ႊြူူူူ
အေပၚကဓါတ္ပံုကိုၾကည့္ပါ။ သူဘယ္သူလဲဆိုတာသိၾကပါသလား။ မသိရင်လည်း ကိစ္စမရှိပါဘူး။ ခဏနေရင် သိရမှာပါ။ အသားကဖြူဖြူ၊ မျက်နှာ ပေါ်ပေါ်၊ ထောင် ထောင် မောင်းမောင်း၊ တိုက်ပုံအနက်နဲ့ဆိုတော့ ရှေ့နေတယောက်များဖြစ်လေ မလား။ ကျောင်းအုပ်ဆရာကြီးလား။ ဘိုးမင်းခေါင်တော့ မဟုတ်လောက်ဘူး။
တကယ်တော့ ဒီပုဂ္ဂိုလ်က နိုင်ငံကျော်ပုဂ္ဂိုလ် တယောက်ခင်ဗျ။ နိုင်ငံကျော်စာ ရေးဆရာကြီး တယောက်ပါ။ အရသာအရှိဆုံး စာအုပ်ကိုတအုပ်တည်းရေးပြီး အနိုင်နဲ့ပိုင်းသွားခဲ့တဲ့စာရေးဆရာကြီးပေါ့။ သူ့နာမည်ကတော့ ဦးပုခင်ဗျ။ ငယ်နာမည်မောင်ပုဖြစ်မှာပေါ့။ ကလောင်နာမည်က ဦးကြီးပုတဲ့။ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်တို့ နယ်ကပါ။ ဟင်္သာတခရိုင် မဲဇလီကုန်းမြို့ ၊ စပါးပွဲစားကြီးဦးထွန်းညိမ်းနဲ့ ဒေါ် မြသီးတို့ရဲ့  အငယ်ဆုံးသားပါတဲ့။ သူ့မိဘများ နာမည်ကျတော့ အဟုတ်ခင်ဗျ။ ဘယ့်နှယ်ကြောင့် နိုင်ငံကျော်မယ့် သားထွေး လေးကိုမှ မောင်ပုလို့မှည့်ခဲ့ရတယ်မသိ။
အရင်ကာလက ကျွန်တော်တို့ မြန်မာများ သားသမီးတွေကို နာမည်ပေးတဲ့အခါ အလွယ်တကူပဲ စဉ်းစားပြီးပေး လိုက်ကြပုံရပါတယ်။ အလွယ်တကူဆိုပေမယ့် ဖြစ်သလို ကြုံရာပေးတာမျိုးတော့ ဟုတ်မယ်မထင်ပါဘူး။ မြန်မာ တွေက ဗေဒင်ကိန်းဂဏန်းက တော်တော်ယုံကြတယ်မဟုတ်လား။ အနည်းဆုံး နေ့နဲ့ နာမ်တော့ ကိုက်အောင် လုပ်ကြပါလိမ့်မယ်။ ဒါပေမယ့်တချို့  နာမည်တွေက နေ့ နာမ်နဲ့ ကိုက်ရင်ပြီးရောဆိုပြီး အပျော်သဘော၊ ချစ်စနိုးနဲ့ နာမည်ပေးတတ်ကြ တဲ့ကိစ္စက ကြီးလာတဲ့အခါ သားသမီးက ကိုယ့်နာမည်ကို စိတ်ပျက်ရတာမျိုးတွေ ရှိပါတယ်။ ဥပမာမောင်လှတို့၊ မမြတို့ဆိုတာက မဆိုးသေးဘူး။ အသားမဲတဲ့ကလေးကို မောင်မဲ၊ ဖြူတဲ့သူကိုမောင်ဖြူ၊ မညို။ ဒီထက်ဆိုးတာက တုတ်ကြီး၊ အောင်ဘု၊ စိန်ကုလား၊ မှတ်ကြီးတို့လို။ ကုလားမ၊ ညိုတုတ်၊ မယ်ပိန်တို့ ဆိုတာတွေက ငယ်စဉ်အခါကသိပ်ပြီး ပြဿနာမရှိပေမယ့် ကြီးလာတဲ့အခါ တော်တော်ပြဿနာတက်ကြပါတယ်။ ရာထူးကြီးတဲ့သူ၊ ရပ်ကျော်နယ်ကျော်နာမည်ကြီး တဲ့သူဖြစ်လာရင် ငယ်နာမည်ကဒုက္ခပေးပါရော။ အခုခေတ် များကျတော့လည်း နာမည်ပေးတတ်လိုက်ကြတာ လိုတာထက်ပိုပြီး ဂရုစိုက်လွန်းနေကြ ပြန်ပါတယ်။ ထားပါတော့။ ဦးကြီးပုအကြောင်းဆက်ရအောင်။
ဦးကြီးပုရေးတဲ့ ချက်နည်းပြုတ်နည်း၅၀၀ဆိုတာ မြန်မာပြည်မှာ အရောင်းရဆုံး စာရင်းဝင် နိုင်ငံကျော်စာအုပ် တအုပ်ပါ။ မြန်မာမိသားစုအများစုရဲ့  လက်စွဲစာအုပ်ပေါ့။ မင်္ဂလာဆောင်တွေမှာ လက်ဖွဲ့ရင်လည်း သူ့စာအုပ်ကို ဖွဲ့ကြတာများပါတယ်။
ဦးကြီးပု ဘယ်နှစ်ခုနှစ်မှာမွေးသလဲ။ ဘယ်တုံးကကွယ်လွန်သလဲ။ သက်ရှိထင်ရှားပုဂ္ဂိုလ်လား။ ဘာမှမသိရပါ။ ၁၉၃၄-၃၅ခုနှစ် အင်္ဂလိပ်-မြန်မာဆယ်တန်းစာမေးပွဲကို ဟင်္သာတမြို့  အစိုးရအထက်တန်းကျောင်းကနေ (က) အဆင့်နဲ့ အောင်ခဲ့တဲ့သူ။ (အချဉ်တော့မဟုတ်ပါ) နောက်ပြီး မဲဇလီကုန်းမြို့ ၊ နေရှင်နယ် အမျိုးသားကျောင်း မှာလည်း စေတနာ့ဝန်ထမ်းကျောင်းဆရာ လုပ်ခဲ့ဖူးတဲ့သူ။ အမျိုးသားရေးစိတ်ဓါတ်နဲ့ စာဖတ်အသင်း၊ ဘောလုံး အသင်း၊ မီးသတ်အသင်း၊ သံဃာ့ဒါနဆွမ်းလောင်းအသင်းတွေမှာလည်း လူအား၊ ငွေအား နဲ့ ဆောင်ရွက်ခဲ့တဲ့ သူဖြစ်လို့ ဦးကြီးပုဟာ လူချစ်လူခင်ပေါများတဲ့သူ တယောက်ပါတဲ့။ ဒါတင်ဘယ်ကလိမ့်မတုံး၊ မီးရထားဌာနမှာ နှစ်ပေါင်းသုံးဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး မီးရထားရုံးအုပ်၊ စာရေးကြီးဘ၀နဲ့ အငြိမ်းစားယူခဲ့သူဆိုပဲ။
မြန်မာပြည်ကထင်ရှားတဲ့ စာဖိုမှူးတယောက်ရဲ့ ဘ၀ကို ကျွန်တော်တို့ ဒီလောက်ပဲသိနိုင်ခဲ့တယ်။ ၁၉၉၄ခုနှစ်က ပြန်ြပီးပုံနှိပ်တဲ့ ဦးကြီးပုရဲ့  စာအုပ်က ဒဿမအကြိမ်လို့ရေးထားတယ်။ အဲဒီစာအုပ်မှာပဲ သူ့ဘ၀အကြောင်း အတို အထွာပါလာတာ။ ပထမဆုံးအကြိမ်ထုတ်ဝေတာ ဘယ်တုံးကလည်းဆိုတာ မသိရပါ။ နိုင်ငံကျော်ပုဂ္ဂိုလ် တယောက်ရဲ့ အကြောင်း ကျွန်တော်တို့ ဒီထက်ပိုပြီးသိသင့်တယ်။
အနောက်တိုင်းမှာတော့ ချက်တာ၊ ပြုတ်တာကို အနုပညာလို့ သတ်မှတ်ပါတယ်။ စားဖိုမှူးဆိုတာ အနုပညာရှင် တပါးပါပဲ။ (ဆက်ပါဦးမယ်)
4 years ago
No comments:
Post a Comment