Friday, December 2, 2011

ထစ်ကနဲဆို ရွှေတိဂုံ















ရွှေတိဂုံစေတီဟာ ကမ္ဘာ့အံ့ဖွယ်စေတီတခု မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာ့အံ့ဖွယ်
စေတီတခုဆိုတာတော့ သေချာပါတယ် ။ ရွှေတောင်ကြီးအလား ကြီးမားထည်ဝါ
တဲ့ စေတီကြီးတဆူပါ ။ ဗုဒ္ဓဘာသာဝင်တွေအတွက် အတော်ရင်ခုန်စရာကောင်း
တဲ့ စေတီကြီးပါပဲ ။ ရွှေတိဂုံကိုဖူးရရင်ပဲ သေပျော်ပါပြီဆိုသူတွေကို တွေ့ဖူးတယ်။

အိမ်နီးချင်းနိုင်ငံတွေထဲမှာ ထိုင်းကဗုဒ္ဓဘာသာဝင်တော်တော်များများက ရွှေတိဂုံ
စေတီကို သိကြတယ်။ သွားချင်ကြတယ်။ သူတို့အတွက်လည်း ရွှေတိဂုံဟာ အံ့ဖွယ်
စေတီတခုပဲ။ ရန်ကုန်မြို့ကိုရောက်လာတဲ့ ဧည့်သည်တွေအတွက်လည်း ရွှေတိဂုံ
ဘုရားက လည်ပတ်ရမယ့်စာရင်းထဲမှာ ထိပ်ဆုံးကပါတယ် ။

ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေအတွက် ရွှေတိဂုံစေတီဟာ ဘယ်လိုသဘောရှိမလဲ ။
ကြည့်လို့ကောင်းတဲ့ ပိသုကာလက်ရာမြောက် ဗုဒ္ဓဘာသာ စေတီတခုပဲပေါ့ ။ အား
တဲ့အခါတိုင်း သွားလည်စရာနေရာ တခုတော့ မဟုတ်ဘူး ။ ရန်ကုန်မြို့နေ ဗုဒ္ဓဘာ
သာဝင်တွေအတွက်တော့ အားတဲ့နေ့တွေမှာ ဘုရားတက်မယ်ဟေ့ဆိုပြီး ရွှေတိဂုံ
ကို ရောက်တော့တာပဲ ။

ပြည်ပရောက် မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့အိမ်တွေမှာလည်း ရွှေတိဂုံက ပြေးမလွတ်
ပါဘူး ။ မြန်မာတို့အတွက် ဂုဏ်ယူစရာ ကိစ္စကြီးတခုပါ ။ မိတ်ဆွေဗမာ ခရစ်ယန်တဦး
က ဧည့်လမ်းညွှန်လုပ်ပါတယ် ။ ရယ်စရာကောင်းတာက ရွှေတိဂုံစေတီသမိုင်း၊ စေတီ
ရဲ့ ဘယ်နေရာမှာ ဘာရှိတယ်၊ ဘယ်အရုပ်က ဘာသဘော၊ ဘယ်အချိန်ဆိုရင် ဘာ
လုပ်သလဲ စတာတွေကို သာမန်ဗုဒ္ဓဘာသာဝင်တွေထက် ပိုသိနေပါတယ်။ ပုဂံဘုရား
တွေဆိုလည်း ဒီအတိုင်းပဲ ။ အလွယ်တကူ သိချင်ရင် သူ့ကိုမေးရတယ် ။ သူ့အလုပ်
ကိုက ဗုဒ္ဓဘာသာကိစ္စတွေ သိထားမှ လုပ်စားလို့ရမယ့် အဖြစ်ကိုး ။ သူကတော့ ခရစ်
ယန်ဘာသာကို အလေးအနက်ယုံကြည်လှုပ်ရှားသူ တဦးပါ ။

မြန်မာပြည်ကို နိုင်ငံတော်ဧည့်သည်အနေနဲ့ရောက်လာသူတွေကိုလည်း ရွှေတိဂုံစေ
တီ အလည်အပတ်သွားဖို့ မြန်မာအစိုးရက စီစဉ်ပါတယ်။ လောလောဆယ် ဟီလာရီ
ကလင်တန်ပေါ့ ။ သူကလည်း ဘုရားကျောင်းပုံမှန်တက်တဲ့ ခရစ်ယန်အမျိုးသမီးတဦး
ပါ ။ သူ့အရင် မစ္စတာ ဂမ်ဘာရီဆိုတဲ့ မူဆလင်ကြီးလည်း ရွှေတိဂုံဘုရားကို ဖူးခဲ့ရပါ
ပြီ။

သိရသလောက် တခြားနိုင်ငံတွေမှာ နိုင်ငံတော်ဧည့်သည်လာရင် သူတို့ဘုရားတွေ
ဆီ မဖြစ်မနေသွားဖို့ စီစဉ်တာတွေ မရှိပါဘူး ။ မြန်မာအစိုးရခေါင်းဆောင်တွေကို
တခြားနိုင်ငံတွေက ပလီတွေထဲ၊ ခရစ်ယန်ဘုရားကျောင်းတွေထဲ ခေါ်သွားရင် ဘယ်
လိုနေကြမယ်မသိဘူး ။

(ရုပ်ပုံ ၊ ဂူဂလ်)

14 comments:

Mg Mg Singaproe said...

Pls try to see from Positive Point of View.

Not try to blame whatever and whenever Gov do.

At present, Important thing for our country is unity of all people inside country (both military & civilian). Blaming to each other can not solve the problems and it can make country more poor and poor.

Anonymous said...

ရူးပါ့ကွာ သုံးသပ်ချက်ကတော့ တစ်ကယ့်မြောင်းထဲကပဲ

ကိုပေါ said...

I have the same view on this.

Besides, What is the point of showing "Shwedagon" while keeping the monks in jails?

Anonymous said...

ချောင်ဟိုင်း

Anonymous said...

better take it as an ethical advise. U Thein Sein needs an ethical adviser apparently.

Sint Si said...

I think, Shwedagon is the best national monument they can show of to foreigner.Nothing to do with religious and political reason.

Anonymous said...

ကိုပေါ & blueskyforest
Mrs.Clinton က သွားချင်တယ်ဆိုလို့ လိုက်ပို့ ပေးရတာပါဗျာ။
Shwedagone ဆိုတာ မြန်မာပြည်ရဲ့ အထင်ကရပါ။
ဘာသာမတူပေမဲ့  လေ့လာချင်တဲ့ သဘောနဲ့ သွားတာနေမှာဘာ။
Nothing is easier than fault-finding !

Kyaw Swar said...

Myanmar is still very far from democracy because some of people (like Nga paw & blueskyforest) still don't have positive thinking.
They are just blaming to both sides ( Gov & DASSK). Mrs.Clinton's visit to Shwedagon is nothing wrong.

I want to advise such people (like nga paw) that Pls try to think what you can do for your country.

Anonymous said...

Attention to Blog Owner & Mg Paw

Don't Talk nonsense with lowest mindset !

Stay away from Myanmar if you two don't have positive approach.

We don't need people like you two who just sitting in front of computer and blaming.

Anonymous said...

သွားပြီးလေ့လာတာနဲ့ သွားပြီးကြည်ညိုတာနဲ့ အလွန်မတန်ကွာပါတယ်။ ခက်တယ်ဗျာ.. အရင်က ရေးခဲ့တာတွေ သဘောကျပါတယ်။ ဒီတခုပါပဲ.. ရန်ကုန်မှာ နိုင်ငံခြားသားတယောက် စိတ်ဝင်စားနိုင်တဲ့ တခြားနေရာတွေရှိရင် သိအောင် တခါထည်း ပြောပြပါ့လား.. နောင် မဖြစ်စေချင်ဘူးဆိုရင်..
N/A

Anonymous said...

ဟဲဟဲ.. ဟုတ်မှန်ရာကိုပြောမိလို့ အတော်ခံပြင်းကြပုံရတယ်။ ဘိုဂျုတ်ကြီးတွေ ဘိုဂျုတ်ကြီးဟောင်းတွေမှာ ပြစရာဆိုလို့ ဒါပဲရှိတော့တာကိုးဗျ။ နိုင်ဂံဂျားသားတွေကိုဆိုတော့ ပြည်တွင်းမှာပဲ အင်ထုလို့ရတဲ့၊ ဘုန်းတော်တံခိုးတော်တွေကြောင့် ဖမ်းမိထားတာဆိုတဲ့ ဟိုအရေပြားရောဂါရနေတဲ့အကောင်တွေကိုလည်း လိုက်ပြလို့ကမဖြစ် လူရယ်စရာကြီးဖြစ်နေမှာမို့ ဒုက္ခ။

Kyaw Kyaw Singapore said...

I agree with bluEskyfOresT & Ko paw
very good

Kyaw Kyaw Singapore said...

:D

Anonymous said...

ဘုရား စေတီတောင် အလွတ် မ ပေး အား တိုင်း လျှောက်ရေးနေ ရေးစရာ ရှားလားကွာ