖွဲ့ရင်လည်း သူ့စာအုပ်ကို ဖွဲ့ကြတာများပါတယ်။
ဦးကြီးပု ဘယ်နှစ်ခုနှစ်မှာမွေးသလဲ။ ဘယ်တုံးကကွယ်လွန်သလဲ။ သက်ရှိထင်ရှားပုဂ္ဂိုလ်လား။ ဘာမှမသိရပါ။ ၁၉၃၄-၃၅ခုနှစ် အင်္ဂလိပ်-မြန်မာဆယ်တန်းစာမေးပွဲကို ဟင်္သာတမြို့  အစိုးရအထက်တန်းကျောင်းကနေ (က) အဆင့်နဲ့ အောင်ခဲ့တဲ့သူ။ (အချဉ်တော့မဟုတ်ပါ) နောက်ပြီး မဲဇလီကုန်းမြို့ ၊ နေရှင်နယ် အမျိုးသားကျောင်း မှာလည်း စေတနာ့ဝန်ထမ်းကျောင်းဆရာ လုပ်ခဲ့ဖူးတဲ့သူ။ အမျိုးသားရေးစိတ်ဓါတ်နဲ့ စာဖတ်အသင်း၊ ဘောလုံး အသင်း၊ မီးသတ်အသင်း၊ သံဃာ့ဒါနဆွမ်းလောင်းအသင်းတွေမှာလည်း လူအား၊ ငွေအား နဲ့ ဆောင်ရွက်ခဲ့တဲ့ သူဖြစ်လို့ ဦးကြီးပုဟာ လူချစ်လူခင်ပေါများတဲ့သူ တယောက်ပါတဲ့။ ဒါတင်ဘယ်ကလိမ့်မတုံး၊ မီးရထားဌာနမှာ နှစ်ပေါင်းသုံးဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး မီးရထားရုံးအုပ်၊ စာရေးကြီးဘ၀နဲ့ အငြိမ်းစားယူခဲ့သူဆိုပဲ။
မြန်မာပြည်ကထင်ရှားတဲ့ စာဖိုမှူးတယောက်ရဲ့ ဘ၀ကို ကျွန်တော်တို့ ဒီလောက်ပဲသိနိုင်ခဲ့တယ်။ ၁၉၉၄ခုနှစ်က ပြန်ြပီးပုံနှိပ်တဲ့ ဦးကြီးပုရဲ့  စာအုပ်က ဒဿမအကြိမ်လို့ရေးထားတယ်။ အဲဒီစာအုပ်မှာပဲ သူ့ဘ၀အကြောင်း အတို အထွာပါလာတာ။ ပထမဆုံးအကြိမ်ထုတ်ဝေတာ ဘယ်တုံးကလည်းဆိုတာ မသိရပါ။ နိုင်ငံကျော်ပုဂ္ဂိုလ် တယောက်ရဲ့ အကြောင်း ကျွန်တော်တို့ ဒီထက်ပိုပြီးသိသင့်တယ်။
အနောက်တိုင်းမှာတော့ ချက်တာ၊ ပြုတ်တာကို အနုပညာလို့ သတ်မှတ်ပါတယ်။ စားဖိုမှူးဆိုတာ အနုပညာရှင် တပါးပါပဲ။ (ဆက်ပါဦးမယ်)
အပေါ်ကဓါတ်ပုံကိုကြည့်ပါ။ သူဘယ်သူလဲဆိုတာသိကြပါသလား။ မသိရင်လည်း ကိစ္စမရှိပါဘူး။ ခဏနေရင် သိရမှာပါ။ အသားကဖြူဖြူ၊ မျက်နှာ ပေါ်ပေါ်၊ ထောင် ထောင် မောင်းမောင်း၊ တိုက်ပုံအနက်နဲ့ဆိုတော့ ရှေ့နေတယောက်များဖြစ်လေ မလား။ ကျောင်းအုပ်ဆရာကြီးလား။ ဘိုးမင်းခေါင်တော့ မဟုတ်လောက်ဘူး။
တကယ်တော့ ဒီပုဂ္ဂိုလ်က နိုင်ငံကျော်ပုဂ္ဂိုလ် တယောက်ခင်ဗျ။ နိုင်ငံကျော်စာ ရေးဆရာကြီး တယောက်ပါ။ အရသာအရှိဆုံး စာအုပ်ကိုတအုပ်တည်းရေးပြီး အနိုင်နဲ့ပိုင်းသွားခဲ့တဲ့စာရေးဆရာကြီးပေါ့။ သူ့နာမည်ကတော့ ဦးပုခင်ဗျ။ ငယ်နာမည်မောင်ပုဖြစ်မှာပေါ့။ ကလောင်နာမည်က ဦးကြီးပုတဲ့။ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်တို့ နယ်ကပါ။ ဟင်္သာတခရိုင် မဲဇလီကုန်းမြို့ ၊ စပါးပွဲစားကြီးဦးထွန်းညိမ်းနဲ့ ဒေါ် မြသီးတို့ရဲ့  အငယ်ဆုံးသားပါတဲ့။ သူ့မိဘများ နာမည်ကျတော့ အဟုတ်ခင်ဗျ။ ဘယ့်နှယ်ကြောင့် နိုင်ငံကျော်မယ့် သားထွေး လေးကိုမှ မောင်ပုလို့မှည့်ခဲ့ရတယ်မသိ။
အရင်ကာလက ကျွန်တော်တို့ မြန်မာများ သားသမီးတွေကို နာမည်ပေးတဲ့အခါ အလွယ်တကူပဲ စဉ်းစားပြီးပေး လိုက်ကြပုံရပါတယ်။ အလွယ်တကူဆိုပေမယ့် ဖြစ်သလို ကြုံရာပေးတာမျိုးတော့ ဟုတ်မယ်မထင်ပါဘူး။ မြန်မာ တွေက ဗေဒင်ကိန်းဂဏန်းက တော်တော်ယုံကြတယ်မဟုတ်လား။ အနည်းဆုံး နေ့နဲ့ နာမ်တော့ ကိုက်အောင် လုပ်ကြပါလိမ့်မယ်။ ဒါပေမယ့်တချို့  နာမည်တွေက နေ့ နာမ်နဲ့ ကိုက်ရင်ပြီးရောဆိုပြီး အပျော်သဘော၊ ချစ်စနိုးနဲ့ နာမည်ပေးတတ်ကြ တဲ့ကိစ္စက ကြီးလာတဲ့အခါ သားသမီးက ကိုယ့်နာမည်ကို စိတ်ပျက်ရတာမျိုးတွေ ရှိပါတယ်။ ဥပမာမောင်လှတို့၊ မမြတို့ဆိုတာက မဆိုးသေးဘူး။ အသားမဲတဲ့ကလေးကို မောင်မဲ၊ ဖြူတဲ့သူကိုမောင်ဖြူ၊ မညို။ ဒီထက်ဆိုးတာက တုတ်ကြီး၊ အောင်ဘု၊ စိန်ကုလား၊ မှတ်ကြီးတို့လို။ ကုလားမ၊ ညိုတုတ်၊ မယ်ပိန်တို့ ဆိုတာတွေက ငယ်စဉ်အခါကသိပ်ပြီး ပြဿနာမရှိပေမယ့် ကြီးလာတဲ့အခါ တော်တော်ပြဿနာတက်ကြပါတယ်။ ရာထူးကြီးတဲ့သူ၊ ရပ်ကျော်နယ်ကျော်နာမည်ကြီး တဲ့သူဖြစ်လာရင် ငယ်နာမည်ကဒုက္ခပေးပါရော။ အခုခေတ် များကျတော့လည်း နာမည်ပေးတတ်လိုက်ကြတာ လိုတာထက်ပိုပြီး ဂရုစိုက်လွန်းနေကြ ပြန်ပါတယ်။ ထားပါတော့။ ဦးကြီးပုအကြောင်းဆက်ရအောင်။
ဦးကြီးပုရေးတဲ့ ချက်နည်းပြုတ်နည်း၅၀၀ဆိုတာ မြန်မာပြည်မှာ အရောင်းရဆုံး စာရင်းဝင် နိုင်ငံကျော်စာအုပ် တအုပ်ပါ။ မြန်မာမိသားစုအများစုရဲ့  လက်စွဲစာအုပ်ပေါ့။ မင်္ဂလာဆောင်တွေမှာ လက်ဖွဲ့ရင်လည်း သူ့စာအုပ်ကို ဖွဲ့ကြတာများပါတယ်။
ဦးကြီးပု ဘယ်နှစ်ခုနှစ်မှာမွေးသလဲ။ ဘယ်တုံးကကွယ်လွန်သလဲ။ သက်ရှိထင်ရှားပုဂ္ဂိုလ်လား။ ဘာမှမသိရပါ။ ၁၉၃၄-၃၅ခုနှစ် အင်္ဂလိပ်-မြန်မာဆယ်တန်းစာမေးပွဲကို ဟင်္သာတမြို့  အစိုးရအထက်တန်းကျောင်းကနေ (က) အဆင့်နဲ့ အောင်ခဲ့တဲ့သူ။ (အချဉ်တော့မဟုတ်ပါ) နောက်ပြီး မဲဇလီကုန်းမြို့ ၊ နေရှင်နယ် အမျိုးသားကျောင်း မှာလည်း စေတနာ့ဝန်ထမ်းကျောင်းဆရာ လုပ်ခဲ့ဖူးတဲ့သူ။ အမျိုးသားရေးစိတ်ဓါတ်နဲ့ စာဖတ်အသင်း၊ ဘောလုံး အသင်း၊ မီးသတ်အသင်း၊ သံဃာ့ဒါနဆွမ်းလောင်းအသင်းတွေမှာလည်း လူအား၊ ငွေအား နဲ့ ဆောင်ရွက်ခဲ့တဲ့ သူဖြစ်လို့ ဦးကြီးပုဟာ လူချစ်လူခင်ပေါများတဲ့သူ တယောက်ပါတဲ့။ ဒါတင်ဘယ်ကလိမ့်မတုံး၊ မီးရထားဌာနမှာ နှစ်ပေါင်းသုံးဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး မီးရထားရုံးအုပ်၊ စာရေးကြီးဘ၀နဲ့ အငြိမ်းစားယူခဲ့သူဆိုပဲ။
မြန်မာပြည်ကထင်ရှားတဲ့ စာဖိုမှူးတယောက်ရဲ့ ဘ၀ကို ကျွန်တော်တို့ ဒီလောက်ပဲသိနိုင်ခဲ့တယ်။ ၁၉၉၄ခုနှစ်က ပြန်ြပီးပုံနှိပ်တဲ့ ဦးကြီးပုရဲ့  စာအုပ်က ဒဿမအကြိမ်လို့ရေးထားတယ်။ အဲဒီစာအုပ်မှာပဲ သူ့ဘ၀အကြောင်း အတို အထွာပါလာတာ။ ပထမဆုံးအကြိမ်ထုတ်ဝေတာ ဘယ်တုံးကလည်းဆိုတာ မသိရပါ။ နိုင်ငံကျော်ပုဂ္ဂိုလ် တယောက်ရဲ့ အကြောင်း ကျွန်တော်တို့ ဒီထက်ပိုပြီးသိသင့်တယ်။
အနောက်တိုင်းမှာတော့ ချက်တာ၊ ပြုတ်တာကို အနုပညာလို့ သတ်မှတ်ပါတယ်။ စားဖိုမှူးဆိုတာ အနုပညာရှင် တပါးပါပဲ။ (ဆက်ပါဦးမယ်)
Tuesday, July 31, 2007
အလွမ်းတေး
နိုင်ငံခြားရောက်ပြီးမှ ကြိုက်လာရတဲ့အရာတွေထဲမှာ ချဉ်ပေါင်ဟင်း ၊
အငြိမ့်နဲ့ တွံတေးသိန်းတန်သီချင်း တွေလည်းပါတယ်လို့ မိတ်ဆွေတဦးက
ပြောဖူးတယ်။ ကျွန်တော်ကတော့ ချဉ်ပေါင်ဟင်းနဲ့ အငြိမ့်ကို မြန်မာပြည်
မှာကတည်းက ကြိုက်ပြီးသား။ တွံတေးသိန်းတန်ကိုတော့ ကျွန်တော့ခင်
မျာ မကြိုက်တတ်ခဲ့ရှာဘူး။ သူ့သီချင်းတွေက အော်လည်း အော် ၊ တော
စော်လည်းနံတယ်လို့ ထင်ခဲ့မိတယ်။
ဟုတ်တယ်ဗျို့ ။ အခု နိုင်ငံခြားစော်လေး နည်းနည်းနံလာတော့ တွံတေး
သိန်းတန်မှ ဗမာသံစစ်တယ်လို့ထင်လာသဗျ။ သူ့လို အသံပြဲပြဲနဲ့ ဟဲ
လိုက်ရမှ ရွှေပြည်တော်အလွမ်းစိတ်က ပြေတော်မူတယ်ခင်ဗျ။ ဒီလိုနဲ့ပဲ
ဘ၀မှာတခါမှမရှိဘူးခဲ့တဲ့ တွံတေးသိန်းတန်ရဲ့ အခွေကို တခုတ်တရမှာပြီး
တချက်တချက် ထထဖွင့်နေရပါတယ်။
ဘ၀မှာက ကော်ပီသီချင်းတွေတော်တော်များကိုပဲ နားထောင်ခဲ့တာပါ။
ကျွန်တော်တို့ခေတ်က ကော်ပီခေတ်ကိုး။ ကိုယ်ပိုင်သံစဉ်သီချင်းတွေ
ရှိတယ်ဆိုပေမဲ့ ပေါ့ပ်လို့ခေါ်ကြတဲ့ ကာလပေါ်သီချင်းတွေထဲမှာ လူငယ်
ကြိုက် ကိုယ်ပိုင်သံစဉ်သီချင်းတွေက ကျွန်တော်တို့ခေတ်မှာခပ်ရှားရှား။
ကျွန်တော်ဆိုရင် တွံတေးသိန်းတန်သီချင်းကို တပုဒ်မှ အလွတ်မရဘူး၊
ဒါပေမယ့် ပလေးဘွိုင်သန်းနိုင်သီချင်းတို့ ဘိုဘိုဟန်သီချင်းတို့ဆိုရင်တော့
အလွတ်ရသဗျို့ ။ ကြိုက်လွန်းလို့ ဂီတာနဲ့တောင်လိုက်တီးရ၊ လမ်းထိပ်မှာ
ထွက် ပြီးအော်ခဲ့ရသဗျ။
စိုင်းထီးဆိုင်တို့ ခင်မောင်တိုးတို့ရှိတယ်ဆိုပေမဲ့ သူတို့သီချင်းတွေက လူ
ငယ်တွေအတွက် အင်နဲ့အားနဲ့ဟစ်လို့မရဘူး။ ကိုနေ၀င်းတို့ စိုင်းခမ်းလိတ်
တို့သီချင်းတွေက တန်ဘိုးရှိတဲ့ကိုယ်ပိုင်သံစဉ် ဖန်တီးမှူတွေ၊ ကျွန်တော်
တို့ခေတ်ရဲ့ ထူးခြားတဲ့အနုပညာရှင်တွေပဲဆိုတာကိုတော့ ဒီနေရာကနေ
လေးလေးနက်နက်မှတ်တမ်းတင်လိုက်ပါတယ်။
ကျွန်တော်တို့ကြီးပြင်းခဲ့ရတဲ့ ဆိုရှယ်လစ်ခေတ်မှာက စီးပွါးရေးကိုဘယ်သူ
ကမှ မပိတ်ဆို့ရပဲ ကိုယ့်ဘာသာပိတ်ဆို့ထားတာဆိုတော့ နိုင်ငံခြားဖြစ်
ပစ္စည်းဆိုတာက မက်မောစရာပေါ့။ ဖြစ်ချင်တော့ ကိုယ်ပိုင်ပစ္စည်းကိုလည်း
အဲဒီခေတ်က ကောင်းကောင်းကန်းကန်း လုပ်နိုင်ခဲ့ကြတာမဟုတ်ဘူး။ လုပ်
နိုင်တဲ့သူတွေရှိဦးတော့ လုပ်ခွင့်ဆိုတာကရဦးမှကိုး။
သီချင်းလောကလည်း ဒီအတိုင်းပါပဲ။ ခေတ်လူငယ်အများစုက နိုင်ငံခြားဖြစ်
သီချင်းတွေကိုပဲ ကြိုက်ကြပါတယ်။ ကော်ပီခေတ်ထွန်းကားလာတယ်ပေါ့။
ကော်ပီဝါဒ တွင်ကျယ်လာတယ်ပေါ့။ ကိုယ်ပိုင်သံစဉ်ဝါဒ မှေးမှိန်လာတယ်ပေါ့။
ဆိုလိုချင်တာက ကျွန်တော်တို့ မြန်မာတွေ အချောင်ကြိုက်လာကြတယ်။ ဖန်
တီးမှူ ကျလာတယ်။ အရည်အသွေး နိမ့်လာတယ်။ အလွယ်လမ်းလိုက်လာ
တယ်။ ဖြစ်သလို၊ ကြုံသလိုလုပ်လာကြတယ်။ မကောင်းတဲ့အကျင့်တွေကို
နှစ်ကာလအတော်ကြာအောင် လေ့ကျင့်လာခဲ့ကြတယ်ဆိုတာပါပဲ။
ဝေးဝေးမကြည့်ပါနဲ့။ သင်္ကြန်ကျရင် အခုထိ မြို့ မငြိမ်းကို လက်လွှတ်လို့မဖြစ်
သေးတာပဲကြည့်။ ကျွန်တော်တို့မှာက မြို့ မငြိမ်းလောက်နဲ့တင် ကိစ္စပြတ်နေ
ရတဲ့တိုင်းပြည်ပါ။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်၊ ခေတ်ကြောင့်၊ စံနစ်
ကြောင့်ဆိုပြီး လက်ညိုးထိုး အပြစ်ဖို့လည်း အခုအချိန်မှာတော့ အပိုပါပဲ။
အရင်က အားနည်းချက်တွေကို လေ့လာသုံးသတ်ပြီး နောင်ကာလမှာ ထပ်
မဖြစ်အောင်လုပ်ကြဖို့က ပိုအရေးကြီးပါတယ်။
မြို့ မငြိမ်းဆိုလို့ နားလည်ရခက်တဲ့ကိစ္စတခုလည်းရှိသေးတယ်။ သူတို့ကာ
လက တကမ္ဘာလုံးမှာကို အနုပညာတွေက ထူးထူးဆန်းဆန်း ထွန်းကား
ပွင့်လန်းခဲ့ကြဆိုသကိုး။ ပန်းချီ၊ ပန်းပုတွေလည်းဒီလိုပဲတဲ့။ အဲဒီ ဒုတိယ
ကမ္ဘာစစ်ကာလဟာ ဘယ့်နှယ်ကြောင့်ရယ်မသိ၊ စစ်ဖြစ်လို့ သေလိုက်ကြ
တာကလည်း သောက်သောက်လဲ။ ရက်စက်မှူတွေကလည်း ကမ်းကို
ကုန်လို့။ ဟော တဘက်မှာလည်း အနုပညာတွေက အားကောင်းလို့။
ကြားဖူးတဲ့ ဥပမာအတိုင်းပြောရရင် အနုပညာသမားတွေဟာ မိထွေးဆိုး
ကြီးကနှိပ်စက်လေ အဖိုးတန်တဲ့ ပုလဲမျက်ရည်တွေ ထွက်ကျလာလေဆိုတဲ့
ပုံပြင်ထဲကအတိုင်း ဖြစ်ခဲ့လေသလားပဲ။ ခေတ်ဆိုးစံနစ်ဆိုးက နှိပ်စက်လေ
တော့ အနုပညာသည်တွေ ပိုပြီးခံစား အားထုတ်ခဲ့ကြပုံရပါတယ်။
မစဉ်းစားတတ်တာ တခုလည်းရှိသေးတယ်။ ဆိုရှယ်လစ်ခေတ်မှာ ဟိုပိတ်
ဒီဆို့နဲ့ တားမြစ်ဟန့်တား တာတွေလည်း ကြုံခဲ့ရ။ အကျိုးပြုတေးဆိုတဲ့ မဆို
မနေရသီချင်းတွေနဲ့လည်း ဆုံခဲ့ရ။ ဒီနေ့ခေတ်အထိလည်း ကိုယ်ဆိုမယ့် သီ
ချင်းကို စာပေစိစစ်ရေးကခွင့်ပြုမှ ဆိုနေရတဲ့အဖြစ်။ (သီချင်းထဲမှာ သေနပ်
သံပါရင်လည်း ဖြတ်သတဲ့။ ဖြုတ်သတဲ့ ) ဒီလိုအကျပ်အတည်းတွေရှိနေပေမဲ့
ကျွန်တော်တို့ရဲ့ အနုပညာရှင်များက ရှေ့ မှာပြောခဲ့သလို ပြောင်မြောက်အောင်
မလုပ်ကြတဲ့ကိစ္စကတော့ နားလည်ရခက်ပါတယ်။
ဒီနေရာမှာလည်း ကြားဖူးတဲ့ဥပမာတခု ထပ်ပေးရရင် နှင်းတွေထူထူထပ်ထပ်
ကျနေတော့၊ ပဲပင်လေးတွေခင်မျာ အညောင့်မထွက်နိုင်ရှာဘူးဆိုတဲ့ ကဗျာထဲ
ကလို အပိတ်အဆို့တွေများလွန်းလို့ ကျွန်တော်တို့ ရဲ့  အနုပညာတွေ မပွင့်လင်း
နိုင်တာပဲဖြစ်လိမ့်မယ်လေလို့ ဖြေတွေးလေး တွေးပေးထားရပါတယ်။
သီချင်းတွေကိစ္စ ပြန်ဆက်ရရင်၊ ခေတ်ဟောင်းတေးပြန်ဆိုတာက နိုင်ငံတကာ
အလိုက် လုပ်နေကြတာပါ။ မြန်မာတွေအဟောင်းပြန်ဆိုတာလည်း မဆန်းပါဘူး။
ဒါပေမယ့်အဟောင်းထက် ပိုကောင်းအောင်၊ ပိုစိတ်ဝင်စားအောင် ဆန်းသစ်ပြနိုင်
တာက နည်းနည်းရယ်။ မူလသီချင်းကိုဖျက်သလို လုပ်ဆိုတာကများများ။ အရင်
ကာလကသီချင်းကိုတီးခပ်ကြရင် တကယ့်တူရိယာတွေနဲ့တီးခပ်ခဲ့ကြပေမဲ့ အခု
ခေတ်ကာလက အလွယ်တကူနဲ့ အသံစုံထွက်တဲ့ ကီးဘုတ်နဲ့တီးပြီးဆိုကြပါတယ်။
ကီးဘုတ်ဆိုတာကလည်း အကောင်းစား ကီးဘုတ်သုံးတာမျိုးက နည်းပါတယ်။
အရင်ကာလက တယောသံဆို တကယ့်တယောနဲ့တီးတာပါ။ စန္ဒယားဆိုလည်း
တကယ့်စန္ဒယားနဲ့ပါ။ တူရိယာသံချင်းယှဉ်ပြီးနားထောင်ကြည့်ပါ။ အရသာကွာ
ပါတယ်။ အားထုတ်မှုကွာပါတယ်။ ရှေးကပဲ ကောင်းတယ်လို့ပြောရတာနည်းနည်း
တော့ ရှက်ဖို့ကောင်းတာအမှန်ပဲ။ ကျွန်တော်တို့က အရင်ခေတ်ကထက် ပိုကောင်း
အောင် လုပ်နိုင်တယ်လို့ပြောချင်တာ။ ဒါပေမယ့် မတတ်နိုင်ဘူး၊ ကိုယ့်ခေတ်မှာက
ညံ့ကြပြီကိုး။
ကျွန်တော်တို့က သီချင်းလောကမှာတင် အလွယ်လိုက်ပြီး ကိုယ်ရေကိုယ်သွေး
တွေကို ရေစုန်မျှောလိုက်ကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မျိုးဆက်ဟာ
အတိတ်ရဲ့ ကောင်းမွေတွေကို ဆက်ပြီးမသယ်ဆောင်နိုင်ကြဘူးလို့ ပြောချင်တယ်။
ဒါကို မျိုးဆက်အရည်အသွေးညံ့တယ်လို့ ခေါ်ရမှာပါ။ ဒီကနေ့မြန်မာ့တပ်မတော်
ကိုပဲ ကြည့်မလား။ နိုင်ငံရေးလောကကိုပဲ ကြည့်မလား။ လူမှူရေးလောကကိုပဲ
ယှဉ်မလား။ ကိုယ်ကျင့်တရားကိစ္စကိုပဲ ပြောမလား။ အရင်ကာလတွေထက်
ပိုကောင်းလာအောင် ကျွန်တော်တို့မလုပ်နိုင်ခဲ့ကြဘူး။ များသောအားဖြင့်ပေါ့။
အခုကာလက ပြည်တွင်းမှာ သီချင်းဆိုစားရတာ အရင်ကလောက် တွက်ခြေ
မကိုက်ကြတော့ နိုင်ငံခြားကိုထွက်ပြီး ဖျော်ဖြေကြရတယ်။ နိုင်ငံခြားရောက်
မြန်မာမိသားစုတွေဆီမှာ လာဖျော်ဖြေတော့လည်း အရင်ကာလက ကျော်ကြား
ခဲ့တဲ့ ကော်ပီသီချင်းတွေ၊ ပြန်ဆိုတေးတွေပဲ ဆိုကြတာများပါတယ်။ တချို့  အနု
ပညာရှင်တွေကတော့ ကော်ပီတွေဆိုရတာကို ရှက်ရကောင်းမှန်းသိလာနေကြ
ပါပြီ။ အများစုကတော့ မရှက်တတ်ကြသေးပါဘူး။
နယူးယောက်မြို့ ကြီးမှာ မြန်မာပြည်ကလာတဲ့ ရောခ့်အဆိုတော်တွေက အမေ
ရိကန်ရော့ခ်သီချင်းတွေကို မြန်မာလိုဆိုပြကြပါသတဲ့။ မူရင်းသီချင်းကို ဘာသာ
ပြန်ပြီးဆိုတာလည်း မဟုတ်ဘူး။ ဆိုတဲ့နေရာမှာလည်း မူရင်းသီချင်းကို မမှီသလို၊
တီးတဲ့နေရာမှာလည်း မမှီရှာပါဘူး။ မြန်မာရော့ခ်သီချင်းဆိုတာ ဘယ်လိုများပါလိမ့်
ဆိုပြီး နားထောင်ကြည့်ချင်လို့လာတဲ့ အမေရိကန်များ ပွဲတော်အတွင်း မျက်ခုံးပင့်
ပြကြပါသတဲ့။ ပုခုန်းတွန့်ပြကြပါသတဲ့။ ပြုံးပြကြပါသတဲ့။ မြန်မာရော့ခ်သမားတွေ
ကတော့ စင်ပေါ်မှာ အကြီးအကျယ် တွန့်ကွေးပြီး ဟဲပြရှာပါတယ်။ သူတို့ဟဲတဲ့
ကော်ပီသီချင်းကို အကြောင်းသိမြန်မာပရိတ်သတ်ကလည်း သဘောအလွန်ကျပြီး
ကောင်းကောင်းကြီး အားပေးချီးမြောက်ကြပါသတဲ့။ သူ့အရပ်နဲ့ သူဇာတ်ကတော့
အဟုတ်ခင်ဗျ။
ပြောချင်တာကတော့ အားပေးတဲ့ပရိတ်သတ်ကရော ဖျော်ဖြေတဲ့အနုပညာရှင်တွေ
ကရော ကိုယ်ပိုင်အားထုတ်မှုတွေကို မက်မောတတ်ကြဖို့လိုပြီဆိုတာပါပဲ။ နိုင်ငံခြား
ရောက်ပြီး ကိုယ့်တိုင်းပြည်ကိုလွမ်းလို့ သီချင်းလေး ညည်းမိရင် အမှတ်မထင် ကော်
ပီသီချင်းတွေ ဆိုမိတတ်ပါတယ်။ အကျင့်က ပါနေပြီကိုး။ အဲဒီလိုဆိုမိရင် ကိုယ့်ဘေး
မှာ ဘယ်သူများရှိနေမလဲလို့ အထိတ်တလန့် ကြည့်မိနေတဲ့အဖြစ်ကို မလုံမလဲဖြစ်လို့
အခုလိုရေးမိတာပါ။ ကျန်းမာကြပါစေ။
(သြဂုတ်လ ၊၂၁ရက်၊ ၂၀၀၇ခုနှစ်)
Saturday, July 21, 2007
ကျွန်တော် ဘလော့ဂ်ဂါ ဖြစ်လာရခြင်းအကြောင်း
ဖြစ်ချင်တော့
အားတဲ့အချိန်ကလည်း နည်း
ကိုယ်တိုင်ကလည်း ခပ်ပျင်းပျင်း။
ဘလော့ဂ်လုပ်ဖို့ နေနေသာသာ
အီးမေးတောင်မှ ပုံမှန်မကြည့်တဲ့ကောင်။
ပြဿနာက
အတိုအထွာလေးတွေ
တချက်တချက် ထထရေးချင်နေတဲ့ကိစ္စ။
ဒီထက်ဆိုးတာက
ကိုယ်လုပ်ထားတဲ့ ပစ္စည်းကို
၇ရက်သားသမီးတွေကိုလည်း
ကြည့်စေ၊ ကြားစေချင်လိုက်သေး။
တကယ်တော့
ပြောမယ်ဆိုရင်လည်း
ပြောစရာတွေက ခပ်များများ။
ပြမယ်ဆိုရင်လည်း
ပြစရာတွေက ခပ်များများ။
နောက်ပြီး
ကျွန်တော်က မီဒီယာသမား။
ဗွီဒီယိုကင်မရာ အကောင်းစားရှိတယ်။
ကွန်ပြူတာ အကောင်းစားရှိတယ်။
အသံဖမ်းစက် အကောင်းစားရှိတယ်။
သီချင်းတွေ၊ ဂီတတွေအများကြီးရှိတယ်။
ဓါတ်ပုံကင်မရာ အကောင်းစားရှိတယ်။
စာအုပ်စာတမ်း ခပ်များများရှိတယ်။
နောက်ပြီး
သိပ်ချစ်ဖို့ ကောင်းတဲ့
မိန်းမလေးလည်း တယောက်ရှိတယ်။
(အခုဘလော့ဂ်ကို သူပဲလုပ်ပေးတာပေါ့)
မရှိတာကတော့
မိတ်ကောင်းဆွေကောင်းပဲ။
ရင်ခုန်သံတူတဲ့ ငနဲတွေကလည်း
ဟိုး အဝေးကြီးမှာ။
ဘာလိုလိုနဲ့ 
အသက်ကလည်း ကြီးလာပြီ။
ဒီလိုနဲ့ ပဲ
ဘလော့ဂ်ဂါဂိုဏ်းဝင် ဖြစ်လာရတယ်ဆိုပါတော့။
အမှန်က
ပျင်းပျင်းရှိတာနဲ့ 
ဘလော့ဂ်မှာဝင်ပြီး လက်ဆော့တာပါ။
ဝင်ကြည့်သူ မိတ်ဆွေများ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
( ၂၀၀၇ခုနှစ်။ ဇူလိုင်လ ၁၀ရက်။ အင်္ဂါနေ့ )
ကိုယ်တိုင်ကလည်း ခပ်ပျင်းပျင်း။
ဘလော့ဂ်လုပ်ဖို့ နေနေသာသာ
အီးမေးတောင်မှ ပုံမှန်မကြည့်တဲ့ကောင်။
ပြဿနာက
အတိုအထွာလေးတွေ
တချက်တချက် ထထရေးချင်နေတဲ့ကိစ္စ။
ဒီထက်ဆိုးတာက
ကိုယ်လုပ်ထားတဲ့ ပစ္စည်းကို
၇ရက်သားသမီးတွေကိုလည်း
ကြည့်စေ၊ ကြားစေချင်လိုက်သေး။
တကယ်တော့
ပြောမယ်ဆိုရင်လည်း
ပြောစရာတွေက ခပ်များများ။
ပြမယ်ဆိုရင်လည်း
ပြစရာတွေက ခပ်များများ။
နောက်ပြီး
ကျွန်တော်က မီဒီယာသမား။
ဗွီဒီယိုကင်မရာ အကောင်းစားရှိတယ်။
ကွန်ပြူတာ အကောင်းစားရှိတယ်။
အသံဖမ်းစက် အကောင်းစားရှိတယ်။
သီချင်းတွေ၊ ဂီတတွေအများကြီးရှိတယ်။
ဓါတ်ပုံကင်မရာ အကောင်းစားရှိတယ်။
စာအုပ်စာတမ်း ခပ်များများရှိတယ်။
နောက်ပြီး
သိပ်ချစ်ဖို့ ကောင်းတဲ့
မိန်းမလေးလည်း တယောက်ရှိတယ်။
(အခုဘလော့ဂ်ကို သူပဲလုပ်ပေးတာပေါ့)
မရှိတာကတော့
မိတ်ကောင်းဆွေကောင်းပဲ။
ရင်ခုန်သံတူတဲ့ ငနဲတွေကလည်း
ဟိုး အဝေးကြီးမှာ။
ဘာလိုလိုနဲ့ 
အသက်ကလည်း ကြီးလာပြီ။
ဒီလိုနဲ့ ပဲ
ဘလော့ဂ်ဂါဂိုဏ်းဝင် ဖြစ်လာရတယ်ဆိုပါတော့။
အမှန်က
ပျင်းပျင်းရှိတာနဲ့ 
ဘလော့ဂ်မှာဝင်ပြီး လက်ဆော့တာပါ။
ဝင်ကြည့်သူ မိတ်ဆွေများ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
( ၂၀၀၇ခုနှစ်။ ဇူလိုင်လ ၁၀ရက်။ အင်္ဂါနေ့ )
နီးဟောင်မား
တရုတ်နိုင်ငံမှာ အနှစ်နှစ်ဆယ်လောက်နေထိုင်လာတဲ့ မြန်မာတယောက်နဲ့  ဟိုတလောက တယ်လီဖုန်းပြောဖြစ်ပါတယ်။ တရုတ်ပြည်ကြီး တဟုန်ထိုးတိုးတက်လာနေတဲ့အကြောင်း၊ တရုတ်ပြည်သူတွေတဦးချင်းစီကို ချမ်းသာလာနေတဲ့အကြောင်းပြောကြရင်းနဲ့  ဒီအတိုင်းသာဆက်သွားရင် နောင်လာမယ့် ဆယ့်ငါးနှစ်၊ အနှစ်နှစ်ဆယ်ဆို တရုတ်တွေက ကမ္ဘာကို ဒုက္ခကောင်းကောင်းပေးကြလိမ့်မယ်လို့ သူကပြောပါတယ်။ တရုတ်တွေကဒုက္ခပေးရင် အမေရိကန်တွေထက်တောင်ဆိုးလိမ့်မယ်လို့  လည်းဆိုပါတယ်။
ဘယ့်နှယ်ကြောင့်များပါလိမ့်လို့ သူ့ ကိုမေးကြည့်တော့၊ နှစ်ပေါင်းများစွာကွန်မြူနစ်အစိုးရ အုပ်ချုပ်ထားတဲ့တရုတ်ပြည်မှာ ဘာသာရေးယုံကြည်ကိုးကွယ်မှူမထွန်းကားဘူးဆိုတဲ့ အချက်။ ဒီအချက်မှာလည်း ပြောစရာရှိတာက ရိုးရာနတ်ကိုးကွယ်မှူ၊ ဘုံကျောင်းသွားပြီး ဆုတောင်းဝတ်ပြုမှူ၊ ကွန်ဖြူးရှပ်ယဉ်ကျေးမှူ၊ ဖါလုံဂေါင်းလို့ ခေါ်တဲ့ တရားမ၀င်ဘာသာရေး အင်အားစုဖြစ်ထွန်းနေမှူတွေ တရုတ်ပြည်မှာရှိနေတယ်ဆိုပေမယ့်လည်း၊ မူဆလင်နိုင်ငံတွေ၊ အမေရိကန်၊ လက်တင်အမေရိကား။ ဥရောပနဲ့  တခြားခရစ်ယန်ဘာသာကြီးစိုးတဲ့ နိုင်ငံတွေလိုမျိုး ဘာသာရေးကို တခုတ်တရ ကျင့်ကြံစောင့်ထိမ်းတာမျိုးတော့ တရုတ်ပြည်မှာ ရှိမနေဘူး။ ဆိုလိုတာက ဘာသာရေးအဆုံးအမအရ ကိုယ်ကျင့်တရားကောင်းအောင် ကျင့်ကြံအားထုတ်တာမျိုး တရုတ်ပြည်မှာ မထွန်းကားဘူးဆိုတဲ့ကိစ္စပါ။
ဒီလိုကိုယ်ကျင့်တရားဆိုင်ရာ ဘာသာရေး အထိမ်းအကွပ်တွေရှိမနေတဲ့အပြင် စည်းကမ်းကြီးပါတယ်လို့  နာမည်ကျော်ခဲ့တဲ့ ကွန်မြူနစ်ဝါဒကလည်း အခုအခါမှာ နွားနို့ ကိုးလီ။ ရေကိုးလီ ဖြစ်လာနေတာကြောင့် ကိုယ်ကျင့်တရားဆိုင်ရာ ကွန်မြူနစ်အဆုံးအမ ဆိုတာကလည်း ဖုန်တက်ချကိုက်ဖြစ်လာနေပါပြီ။ တရုတ်တို့ ရဲ့  ကွန်မြူနစ်ဝါဒဟာ ညညဆို နိုက်ကလပ်ကို သွားရတာနဲ့ ၊ အငယ်အနှောင်း လေးထားရတာနဲ့ ၊ လာဘ်လာဘကလေးခုံမင်ရတာနဲ့ ၊ အစိုးရ၀င်ထမ်းတပိုင်း၊ စီးပွါးရေးလုပ်ငန်းရှင်တပိုင်း ဖြစ်ချင်ရတာနဲ့  တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်ကြီးမှာ တော်တော်ကြီးကို ပြောင်းလဲ လာနေတာပါ။ တရားတဲ့နည်းနဲ့ ပဲဖြစ်ဖြစ်။ မတရားတဲ့နည်းနဲ့ ပဲဖြစ်ဖြစ် ကိုယ့် အတွက်ကိုက်ရင်ပြီးတာပဲဆိုတဲ့ စီးပွါးရေးသောင်းကျန်းတဲ့ တရုတ်ပြည်သားတွေ သိသိသာသာများလာနေပြီဆိုပဲ။ အဲဒါကြောင့် အတုအပကုန်ပစ္စည်းတွေ၊ ခိုးကူး၊ ခိုးထုတ်တဲ့နည်းပညာဆိုင်ရာ ပစ္စည်းဈေးကွက်က တရုတ်ပြည်မှာ သိပ်တွင်ကျယ်ဆိုပဲ။ တရုတ်ပြည်မှာခေတ်စားနေတဲ့ အယူအဆတခုကလည်း ကြောင်အဖြူ၊ အမဲဆိုတာထက် ကြွက်မိဖို့ သာအဓိကလို့ ဆိုသကိုး။
ဘာပဲပြောပြော တရုတ်ပြည်သားတွေချမ်းသာလာနေကြပါပြီ။ အခုဆိုကမ္ဘာလှည့်ခရီးသွားတွေထဲ တရုတ်နိုင်ငံသားတွေ မကြာမကြာမြင်နေရပါပြီ။ တရုတ်မြန်မာနယ်စပ်က မူဆယ်မြို့  ဆိုတာ တရုတ် နိုင်ငံသားခရီးသွားတွေမကြာခဏ လာလာလည်နေတဲ့မြို့ ဖြစ်နေပါပြီတဲ့။ မူဆယ်မြို့  လမ်းမတွေမှာ၊ ကားဂိတ်တွေမှာ သနပ်ခါးပါး ကွက်ကြားနဲ့  မြန်မာကလေးငယ်လေးတွေ၊ခေါင်းရွက်ဗျက်ထိုးဈေးသည် လေးတွေကို သူတို့ တွေက တအံ့တသြနဲ့  ဓါတ်ပုံတွေရိုက်ကြဆိုပဲ။ ကလေးတွေဆိုလို့  တရုတ်နိုင်ငံမှာ ကလေးနဲ့  ပါတ်သက်တဲ့ပြဿနာတခုရှိသေးတယ်။ အဲဒီ ပြဿနာကလည်း တရုတ်တွေဒုက္ခပေးရင် အမေရိကန်ထက်ဆိုးလိမ့်မယ်ဆိုတာနဲ့ ပါတ် သက်နေတယ်လို့ ဆိုပါတယ်။
တရုတ်ပြည်မှာက လူဦးရေသိပ်များတော့ အိမ်ထောင်တခုမှာ ကလေးတယောက်ပဲယူရမယ်ဆိုတာ နိုင်ငံတော်ကပြဌာန်းထားတဲ့ဥပဒေပါ။ ဒီဥပဒေကို ၁၉၇၉ခုနှစ်ကစပြီးပြဌာန်းခဲ့ပါတယ်။ အဲဒီကာလကမွေးလာသူတွေဟာ အခုဆိုအသက် သုံးဆယ်နားကပ်နေပါပြီ၊ အရွယ်ရောက်ကုန်ကြပြီဆိုပါတော့။ ဖြစ်ပုံက တရုတ်လူမျိုးဆို တာ သိကြတဲ့အတိုင်း သားနဲ့ သမီးဆို သားကိုပိုလိုချင်သူတွေ။ ကိုယ်ဝန်ရှိလို့  သားယောကျာ်းလေး မဟုတ်ရင်အများစုက ကိုယ်ဝန်ဖျက်ချကြပါသတဲ့။ ဒီလိုနဲ့ ပဲ တရုတ်မိသားစုတွေမှာ သားယောက်ျားလေးတွေထွန်းကားပြီး ဆွေမျိုးတွေကလည်း အဲဒီတဦးတည်းသောသားလေးတွေကိုပဲ တုန်နေအောင်ချစ်။ ဖူးဖူးမှူတ်အလိုလိုက်ခဲ့ကြပါသတဲ့။ အလိုလိုက်ခံရတဲ့သားများရဲ့ ထုံးစံအတိုင်း ကိုယ်တော်ချောလေးများက ခေသူများမဟုတ်ကြဘူးပေါ့။ မိဘဆွေမျိုးများအပေါ်ဆိုးကြ၊ နွဲ့ ကြသပေါ့။ မိသားစုတခုမှာ ရှင်ဘုရင်လေးတပါးစီရှိနေကြတယ်လို့ တောင် အမွန်းတင်ပြောတတ်ကြပါသတဲ့။ အခုတော့ အဲဒီသားတော်မောင်ကလေးများက အရွယ်ရောက်လာကြပြီကော။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်လို့ ရတဲ့အရွယ်ဝင်လာကြပြီကော။
အခုလောက်ဆို သဘောပေါက်လောက်ပြီ ထင်ပါတယ်။ တရုတ်ပြည်မှာ လူဆိုးလေးတွေ အရွယ်ရောက်လာ ကြပါပြီ။ တနေ့  ဒီပုဂ္ဂိုလ်လေးတွေသာ တိုင်းပြည်ကိုအုပ်စိုးတဲ့ကာလရောက်လာရင်ဆိုတာ စိုးရိမ်တတ်သူတွေ အတွက် ရင်လေးစရာကိစ္စတွေဖြစ်နေပါသတဲ့။ ဒါဟာ တရုတ်ပြည်က ကျွန်တော့မိတ်ဆွေ ကြိုတင်ပြီးအစိုးရိမ် လွန်နေတာ လည်းဖြစ်နိုင်ပါတယ်၊ အဆိုးတရားကိုကြိုတွက်ပြီး ပြင်ဆင်ထားနိုင်ရင်တော့ ရှေ့ ရေးအတွက်စိတ် အေးရတာပေါ့လေ။
ကျွန်တော်ကတော့ တရုတ်လူမျိုးတွေအပေါ် သိပ်ပြီးအစိုးရိမ် မကြီးမိသေးပါဘူး။ ကျွန်တော် က တရုတ်သိုင်းကားဆိုလည်းကြိုက်၊ တရုတ်ပန်းချီဆိုလည်း ကြိုက်၊ တရုတ်သမိုင်းဆိုလည်း စိတ်ဝင်စား၊ တရုတ်အစားအအစာကလည်းကြိုက်၊ ကုန်ကုန်ပြောရရင် ကျွန်တော့ဇနီး ကလည်း တရုတ်ကပြားမလေးပါ။ လောလောဆယ်စိုး ရိမ်မိတာတခုကတော့ တရုတ်ပြည်မှာ မိန်းမထက်ယောက်ျားများ နေတယ်ဆိုတဲ့ကိစ္စပါပဲ။ အခုကိုပဲသတင်းတွေကြားနေရပါပြီ။ မြန်မာမလေးတွေကို ဈေး ကောင်းကောင်းပေးပြီး တရုတ်အစ်ကိုကြီးများက ဇနီးမယား အဖြစ်မြန်မာပြည်နောက် ဖေးပေါက်ကနေ၀ယ်ယူ နေကြပါသတဲ့။ ကချင်မလေးတွေ၊ ရှမ်းမလေးတွေ ရွှေညာသူမြန်မာ မလေးတွေတချို့  ကလည်း မထူးပါဘူးဆိုပြီး တရားအားထုတ်၊ တရုတ်အားထားနေကြရပါ သတဲ့။ စိုးရိမ်စရာမကောင်းလားဗျာ။ ဒါပေမယ့်လည်း တရုတ်နဲ့  မြန်မာသွေးနှောကြတယ် ဆိုတာက အခုမှဖြစ် လာတာမဟုတ်ဘူးလေ။ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံက ဆက်ဆံရေးကောင်းဖို့ လိုပါတယ်။ အိမ်နီးချင်းတွေမဟုတ် လား။ မန္တလေးမြို့ ကြီးမှာ တရုတ်တွေသိပ်များလာနေတဲ့ကိစ္စကတော့ကျွန်တော်လည်းမတတ်နိုင်ဘူးဗျာ။ မြန်မာတွေလည်း ထိုင်းနိုင်ငံမှာ များနေကြတာပဲ။ ကျွန်တော်ကိုယ်တိုင်တောင် သူများတိုင်းပြည်မှာနေနေရတာ ဆယ်နှစ်ကျော်ရှိနေပေါ့။ တကယ်တော့ တရုတ်လူမျိုးတွေ ကိုယ့်ရပ်ကိုယ့်ရွာကိုစွန့် ပြီး ကမ္ဘာတခွင်ကျင်လည် နေကြတာ ဗိုလ်ချုပ်အောင်ဆန်းမမွေးခင် ကတည်းကပါ။ စကားကြုံလို့ ပြောရရင် ရဲဘော်သုံးကျိပ်ရဲ့  အမွိုင်မြို့  ကိုသွားတဲ့ခရီးမှာ သင်္ဘောနာမည်က ဟိုင်လီတဲ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့  တရုတ်နာမည်က တန်လူရှောင်လို့  ခေါ်ပါသတဲ့။ အမွိုင်မှာ ဗိုလ်ချုပ်တို့ အဆက်အသွယ်ပြတ်နေတဲ့အချိန် ပျင်းပျင်းရှိတာနဲ့  သူတို့ တည်းတဲ့ ဟိုတယ်နားက တရုတ်မလေးတွေကို ဗိုလ်ချုပ်အောင်ဆန်းက လက်မောင်းကြွက်သားညှစ်ပြခဲ့ပါသတဲ့။
မိတ်ဆွေများခင်ဗျား။ကျွန်တော်တို့ တန်ဘိုးထားပြီးဝတ်ဆင်နေကြတဲ့ အမျိုးသား ၀တ်စုံ တိုက်ပုံအင်္ကျီဆိုတာ တရုတ်အ၀တ်အစား စစ်စစ်ဖြစ်ပါကြောင်း။ နီးဟောင်မားလိုက်ရပါတယ်ခင်ဗျား။
( ၂၀၀၇ခုနှစ်။ ဇူလိုင်လ ၁၇ရက်။ အင်္ဂါနေ့ )
Subscribe to:
Posts (Atom)