Monday, December 5, 2011

ဘုန်းဘုန်းတို့ပျော်ရာမြေ




















မြန်မာပြည်မှာ ဘုန်းဘုန်းပေါတာ လူတိုင်းအသိ ။ ဘယ်နှစ်ပါးရှိမှန်းတော့
မသိ ။ အစိုးရကတော့ ဘုန်းဘုန်းသန်းခေါင်စာရင်း လုပ်ထားပုံရတယ် ။
မထုတ်ပြန်တော့ မသိရ ။ ဘုန်းဘုန်းမှာလည်း နှစ်မျိုးရှိတယ် ။ အစိုးရစာရင်း
ပေါက် ဘုန်းဘုန်းနဲ့ ။ ဒုလ္လဘဘုန်းဘုန်း ။ အမြဲတန်းဘုန်းဘုန်းနဲ့ ယာယီဘုန်း
ဘုန်းပေါ့ ။ ကိုရင်လေးတွေလည်း အတော်များတယ် ။ လူတရာမှာ ဘယ်နှစ်
ယောက်က ဘုန်းဘုန်းဖြစ်နေသလဲ သိချင်သား ။

မြန်မာပြည်တခွင် လူစည်ကားတဲ့နေရာတွေမှာ ဓါတ်ပုံရိုက်လိုက်ပြီဆိုရင် ပါ
လာတတ်တာတွေက အရပ်သူအရပ်သားတွေအပြင် ဘုန်းဘုန်း သို့မဟုတ်
ကိုရင် ။ စစ်သား သို့မဟုတ် ခွေးတွေပဲ ။ အလွယ်တကူမြင်တွေ့နိုင်သူတွေမို့
ပေါများတယ်လို့ ဆိုရင် ရနိုင်တယ်။ မယ်သီလရင်တွေလည်း မြန်မာပြည်တခွင်
မနည်းလှဘူး ။ ဆရာလေးတွေရော ၊ ဆရာကြီးတွေရော ၊ သီလရင်ပေါက်စ
လေးတွေရော အရွယ်စုံ ရှိတယ် ။

ဗုဒ္ဓဘာသာ ထွန်းကားရာ တိုင်းပြည်ကိုး ။ ဒီလောက်တော့ ရှိမှာပေါ့ ။ တိဘက်
မှာလည်း ဒီလိုပဲ ။  သီရိလင်္ကာလည်း ဒီလိုပဲ ။ ဘုန်းဘုန်းတွေ အတော်ပေါ ။
သီလရင်တွေလည်း အတော်ပေါ ။ ထိုင်းနဲ့ကမ္ဘောဒီးယားမှာတော့ ဘုန်းဘုန်း
တွေကိုပဲ အတွေ့များတယ် ။ သီလရင်နည်းတာ ဘာကြောင့်ရယ် မသိ ။ အိန္ဒိယ
မှာလည်း ဘုန်းဘုန်းတွေရှိတယ်။ ဗုဒ္ဓဘာသာ စပြီးထွန်းကားတဲ့ အိန္ဒိယမှာ မြန်
မာပြည်လောက် ဘုန်းဘုန်းတွေ မများတော့ဘူး ။ မြန်မာဗုဒ္ဓဘာသာလောကမှာ
အမျိုးသားတွေက ဒုလ္လဘတော့ အနည်းဆုံး တကြိမ်လောက် ခံလိုက်ရမှ ။ သာ
သနာ့ဘောင်မှာပျော်ရင် ပျော်သလောက် နေတတ်ကြတာကိုး ။

အခုဆို ပြည်ပမှာ မြန်မာတွေများလာတော့ မြန်မာဘုန်းဘုန်းတွေလည်း နိုင်ငံ
တကာမှာ အခြေစိုက်လာတာ အတော်များလာပြီ ။ ဘယ်နှစ်ပါးရှိမှန်းတော့
မသိ ။ ပြည်တွင်းမှာ သင်လို့မ၀နိုင်ပဲ နိုင်ငံခြားကို ပညာထွက်သင်ကြတဲ့ ပညာ
ရေးဘုန်းဘုန်းတွေလည်း များလာပြီ ။ လူမှုရေးလုပ်ငန်းတွေလုပ်တဲ့ ဘုန်းဘုန်း
တွေလည်း များလာပြီ။ နိုင်ငံရေးလှုပ်ရှားတဲ့ ဘုန်းဘုန်းတွေလည်း မနည်းဘူး ။

နိုင်ငံရေးအမြင်နဲ့ ဘုန်းဘုန်းတွေများတာကို ဝေဖန်တာတွေ ကြားဖူးတယ် ။ ဘုန်း
ကြီးတွေက ကုန်ထုတ်လုပ်မှု မရှိဘူး ။ အချောင်သမားတွေ ။ ဘာသာရေးဘန်းပြ
ပြီး လူညွန့်ခူးစားသူတွေ ။ လက်ကြောမတင်းသူတွေ၊ တရားကို တကယ်ကျင့်တဲ့
ကိုယ်တော်က နည်းနည်း။ လူတွေနဲ့ရောတဲ့ကိုယ်တော်က များများ စသဖြင့်ပေါ့ ။

စာသင်ကိုယ်တော်တွေရဲ့ဘ၀ကတော့ မလွယ်လှတာ အမှန်ပဲ ။ စာသင်တိုက်
ကြီးတွေ ရောက်ဖူးတယ် ။ ဆွမ်းလည်းခံရသေး ။ စာလည်းကျက်ရသေး ။
မချောင်လှဘူး ။ ဒကာကောင်း နောက်ခံရှိဖို့ကလည်း လိုသေးတယ် ။ ဘုန်းဘုန်း
အများစုက ကျေးလက်ဒေသက ။ ချို့တဲ့ကြတယ် ။ ဘုန်းကြီးဘ၀နဲ့ အောင်မြင်ဖို့
အတော်ကြိုးစားရတယ် ။ စာတတ်ရုံနဲ့ မပြီး ။ အဟောအပြော၊ အနေအထိုင် ၊
အစည်းအရုံး ကောင်းဖို့ကလည်း လိုသေးတယ် ။

၂၀၀၇ခုနှစ် သံဃာ့လှုပ်ရှားမှုကတော့ အတော်အံ့သြဖို့ကောင်းတယ်လို့ ဆိုရမယ် ။
မြန်မာ့သမိုင်းမှာ ဒီလိုအဖြစ်မျိုး မရှိဘူးထင်တာပဲ ။ မိုးပြင်းတွေရွာနေတဲ့အထဲ
ထောင်နဲ့ချီတဲ့ ဘုန်းဘုန်းတွေ မေတ္တာပို့ရင်း ချီတက်ကြတဲ့ပွဲမျိုးက ကြက်သီးထဖို့
ကောင်းတယ်။ မြင်ရသူတွေ မျက်ရည်ကျရတဲ့အထိ ဖြစ်ခဲ့တယ် ။ အဲဒီတုန်းက ဗုဒ္ဓ
ဘာသာဝင် မဟုတ်သူတွေတောင် ဘုန်းဘုန်းတွေကို ကြည့်ပြီး မျက်ရည်ကျရသတဲ့ ။

အငြင်းပွါးစရာဖြစ်နေတာတခုက မြန်မာပြည်မှာ စေတီပုထိုးတွေလည်း လက်ညှိုး
ထိုး မလွဲ။ ဘုန်းဘုန်းတွေလည်း လက်ညှိုးထိုးမလွဲ ရှိနေပေမဲ့ တတိုင်းပြည်လုံး
ဒုစရိုက်တွေ ဘာကြောင့်ပေါများနေရသလဲ။ အစိုးရကအစ ၀န်ထမ်းတွေအဆုံး ။
တရားသူကြီးကအစ ဈေးသည်နဲ့ ကားစပယ်ယာအဆုံး စရိုက်တွေဘာကြောင့်
ကြမ်းတမ်းနေရသလဲ။ ကိုယ်ကျင့်တရားတွေ စိတ်ပျက်ဖို့ကောင်းအောင် ဆိုးရွား
နေရသလဲဆိုတာပါ ။ ဘာသာရေးအဆုံးအမဆိုတာ မြန်မာလူ့အဖွဲ့အစည်းအတွက်
ဘယ်လောက် ထိရောက်တဲ့ အရာလဲပေါ့ ။

တချို့ကလည်း သုံးသပ်တယ် ။ တိုးတက်ချမ်းသာတဲ့ တိုင်းပြည်တွေမှာ သာသနာ့
ဝန်ထမ်းတွေ နည်းသွားတယ်။ ဒီလိုဖြစ်ရတာကလည်း ပြည်သူတွေက ကိုယ့်အား
ကိုယ်ကိုးပြီး ရပ်တည်နိုင်လာလို့ ။ ကိုယ်တိုင်ယုံကြည်မှု ပိုရလာလို့ ။ ရုပ်ပိုင်းရော
နာမ်ပိုင်းပါ ခိုင်မာလာလို့ သာသနာ့အနွယ်ဝင် သူတော်စင်များ နည်းပါးသွားပါသတဲ့ ။
ဒါကလည်း လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုတခုဖြစ်ပါသတဲ့ ။ ဆိုလိုတာက ဆင်းရဲလို့
ဖြစ်ရတဲ့ ကိစ္စတွေထဲမှာ ဘုန်းဘုန်းတွေများနေတာလည်း ပါနေတယ်ဆိုတဲ့သဘော ။

ဟုတ် မဟုတ် ။ ဆွေးနွေးကြပါဦး ။

(ပန်းချီ ၊ မင်းဝေအောင်)

8 comments:

Kyaw Kyaw Singapore said...

မှတ်ပြီလား
:D

ကိုပေါ said...

"မရှိလို့မလှူ၊ မလှူလို့ မရှိ" ဆိုတာမျိုး မဖြစ်ရလေအောင် ကပ်လှူပူဇော်စရာ ဘုန်းဘုန်းတွေ များများရှိပေးနေရတာပါဗျာ။

ဒါ့အပြင် ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ နာရေး၊ အေအိုင်ဒီအက်စ်ရေး ကိစ္စအဝဝမှာလည်း ပြည်သူများ စိတ်တိုင်းကျ ပါဝင်လှူဒါန်းနိုင်အောင် အစိုးရမင်းများက သူတို့အလုပ်တာဝန်များကို တမင်တကာ လျစ်လျူရှု လစ်ဟင်းပေးခြင်းဖြင့် အလှူအတန်းကို အားပေးပြန်ပါတယ်။ ဒီလောက်နဲ့ လှူဒါန်းလို့အားမရသေးသူများအတွက် နိုင်ငံရပ်ခြားမှ စွယ်တော်များကို ပင့်ဖိတ်ပြီး ထပ်မံ လှူဒါန်းစေပြန်ပါတယ်။ လှူပါများရင် ရှိလာမှာပါ။ နိုင်ငံတော်ရဲ့ စေတနာတွေကို သဘောပေါက်ပါ။ ဒီလိုနည်းနဲ့ ဆင်းရဲသားပပျောက်ရေးကို နိုင်ငံတော်အစိုးရမှ စွမ်းစွမ်းတမံ ဆောင်ရွက်နေပါကြောင်း။

(ဘုန်းဘုန်းတွေများနေခြင်းနဲ့ ဆင်းရဲမွဲတေမှု ဆိုင်မဆိုင်အကြောင်း အိမ်ပြန်ရောက်မှ ကျနော့်အမြင်ကို ရှည်ရှည်ဝေးဝေး ဆွေးနွေးပါဦးမယ်။)

Kay said...

စဉ်းစားစရာပဲ။
စဉ်းစားနေတယ်။
နောက်မှပဲ စဉ်းစားတော့မယ်။

အင်း ..ဟီလာရီ ကို..ဟိုဘုရားကြီး ဒူးကို ပွတ်ခိုင်းအုံးမလားလို့ စိုးရိမ်နေတာ..တော်သေးတာပေါ့။

ဒုအပိုဒ် က..အရင်ပို့စ် အတွက်ပါး)

Kyaw Kyaw Singapore said...

Paw Gyi!

Bar twe lar pyaw nay dar le!

I ask you to shut up your mouth.
Still don't understand?

ညီမလေး said...

ဦးလေး...ထင်တာပြောရရင်တော့ ဟိုစကားပုံလိုပေါ့ ။
မရှိတာထက် မသိတာခက် ။
မသိတာထက် မလုပ်တာခက် ဆိုသလိုပေါ့။
ရှိပြီးလက်တွေ့ကျင့်သုံးသူနည်းလို့ပေါ့ဗျာ ။

ပုံ/စစ်ကိုင်းသူ (သီလရှင်လူထွက်)

ကိုပေါ said...

"ဆိုလိုတာက ဆင်းရဲလို့
ဖြစ်ရတဲ့ ကိစ္စတွေထဲမှာ ဘုန်းဘုန်းတွေများနေတာလည်း ပါနေတယ်ဆိုတဲ့သဘော ။
ဟုတ် မဟုတ် ။ ဆွေးနွေးကြပါဦး ။"


တော်တော်လေးတော့ ယုတ္တိရှိတဲ့ အဆိုပဲ။ မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ အယူအဆက ကိုယ့်သားကို ရဟန်းဘောင်ကို သွတ်သွင်းပေးရင် သာ့သနာ့ဒါယိကာဖြစ်တယ်၊သာသနာ့အမွေဆက်ခံတယ် စသဖြင့် အယူအဆရှိတာကတော့ တပိုင်းပေါ့လေ။

ဒါပေမယ့် ဒီဘက်ခေတ်မှာ မိဘက ကြွယ်ဝချမ်းသာတဲ့မိဘဆိုရင် ပထမဦးဆုံးအနေနဲ့ ကိုယ့်သားကို ဘုန်းကြီးကျောင်းသားလုပ်ဖို့ ဘုန်းကြီးကျောင်းကို ပို့တော့မယ်မထင်ဘူး။ အတန်းကျောင်းကိုပဲ ပို့ကြလိမ့်မယ်။ အရင်မြန်မာမင်းတွေလက်ထက်ကတော့ ဘုန်းကြီးကျောင်းပညာရေးပဲ ရှိတာဆိုတော့ တခြား ရွေးချယ်စရာ အခွင့်အလမ်းမရှိလှဘူးလေ။ ဘုန်းကြီးကျောင်းသားဘဝကနေ နောက်တော့ သင်္ကန်းစီးပေးလိုက်ရော။ သူပျော်ရင် ရဟန်းဘဝနဲ့ပဲအရိုးထုတ်ပေါ့။ ကျနော့်ရွာကသူငယ်ချင်းတွေမှာ အဲသည်လိုနဲ့ တသက်လုံး ရဟန်းဝတ်သွားတဲ့ သူငယ်ချင်းတွေလည်း ရှိတယ်။

တိုင်းပြည်မှာ အကြပ်အတည်းပေါင်းစုံ နေ့စဉ်လူမှုဒုက္ခပေါင်းစုံမြင်ပြီး တကယ်ပဲ လူဝတ်ကြောင်ဘဝကို စိတ်ကုန်ပြီး ဝတ်သွားကြသူတွေလည်း အများစုပါနိုင်တယ်။ နောက်အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း ရှားပါးတော့ ဒါကလည်း ထွက်ပေါက်တခုအနေနဲ့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုဆို လူငယ်တွေ မိဘအပေါ်မှာ မှီကပ်စားနေကြရတာ အိမ်ထောင်ပြုဖို့တောင် မစဉ်းစားရဲကြဘူးဆိုတော့.... ဆင်းရဲမွဲတွေခြင်းကြောင့် ဖြစ်ရတဲ့ ကိစ္စတွေထဲက တခုဆိုတာ မှန်သင့်သလောက်တော့ မှန်ပါကြောင်း။

အကျိုးဆက်ကို နည်းနည်းလောက် ထပ်ကွန့်ရရင်တော့...

ရွာတရာမှာ ဘုန်းကြီးဝတ်သွားတဲ့လူ ၅ ယောက်ရှိမယ်ဆိုရင် အဲဒီရွာက မိန်းကလေး အနည်းဆုံး ၅ ယောက်အတွက် အပျိုကြီးဖြစ်ဖို့၊ ဒါမှမဟုတ် ဘာသာခြားနဲ့ ယူဖို့ အခွင့်အလမ်းမြင့်တက်လာမယ်။ ဘာသာခြားနဲ့ယူလိုက်ရင် သာသနာပြန့်ပွားရေးမှာ နည်းနည်းထိခိုက်သွားတော့ နှစ်ဖက်ဒါးသွားလိုပေါ့။

နောက် ဘုန်းကြီးဝတ်သွားတဲ့လူတွေက အရွယ်ကောင်းတွေဆိုတော့ ကိုဘလူးစကိုင်းရဲ့ မိတ်ဆွေပြောတဲ့ Productivity ကျဆင်းတယ်ဆိုတာလည်း မှန်သင့်သလောက် မှန်တယ်။ နောက်မိအိုဖအိုတွေကို ကြည့်ရှုစောင့်ရှောက်မယ့် လူတွေ လျော့နည်းသွားပြီး အစိုးရနဲ့ အခွန်ထမ်းပြည်သူတွေအပေါ် ဝန်ပိလာမယ်။ (နိုင်ငံတော်အစိုးရက ဒီ သက်ကြီးရွယ်အိုတွေ ပြုစုစောင့်ရှောက်ရေးကိစ္စကို အမြော်အမြင်ရှိရှိနဲ့ ရှောင်လွှဲနေလို့တော်သေး)။ တခြားနိုင်ငံတွေမှာ သက်ကြီးရွယ်အိုတွေရဲ့ ဝန်ကို ထမ်းရတဲ့ ပြဿနာတွေ ပေါ်နေချိန်မှာ.... မြန်မာနိုင်ငံကတော့ နကိုကတည်းက ထုံးတမ်းစဉ်လာအရ မိအိုဖအိုတွေကို လုပ်ကျွေးပြုစုကြတဲ့နိုင်ငံဆိုတော့ သိပ်ပြဿနာမရှိခဲ့ဘူး။ ဒါပေမယ့်တဖက်မှာလည်း လူရွယ်ပိုင်းတွေ၊ သက်လတ်ပိုင်းတွေရဲ့ ဝန်ကိုပါ ထမ်းပိုးရတဲ့ အနေအထားဖြစ်လာတယ်။

ဟိုးမြန်မာမင်းတွေလက်ထက်ကလို... ပြင်ပကမ္ဘာနဲ့ သိပ်ကူးလူးဆက်ဆံမှုမရှိဘဲ... မြန်မာလူနေမှုစနစ်က ရိုးစင်းပြီး ရောင့်ရဲတင်းတိမ်တတ်တယ်ဆိုရင်တော့ သိပ်ပြဿနာမရှိလှပါဘူး။ ဆင်းရဲလည်း ဘဝမှာ နေပျော်ဖို့က အဓိက ဆိုတော့ ဒီကိစ္စဟာ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အခုခေတ်မှာကျတော့ ပြင်ပကမ္ဘာနဲ့ ကူးလူးဆက်ဆံလာတယ်။ လူတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအလုပ်အကိုင်တွေက မြန်မာမင်းတွေလက်ထက်ကနဲ့ မတူတော့တဲ့အချိန်မှာ လူတွေရဲ့ ရောင့်ရဲခြင်းတရားကလည်း ကျဆင်းလာတယ်။ ဒီမှာတင် ဆင်းရဲလည်း ပျော်ပျော်ပဲဆိုတဲ့ သဘောသဘာဝကွယ်ပျောက်ပြီး ဆင်းရဲမွဲတေခြင်းသည်ပင် ပြဿနာအပေါင်းတို့၏ ရင်းမြစ်လိုလို ဖြစ်လာတယ်။

ဒီတော့ ဆင်းရဲမွဲတေမှုပပျောက်ဖို့က အမှန်တကယ်လိုအပ်တယ်။ ဒါပေမယ့် ဆင်းရဲရခြင်းရင်းအကြောင်းရင်းကြီးကိုယ်နှိုက်က ဆင်းရဲမှုပပျောက်ရေးလုပ်နေတာဖြစ်နေတော့လဲ...

Kyaw Kyaw Singapore said...

Nga Paw!

Shut up your mouth

U don't understand what i say?

f**King Dog!

Kyaw Kyaw Singapore said...

I agree with you Ko Paw, I am so sorry Paw Gyi