Wednesday, August 4, 2010

ခင်မောင်မြင့်ပြတိုက်













မြမြမင်းကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးတဦးပဲ။ သူက
ဆေးကျောင်းသာတက်နေတာ ဆရာဝန်တော့လုပ်ချင်တာ မဟုတ်ဘူး။
သူ့စိတ်ဝင်စားတာက ငါးတွေရယ်၊ ပန်းတွေရယ်။ ပြတိုက်တွေရယ်။
သူဖြစ်ချင်တာက သုတေသီ။

မြန်မာပြည်က မြစ်ချောင်းအင်းအိုင်တွေမှာ သဘာဝအတိုင်း ပေါက်ဖွါးကြ
တဲ့ ငါးမျိုးနွယ်စုတွေထဲ အလှမွေးငါးအဖြစ် သတ်မှတ်နိုင်တဲ့ ငါးတွေ ရှိသတဲ့။
ဒီငါးတွေက ကမ္ဘာ့အလှမွေးငါးစာရင်းထဲမှာ မ၀င်သေးဘူး။ ဒေသအလျှောက်
အမည်ပေးထားတဲ့ငါးတွေ။ ဒီငါးတွေကို သေချာမွေးမြူပြီး ကမ္ဘာ့အလှမွေးငါး
စာရင်းဝင်အောင် လုပ်ချင်တယ်။

ပန်းတွေလည်း ဒီအတိုင်းပဲ။ မြန်မာပြည်မှာ ကမ္ဘာကမသိတဲ့ ပန်းမျိုးနွယ်
တွေရှိသတဲ့။ ဒါတွေကိုလည်း ကမ္ဘာသိအောင်လုပ်ချင်တယ်။ မြန်မာပြည်
မှာ ပြတိုက်တွေထောင်ပြီး သုတေသနလုပ်ထားတဲ့ ငါးတွေ၊ ပန်းတွေကို
ပြမယ်။ နိုင်ငံတကာက ရှားပါးတဲ့ငါးတွေ၊ ပန်းတွေကိုလည်း သူ့ရဲ့ ပြတိုက်
မှာ အလဲအလှယ်အနေနဲ့ မြန်မာပြည်ကလူတွေ သိအောင်ပြမယ်။ မြစ်တွေ
ချောင်းတွေ၊ တောတွေတောင်တွေမှာ လှည့်လည်နေချင်တဲ့ မြမြမင်းပါ။

ဒီအိပ်မက်က လက်တွေ့ ဘ၀မှာ အကောင်အထည်ဖေါ်ဖို့ မဖြစ်နိုင်ဘူး။
သူ့အိပ်မက်ကို ယုံယုံကြည်ကြည်နဲ့ အားပေးတဲ့သူ နှစ်ယောက်ပဲရှိတယ်။
တယောက်က ခင်မောင်မြင့်။ နောက်တယောက်က ဟောင်ကောင်မှာရှိ
တဲ့ သူ့အဖိုးလေး တ၀မ်းကွဲ။ မြမြမင်းတို့အမေရဲ့  အမျိုးတွေက ဟောင်ကောင်
ဘက်က ကွမ်တုံးတရုတ်အနွယ်ဝင်တွေ။ သူ့အမေရဲ့ အဘေးက မြန်မာပြည်
ကို လှေနဲ့ရောက်လာခဲ့တာ။ ကော့သောင်းဘက်က ၀င်လာတယ်ဆိုပဲ။

ဟောင်ကောင်က အဖိုးလေးက ငှက်မွေးတာ ၀ါသနာပါတယ်။ လိပ်ပြာတွေ
စုတယ်။ လှမယ်ထင်တဲ့ ပိုးကောင်တွေ စုတယ်။ မြမြမင်းအတွက် နိုင်ငံတကာ
က ရှားပါးတဲ့ အလှမွေးငါးတွေအကြောင်း၊ ရှားပါးတဲ့ ပန်းတွေအကြောင်း စာအုပ်
တွေ ပို့ပေးတယ်။ မြမြမင်းကလည်း အိမ်ကနေ လစ်ရင်လစ်သလို ချောင်းတွေ
မြောင်းတွေဆီ သွားတယ်။ ငါးဖမ်းတဲ့လူတွေနဲ့ မိတ်ဆွေဖွဲ့ထားတယ်။ထူးဆန်းတဲ့
ငါးတွေ၊ ရေသတ္တ၀ါတွေတွေ့ ရင် ဈေးကြီးကြီးပေးဝယ်တယ်။ အိမ်မှာလှောင်ကန်
မျိုးစုံနဲ့ မွေးတယ်။ မှတ်တမ်းတွေ သုတေသနပြုချက်တွေလုပ်တယ်။ ပန်းတွေကို
လည်း ဒီလိုနည်းနဲ့စုဆောင်းတယ်။

မြမြ၀င်းက မိန်းကလေးဆိုပေမဲ့ အလှအပ မမက်ဘူး။ သူ့ပုံက ချစ်စရာကောင်း
ပြီးသား။ နည်းနည်းပြင်လိုက်၊ ဆင်လိုက်ရင်ပဲ ခပ်ချောချောကောင်မလေး ဖြစ်
သွားတာ။ သူက ငါးနဲ့ပန်းကလွဲပြီး တခြားဘာကိစ္စအတွက်မှ ငွေမသုံးဘူး။ အိမ်
က လူကြီးတွေအကြိုက် စာကြိုးစားပေးတယ်။ ဆေးကျောင်းတက်ပေးတယ်။
သူတောင်းဆိုတာက အိမ်ဘေးက နေရာကျယ်ကျယ် ကွက်လပ်တခု။ အဲဒီမှာ
ဂိုဒေါင်လိုဆောက်ပြီး ပန်းပင်တွေထားတယ်။ ငါးကန်တွေထားတယ်။ ဒါပဲ။ ဒါဟာ
သူ့ရဲ့  ဘ၀အစစ်။ ကျန်တာက ဘ၀အတု။ အဲဒီခြံထဲကို အဖေနဲ့အမေက လွဲလို့
ဘယ်သူမှ အ၀င်မခံဘူး။

ဒါပေမဲ့ သူ့ဘ၀အစစ်ထဲကို ပထမဆုံး ၀င်ခွင့်ပေးလိုက်တဲ့သူကတော့ ခင်မောင်
မြင့်။ မြမြမင်းဟာ ခင်မောင်မြင့်ကို ရှားပါးတဲ့ အလှမွေးငါးတကောင်လို တန်ဘိုး
ထားတယ်။ ရှားပါးတဲ့ပန်းပင် တပင်လို ဂရုတစိုက်ရှိတယ်။ ခင်မောင်မြင့်ဟာ
မြမြမင်းအတွက် ပြတိုက်ကြီးတခုပဲ။

( ဆက်သေးတာပေါ့။ ပုံက ဂူဂလ် )

4 comments:

ကလူသစ် said...

ဆက်သေးတာပေါ့ ခဏခဏမလုပ်နဲ့။ ဒီက စိတ်ခပ်တိုတိုရယ်။ မြန်မြန်ရေးပါဗျ :)

ညီမလေး said...

ဆက်သေးတာပေါ့ ဆိုရင် ဒီကလည်း ဖတ်သေးတာပေါ့လေး)

ကူးလွေ့ said...

ယော်..။ လုပ်ချသွားပြန်ပြီ။ မျှော်ရလွန်းလို့ လည်ပင်းလဲ ဝါးတံတားလို ညွတ်ပဲ့ညွတ်ပဲ့ဖြစ်ကရော။း)

ညီမလေး said...

ကြာတာ