Tuesday, December 13, 2011

နယ်ဗိုလ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဦးသိန်းစိန် ဒီနှစ်မှာလည်း နိုဘလ်ဆုနဲ့
လွှဲပြန်ပြီ ။ ဒါဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စ ။  အမျိုးသားတွေ ပြန်ပြီး
သင့်မြတ်အောင် ၊ စစ်အာဏာရှင်စံနစ် ချုပ်ငြိမ်းပြီး ပါတီစုံဒီမိုကရေစီ
စံနစ်ထွန်းကားအောင်၊ လူ့အခွင့်အရေးတွေ အပြည့်အ၀ရအောင်
ဦးသိန်းစိန် တဘ၀လုံး မနားမနေ အားထုတ်ကြိုးပမ်းနေတာ လူတိုင်း
အသိ ။

စားလည်း ဒီမိုကရေစီ၊ သွားလည်း ဒီမိုကရေစီ ။ ဒီမိုကရေစီကို လိုချင်
လွန်းလို့ ၊ ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ ၊ စစ်အာဏာရှင်ကို မုန်းလို့
စစ်တပ်ထဲကို မရမက၀င်ခဲ့တဲ့ ဦးသိန်းစိန်။ လူသာဓုခေါ်နတ်သာဓုခေါ်
တဲ့ အခြေခံဥပဒေကိုလည်း ဖြစ်အောင်ရေးဆွဲခဲ့တယ်။ ဘယ်နိုင်ငံနဲ့မှ
မတူတဲ့ ရွေးကောက်ပွဲကြီးကိုလည်း အောင်အောင်မြင်မြင် ကျင်းပပေး
ခဲ့တယ် ။ အာစီယံဥက္ကဌလည်း ဖြစ်အောင်လုပ်ပေးခဲ့တယ် ။ ဒီမိုကရေစီ
နဲ့ လူ့အခွင့်အရေး တောင်းဆိုမှုတွေကိုလည်း ထောင်အကြိမ်ကြိမ်
အကျခံပြီး လုပ်ခဲ့တယ်။ တွေ့ဆုံဆွေးနွေးရေးကိုလည်း အမြဲကမ်းလှမ်း
ခဲ့တယ် ။

အာဏာရှင်တွေရဲ့ ဖိနှိပ်ကန့်ကွက်မှုတွေအမျိုးမျိုးကြားက ဒီမိုကရေစီမှ
ဒီမိုကရေစီဆိုပြီး အရဲစွန့် ချီတက်ခဲ့တဲ့ဦးသိန်းစိန် ။ နိုင်ငံရေးအကျဉ်း
သားတွေကို အကုန်လုံးပြန်လွှတ်ပေးဖို့ တဖွဖွတောင်းဆိုနေတဲ့ ဦးသိန်း
စိန် ဘာကြောင့် နိုဘလ်ဆု မရသလဲ ။ နားမလည်နိုင်အောင်ပဲ ။

ဦးသိန်းစိန်ကို သမ္မတဖြစ်နေလို့ ပေးရမှာ အားနာနေရင်လည်း သူ့လိုပဲ
ဒီမိုကရေစီအတွက် အသက်စွန့်ကြိုးပမ်းနေတဲ့ ဦးရွှေမန်းကို ပေးလိုက်ပါ
လား ။ ဦးရွှေမန်းကလည်း ဒီမိုကရေစီအတွက် မွေးဖွါးလာခဲ့သူပဲ ။ သူတို့
တွေ စစ်တပ်ထဲဝင်ခဲ့တာ ဒီမိုကရေစီရရှိရေးအတွက်ပေါ့ ။ စစ်သားဘ၀နဲ့
ဒီမိုကရေစီရော နိုဘလ်ဆုရောရဖို့ မလွယ်လောက်ဘူးထင်တာနဲ့ အရပ်
ဝတ်ကို လဲခဲ့ကြတာ ။ ခေါင်းပေါင်းတွေ ပေါင်းခဲ့ကြတာ ။ ချိတ်ထမီတွေ
ဝတ်ခဲ့ကြတာ ။ အခုတော့ ကောင်းကြသေးရဲ့လား ။ နိုဘလ်မပြောနဲ့
ဟီလာရီ လာတုန်းကတောင် အဖက်မခံခဲ့ရဘူး ။

ဘာလိုလိုနဲ့ စစ်အာဏာရှင်လိုလားတဲ့ ဒေါ်စုကြည်တောင်လွှတ်တော်ထဲ
ရောက်လာတော့မယ် ။ သူက ဒီမိုကရေစီအတွက် အကြီးမားဆုံး အန္တရာယ်
ပဲ ။ သူရှိနေလို့ကတော့ တိုင်းပြည် ကောင်းစားမှာကို မဟုတ်ဘူး။ သူ့ကို
ကျတော့ နိုဘလ်ဆုပေးတယ် ။ သူက ဘာမှလုပ်တာ မဟုတ်ဘူး ။ သူ့
အိမ်ထဲ သူနေနေတာ ။အနှစ်နှစ်ဆယ်ကျော်အတွင်း သူ့ခြံထဲက အပြင်
တောင် သိပ်ထွက်တာ မဟုတ်ဘူး ။ တိုင်းပြည်ရဲ့ဒုက္ခတွေကို ဥပက္ခာပြု
ထားတာ ။

ဦးသိန်းစိန်တို့ ဒီပဲရင်းဒေသ ဒီမိုကရေစီရေးသွားတုန်းကလည်း ဒေါ်စုတို့
အုပ်စုပဲ ညဖက်ကြီး ချောင်းပြီး ရိုက်ကြနှက်ကြတာ ။ ဦးသိန်းစိန်တို့ကံကြီး
ပေလို့ ။ ဒီမိုကရေစီကို စောင့်ရှောက်တဲ့နတ်ကောင်း နတ်မြတ်တွေ ကယ်
ပေလို့ ။ တိုင်းပြည်အပေါ်ထားတဲ့ သစ္စာမှန်ပေလို့ အသက်ဘေးက လွတ်ခဲ့
ရတာ ။

မင်းကိုနိုင်တို့လို ၈၈ကျောင်းသားလေးတွေ ထောင်ထဲက မထွက်နိုင်တာ
လည်း သူ့ကြောင့်ပဲ ။ သနားပါတယ်။ ကိုယ့်သားသမီးအရွယ် သူတို့လေး
တွေ အမြန်ဆုံးပြန်လွတ်နိုင်အောင် ဦးသိန်းစိန်က ဘုရားရှိခိုးတိုင်းဆုတောင်း
တယ်။ သူ့အနေနဲ့ အနည်းဆုံး ဒါပဲလုပ်နိုင်တာ မဟုတ်လား ။ ဒေါ်စုကြည်
တို့ တိုင်းပြည်ကို နှိပ်စက်လွန်းတယ် ။

ဒီအမျိုးသမီးက အာဏာရှင် ။ မြန်မာ့တပ်မတော်ကို သူ့အဖေ ထောင်ခဲ့တာ
ပေါ့ ။ ဒီအရှိန်နဲ့ မိုက်လုံးကြီးနေတာ ။ ဒါပေမဲ့လည်း တိုင်းပြည်မျက်နှာကို
ကြည့်ပြီး ဦးသိန်းစိန်က သူနဲ့ ထမင်းအတူစားခဲ့ပါတယ် ။ ပြေရာပြေကြောင်း
ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို ကမ်းလှမ်းခဲ့ပါတယ် ။ ဦးသိန်းစိန်က ဒီလို
မေတ္တာကြီးမားသူပါ ။

၂၀၁၄ဆို မြန်မာပြည် အာစီယံဥက္ကဌဖြစ်ပြီ ။ အဲဒါ ဒီမိုကရေစီရတာပဲ ။ အခု
တောင် တော်တော်လေးရနေပါပြီလေ ။ အဲဒီအချိန်မှာ ဦးသိန်းစိန်ဖြစ်ဖြစ်
ဦးရွှေမန်းဖြစ်ဖြစ်၊ နှစ်ယောက်လုံး ပူးတွဲချံပီယံဖြစ်ဖြစ် နိုဘလ်ဆု မရဘူးဆို
ရင်တော့ အာစီယံဥက္ကဌဖြစ်တုန်း “နယ်ဗိုလ်” ဆုဆိုတာကို ထွင်ပြီး ကိုယ့်
ကိုယ်ကို ပေးပစ်မယ် ။ ဒီမိုကရေစီဖခင်ကြီးဖြစ်တဲ့ ဦးသန်းရွှေကိုလည်း ပေး
ပစ်မယ် ။ မြန်မာ့ဒီမိုကရေစီအစ သိန်းစိန်က ဖြစ်စေရမယ် ။

(မှတ်ချက် ။ ဤစာမူသည် မြန်မာ့အလင်းသတင်းစာတွင် ထည့်ရန်ဆုံးဖြတ်ချက်
ကျပြီးကာမှ ပယ်လိုက်သည့်စာမူဖြစ်ပါသည်။ မည်သူ့အမိန့်ဖြင့်ပယ်သနည်းကို
ယနေ့အထိ မသိရသေးပါ ။)

(ရုပ်ပုံ ၊ ဂူဂလ်)

5 comments:

Anonymous said...

ဟားဟားဟား...ခင်ဗျားနော် ဒါမျိုးတွေများများကြီးဆက်ရေးနေလို့ တနေ့ကျရင် အိမ်တိုင်ရာရောက် အထုပ်လိုက် အပုံလိုက် အစည်းလိုက် သေတ္တာလိုက် အိုးပြည့် တောင်းပြည့် ဇလုံပြည့် ထားစရာနေရာမကျန်လောက်အောင်ကို အတင်းမယူမနေရ ဒီမိုကရေစီတွေ အများကြီး လာပေးနေမှာကို မြင်ယောင်သေးတော့တယ်နော်။

Anonymous said...

ဟီဟိ...လူဇိုးဂျီး သိပ်ကူလီကူမာ ပြောတာဘဲ...။

kay said...

မပူပါနဲ့..တရုတ်ပြည်က.. နိုဘဲလ် နဲ့ အပြိုင် ကွန်ဖြူးရှပ် ပေး နေပါပြီ။ ပူတင်း တောင် ရ ပြီ ဆိုတော့.. နီးပါပြီ။ နောက်တနှစ် ၂ နှစ် ဆို .. ရပြီ။

Hmoo said...

ဒို့ပြန်ရောက်ရင်ဟေလာရီမဖက်လဲကိုယ်ရှိတယ်
ဆိုဖက်ရုံမကနမ်းပါပြစ်ဦးမယ်...

sian said...

ဟုတ်တယ် ဟုတ်တယ်