Monday, October 26, 2009

သေမှခင်တဲ့သူ
















ကဗျာဆရာအောင်ဝေးက ဖုန်းဆက်လာပါတယ်။ နီကိုရဲအတွက် တခုခု
လုပ်ကြရအောင်ကွာတဲ့။ ကိုရဲဝင်း (နီကိုရဲ) နဲ့ပါတ်သက်ပြီး ဘာလုပ်ရမှန်း
မသိပါ။ သူ့အိမ်ကိုဖုန်းဆက်ပြီး စိတ်မကောင်းဘူးဗျာလို့ ပြောရမှာလား။
အမှတ်တရ အစီအစဉ်တခုခုနဲ့ အများသိနိုင်အောင် လုပ်ရမှာလား။ တခုခု
လုပ်သင့်တယ်လို့တော့ ထင်ပါတယ်။ ဘာလုပ်ရမှန်းမသိတာက ခက်တယ်။
တော်ယုံတန်ယုံလောက်နဲ့တော့ မလုပ်ချင်ဘူး ကိုရဲဝင်းရယ်။ ခင်ဗျားကို
ကျွန်တော် အဆက်အသွယ် အကြာကြီးဖြတ်ထားမိတယ်။ ဆောရီးပဲ ကိုရဲ
ဝင်းရယ်။

ကျောင်းတုန်းက အကြောင်းတွေ။ ခင်ဗျားတို့ရဲ့ ရပ်ကွက်လေး။ ကျွန်တော်
တို့ရဲ့ လက်ဘက်ရည်ဆိုင်ထိုင်ခန်းတွေ။ ခင်ဗျားကြိုက်တဲ့ ဂျက်တံဆိပ်
ဆေးပေါ့လိပ်။ သင်္ဃန်းကျွန်းဘူတာ။ မအိပ်ပဲပြောကြတဲ့ အနုပညာညတွေ
အကြောင်း ပြန်စဉ်းစားမိတယ်။ ပျော်စရာကောင်းတဲ့အချိန်တွေ၊ စိတ်လှုပ်
ရှားဖို့ကောင်းတဲ့အချိန်တွေအကြောင်း ခင်ဗျားမရှိတော့မှ စဉ်းစားရတာ
ဝမ်းနည်းစရာကြီးဗျာ။

လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ကျေနပ်ဗျာ။ နောက်တွေ့ ကြတဲ့အခါ
ဆက်ပြောကြတာပေါ့။ ကိုရဲဝင်း ကျန်းမာပါစေ ။

( စာရေးဆရာ နီကိုရဲ အောက်တိုဘာ ၂၃ရက် ရန်ကုန်မှာ ကွယ်လွန်ပါတယ်။
အသက်၄၃နှစ်ပါ။)

(ရုပ်ပုံ ၊ ဂူဂလ်)

2 comments:

pandora said...

ဒီလိုပါပဲ.. သေမှပဲ ရေးကြ သတိရကြ အလွမ်းသယ်ကြ..
နာမည်ဝှက်နဲ့ ဘလော့ဂါတွေ ဘ၀ကတော့ သေတောင် သေမှန်း သိလိုက်ကြမှာမဟုတ်ပါဘူး.. ပျောက်သွားရင် စာမရေးတာကြာပြီလောက်ပဲ ထင်ချင်ထင်နေမှာ.. အင်းးး
မသေခင်ချစ်ချစ်ခင်ခင် ပိုနေကြတာပေါ့ဗျာ..

ဆရာနီကိုရဲအတွက်တော့ တကယ်ကို နှမြောမိပါတယ်။ သူလိုရေးပုံမျိုးက ရှားတယ်။

Unknown said...

လာ ဖတ်သွားတယ်နော် ... မဦး ပါ။