Monday, April 13, 2009

သံချပ်ထိုးကြစို့


-->



(ဓါတ်ပုံကို flickr ဆီက ယူပါတယ်)
သင်္ကြန်ကာလမှာ စာမဖွဲ့ တော့ပါဘူးလေလို့ တွက်ထားတာပါ။ ပန်ဒိုရာရဲ့ ဘလော့ဂ်မှာ
သင်္ကြန်အကြောင်း တောင်ရေး၊ မြောက်ရေး လုပ်တာတွေတွေ့တော့ သွေးကကြွလာပါ
တယ်။ ပိုးက ထလာပါတယ်။ တခုခု လုပ်ချင်လာပါတယ်။ ရွှေပြည်ဝေးဘလော့ဂါတွေ
စုပေါင်းပြီး သံချပ်ဝိုင်းထိုးရင် ပျော်ဖို့ကောင်းမယ်လို့ထင်ပါတယ်။ ကျနော်က မဏ္ဍပ်
စိုက်မယ်ပေါ့။

အရက်ကြိုက်လည်း အရက်။ လက်ဘက်ကြိုက်လည်း လက်ဘက်ပေါ့။ (ဆေးမဆိုးတဲ့
လက်ဘက်ကို ရွေးထားပါတယ်။ မပူပါနဲ့။) ကဲ ။ ချစ်မိတ်ဆွေ ပြည်ဝေး ဘလော့ဂါအပေါင်း
ကျနော့်ရဲ့ မဏ္ဍပ်ကိုလာပြီး စိတ်ကူးတည့်ရာ သံချပ်များဝိုင်းထိုးကြဖို့ ဖိတ်ခေါ်ပါတယ်။
သင်္ကြန်ကာလ အပျော်ပေါ့ဗျာ။ တခြားမိတ်ဆွေတွေကိုလည်း သံချပ်ဝင်ထိုးဖို့ လက်တို့
လိုက်ကြပါဦး။ ကိုင်း။ ကျနော်ကပဲ စလိုက်ပါရစေ။

“ရွှေပြည်ဝေး အစုံသုပ်သံချပ်များ”

(အဖွင့်တီးလုံး) တုံ ချန်းချန်း ၊ တုန် ချမ်းချမ်း။

ဒို့လူလေးများ ဆိုသလေး ။ ဝေလေလေ၊ ဝေလေလေ။

တူးပို့သံများကြားလို့နေ၊ ဒို့ပြည်ကြီးမှာ သင်္ကြန်ပွဲဆင်ပေါ့။

သင်္ကြန်ရေအေးနဲ့ ဝေးတဲ့အခါ ၊ ငေးငေးငိုင်ငိုင် စိတ်ညစ်နေလား။

စိတ်ညစ်လို့လည်း မထူးတော့ပါ ၊ သင်္ကြန်သီချင်းဖွင့်ကာ ရေထချိုးလိုက်။

(ဆက်ကြပါ)
-သံချပ်ဆြာ ဇာနည်ဝင်း -

(ရန်ကုန်က သူငယ်ချင်းများအတွက်)

သင်္ကြန်သီချင်းဖွင့်ဖို့ မီးက မလာ၊ ခွက်စုတ် တီးကာ ကစို့ခုန်စို့။

သင်္ကြန်ရေပက်ဖို့ ရေက မလာ၊ ခွက်စုတ် တီးကာ ကစို့ခုန်စို့။

နိုင်ငံတော်ကြီး တိုးတက်နေ၊ ခွက်စုတ် တီးကာ ကစို့ခုန်စို့။

-သံချပ်ကလျာ ပန်ဒိုရာ-
ခွက်စုတ်ပေါတဲ့တို့ရွှေပြည်၊ တိုးတက်နေသည် ရှေ့သို့ရှေ့သို့။

သိကြားမင်းကြီးရောက်လာရင်၊ ကော်နက်ရှင်လေး ဖြတ်ပေးပါဦး။

သိကြားမင်းကြီးရောက်လာရင်၊ ကြက်ဆူပင်လေး စိုက်သွားပါဦး။

သိကြားမင်းကြီးရောက်လာရင်၊ ပုဆိန်ရိုးတွေ ရှင်းပေးပါဦး။

ဆိုးဆေးလက်ဖက် ကျွေးပါ့မယ်၊ သိကြားမင်းကြီးရယ်
(ကူညီပါဦး :P)

-သံချပ်မဒီ ဆွိပိုနီ-
ကြံကာဖန်ကာပျော်ရတာ၊ ရေမြေခြားက တို့မောင်နှမ။

သင်္ကြန်ချိန်ခါ ကျရောက်လာ၊ တို့ ရိုးရာမို့  ဆင်ကာနွှဲဖို့ ။

လှူတာတန်းတာ စတုဒီတာ၊ ရေမြေခြားက ကျောင်းကန်မှာဗျ။

အကြောင်းကြောင်းကြောင့် စွန့် ခွာလာ၊ ရေမြေခြားမှာ စီးပွားရှာရ။

စီးပွားရေးမှာ အကွက်မြင်၊ ဘုန်းကြီးကျောင်းရှေ့ မှာ ဘီယာရောင်းသဗျို့ ။

ရလာခဲ့တဲ့စတုဒီသာ၊ ဘီယာနဲ့တွဲကာ လွေးကြတာပေါ့။

သကြားမင်းက မြန်မာပြည်မှာ၊ စင်ကာပူမှာ ကဲကြ ကဲကြ။

သိကြားမင်းကြီး စိတ်အိုက်နေ၊ ပုရပိုဒ်က ကုန်ခါနီးသမို့ ။



-သံချပ်စပါယ်ရှယ် အောင်သာငယ်-

ရန်ကုန်မြို့ကြီး ဘယ်လောက်စည်

နေပြည်တော်ကို တူနိုင်ရိုးလား....

နေပြည်တော်က ဆန်းတကြယ်

လှိုဏ်ခေါင်းတွေတောင် တူးတယ် ဆိုပဲ....

လှိုင်ခေါင်းတူးအောင် ဘယ်သူဆောင်

သန်းရွှေ၊ မောင်အေး၊ သိန်းစိန်ဆိုပဲ...

အချိန်မတော် လှိုဏ်တွေတူး

သည်လူတွေက ရူးနေလို့လား...

မရူးပါဘူးမောင်ရင်ရယ်

ပြေးလမ်း ကြို စီစဉ်ပါတယ်...

လှိုဏ်ခေါင်းတွေကို နက်နက်တူး

ယောယုဝမှာ နေရာဦး...


-သံချပ်သမား ဂိုဏ်းစတား-

ဘလော့ဂ်ဒေးကြီး မလုပ်ဖြစ်ပါ
သက်ဆိုင်ရာတွေ ကာဆီးကာဆီး ။

သက်ဆိုင်ရာတွေ ကာဆီးကာဆီး
ဘလော့ဂ်ဒေးကြီး မလုပ်ဖြစ်ပါ ။

ဘလော့ဂါများနဲ့ မသက်ဆိုင်ပါ
M-C-P-A- ခေါင်းရှောင်သည်ဗျ ။

M-C-P-A- ခေါင်းရှောင်သည်ဗျ
ဘလော့ဂါများနဲ့ မသက်ဆိုင်ပါ ။


-CONTACT ရဲ့ သံချပ်-


သင်္ကြန်အခါဆို အိမ်လွမ်းလိုက်တာ မပျော်နိုင်ပါ
ကျက်သရေတုံးတွေ ရှိတုန်းမို့  မပြန်ချင်ပါ ။

အို..ပြန်အုံးမှာ ပြန်အုံးမှာ
ကျက်သတုံးတွေ အမြန်မသာပေါ်တဲ့အခါ။


-သံချပ်လက်ဆော့ ဖူးစတော့-

နှစ်သစ်မင်္ဂလာ ကျရောက်လာ.. ဖူးပွင့်ဝေဆာ ပိတောက်ပွင့်တွေနဲ့..။

စိုယုံလေးသာ ဖြန်းပက်တာ.. ဖက်ဆွတ်ခါတိုး သင်္ကြန်မိုးဖွဲဖွဲ…။

တူးပို့တူးပို့ ကြားတဲ့အခါ.. မြုးလို့ခုန်ပါ သင်္ကြန်ယိမ်းဒိုးမို့…..။

တို့ပြည်ကြီးလည်း ထူးခြားမလာ.. နှစ်အသစ်တောင် ကူးပြန်ပြီဟ… (( နှစ်အသစ်တောင် ကူးပြန်ပြီဟ…)).။

(အမ် ဆိုင်ဘူးလား.. ကဲ.. မထူးပါဘူး… အပေါ်ကတယောက်လည်း ဆန္ဒပြည့်သွားအောင်.. :D..)

အဆိပ်ခတ်ထားတဲ့ မုန့်လုံးရေပေါ်.. ကျွှေးလိုက်ပါနော် တို့အဘချုပ်များ…။

ပြည်သူတွေ ပို့သရွှေမေတ္တာ.. စောင့်ကြည့်နေပါ ဘယ်သူအရင် သေမှာလည်း… (( စောင့်ကြည့်နေပါ ဘယ်သူအရင် သေမှာလည်း ))..။

ဟေ့. သိန်းစိန်လား.. ဟေ့. သန်းရွှေလား.. ဟေးးး လားးး မောင် အေး. လား…….။



-သံချပ်သက်ဝေ-
ကမ္ဘာတဝှမ်းမှာ စီးပွားပျက်တာ တို့ရွှေပြည်က မဖြုံသေး..

ဘယ်သူပျက်ပျက် တို့မပျက် တို့ရွှေပြည်မှာ အလုပ်အကိုင်ပေါစွ…

ခေါင်းဆောင်များရဲ့ စေတနာ… ထူးထူးခြားခြား ရှာမှရှားပဲ…

ခေါင်းဆောင်များရဲ့ မေတ္တာတွေ… ဝေဆာနေတာ အံ့မခန်းပဲ…

သူတို့စေတနာ သည်လိုပါ… သေသေချာချာ မှတ်ကာထားကြ…

သူတို့ မေတ္တာ သည်လိုပါ… သေသေချာချာ မှတ်ကာထားကြ…

နိုင်ငံခြားမှာ အလုပ်မရရင်… ရွာကိုလာကာ ကောက်ပင်စိုက်ကြ…

နိုင်ငံခြားမှာ အလုပ်ပြုတ်ရင်… ရာဘာပင်တွေ အစေးလာခြစ်ကြ…

နိုင်ငံခြားမှာ အလုပ်ရှားရင်… ရွာကိုသွားကာ ဆားပြန်ချက်ကြ…

သူတို့တွေရဲ့ စေတနာ… လေးစားလောက်ဖွယ်ရာ…

အရာရာမှာ စဉ်းစားပေး.. တို့ပြည်သူတွေအရေး…


-မဏ္ဍပ်ပိုင်ရှင် ကိုလေရွှင်-

ဒို့မဏ္ဍပ်ကြီး စည်လို့လာ ဘလော့ဂါမောင်မယ် တက်ကြွနေလို့ ။

သူတို့ဘာကြောင့်တက်ကြွနေ ရင်ထဲရှိတာ အော်ဟစ်ရလို့ ။

သင်္ကြန်တွင်းမှာပျော်ရွှင်ပါ ရင်ထဲရှိတာ အော်ဟစ်ပစ်ကြ ။

နိုင်ငံစုံက လာရောက်အော် ဒို့မဏ္ဍပ်မှာ အချောပေါသမို့ ။

မုန့်လုံးရေပေါ်ကြွေးသနော် ငြုပ်သီးပါရင် တာဝန်မယူဘူး။

မူးတဲ့သူများ သတိထားပါ အမြည်းကုန်ရင် နောက်ထပ်မရှိဘူး။

ရေကိုချွေတာသုံးကြပါ မီးစက်ပျက်ရင် နောက်ထပ်မရှိဘူး။

အသံကိုချွေတာ အော်ကြပါ အသံဝင်သွားရင် နောက်ထပ်မရှိဘူး။

သင်္ကြန်တွင်းဆုံတုန်း ချစ်ကြပါ အချစ်ကုန်ရင် နောက်ထပ်မရှိဘူး။

နောက်ထပ်မရှိလည်း ရပါတယ် ရပါတယ်လည်း နောက်ထပ်မရှိဘူး။

ဗိုလ်ချုပ်ကြီးများသတိထားပါ နောက်ထပ်မရှိရင် နောက်ထပ်မရှိဘူး။

(ဆက်ကြပါဦး ခင်ဗျ)



-သံချပ်ဗိုလ် ဂျူနို-

လူချမ်းသာလည်း ရင်တုန်လာတော့ လူနာပဲ လူနာပဲ ။
ဆင်းရဲသားလည်း ခေါင်းအုံလာတော့ လူနာပဲ လူနာပဲ ။
အာဏာစက်နဲ့ ဘုရင်ကြီးလည်း တစ်ကယ်တန်းတော့
လူနာပဲ လူနာပဲ။

ခြောက်လုံးပြူးနဲ့ လူသတ်သမားလည်း
သေမှာကိုတော့ ကြောက်တာပေါ့ ကြောက်တာပေါ့ ။

နားကြပ်ကြီးနဲ့ ဆရာဝန်လည်း မှန်တာပြောဖို့ 
ကြောက်တာပေါ့ ကြောက်တာပေါ့။

မကြောက်ရတဲ့ လူနာကိုတော့
ဟောက်တာပေါ့ ဟောက်တာပေါ့။

နန်းကျသူလည်း နေမကောင်းတော့
လူနာပေါ့ လူနာပေါ့ ။

ထီးနန်းရှင်လည်း ဖျားနာလာရင်
လူနာပေါ့ လူနာပေါ့ ။

သူခိုးတွေလည်း တစ်ကယ်တန်းကျ
ကြောက်တတ်ပေါ့ ကြောက်တတ်ပေါ့။

ဒို့ လူတွေလည်း ခံနေရတော့ နာလှပေါ့ နာလှပေါ့။

ရန်သူမိတ်ဆွေ မခွဲခြားဖို့ သစ္စာကိုတော့
ဆိုကြပါ့ ဆိုကြပါ့ ။

အဘမြင်တော့
ကြောက်တယ်ပါ့ ကြောက်တယ်ပါ့ ။

သစ္စာတွေလည်း ဖေါက်လိုက်ကြ ဖေါက်လိုက်ကြ ။

စိတ်ကွယ်ရာလည်း မရှိပါ့ မရှိပါ့ ။

ကျောင်းသားဆိုရင် ဘုရင်ကြီးက
ကြောက်တယ်ပါ့ ကြောက်တယ်ပါ့ ။

အကြွေးရှိရင် ချန်မထားနဲ့ 
ပေးလိုက်ကြ ပေးလိုက်ကြ ။

မြင်မြင်သမျှ လန့် နေလိုက်တာ
ကြောက်တတ်ပါ့ ကြောက်တတ်ပါ့ ။

ရောဂါရှိရင် မွေးမထားနဲ့ ကုလိုက်ကြ ကုလိုက်ကြ ။
အကျဉ်းသားလည်း မေ့မထားနဲ့ ကုလိုက်ကြ ကုလိုက်ကြ ။
ရွှေနန်းရှင်လည်း ပစ်မထားနဲ့ ကုလိုက်ကြ ကုလိုက်ကြ ။

ဆရာဝန်တွေ ပါဝါပြတာ
ထောင်ထဲမှာ ထောင်ထဲမှာ ။

ထောင်မှူးကြီးလည်း ပါဝါသုံးတာ
ထောင်ထဲမှာ ထောင်ထဲမှာ ။

သူခိုးလေးလည်း လူမိသွားတော့
ထောင်ထဲရောက် ထောင်ထဲရောက် ။

သူခိုးကြီးတွေ ဆရာ မတော့
နန်းထဲရောက် နန်းထဲရောက် ။

ဗိုလ်ချူပ်ကြီးလည်း ပါဝါပြပြီး
နန်းထဲရောက် နန်းထဲရောက် ။

ဘုရင်ကြီးလည်း အာဏာမဲ့တော့
ထောင်ထဲရောက် ထောင်ထဲရောက် ။

ထောင်မှူးကြီးလည်း အလှည့်ရောက်တော့
ထောင်ထဲရောက် ထောင်ထဲရောက်။

လူချမ်းသာလည်း ရင်တုန်လာတော့
လူနာပေါ့ လူနာပေါ့ ။

သူဆင်းရဲလည်း ခေါင်းအုံလာတော့
လူနာပေါ့ လူနာပေါ့ ။

ရောဂါရှိရင် မွေးမထားနဲ့ 
ကုလိုက်ပေါ့ ကုလိုက်ပေါ့ ။

အရူးချီးပန်း လုပ်နေတာတွေ
ရပ်ပစ်လိုက် ရပ်ပစ်လိုက် ။

ရွှေနန်းရှင်လည်း ဖွက်မထားနဲ့ 
ကုပေးလိုက် ကုပေးလိုက်။

(အယ်ဇီ)

-သံချပ်ကံဆောင် ယောဟန်အောင်-
သံချပ်သံတွေ ဆူသကွယ်
တရားလုပ်နေသူ နားမခံနိုင်ဘူး ။

ဆြာယောလည်း မနေနိုင်ပါ
ရိပ်သာကနေ ထလာခဲ့ရ ။

ငါ့သမီး စာကျက်နေတယ်။
အလိုဗျာ....
"ဖုန်းဆက်လိုက်ရမလား....."

-သံချပ်ကလျာ ပန်ဒိုရာ-
လူကြီးတချို့ ရိပ်သာဝင်.. ဖန်ခွက်ကိုင်ကာ အရည်ပျော်လို့ ။

ပုတီးတလုံးဂျောက်ကနဲ ..တူးပို့သံကြား ငေါက်ခနဲ ။

သိကြားမင်းရဲ့ black list မှာ .. မှတ်လိုက်မှာနော် ဘာမှတ်နေလဲ ။

(ဟဲဟဲ)


-သံချပ် တေးမွန်-


ဒီနှစ်သစ်ကူးမှာ ထူးတယ်ဗျာ… ဘလောဂါတွေ စုပေါင်းအော်ကြ..။
(ဘလောဂါတွေ စုပေါင်းအော်ကြ… ဒီနှစ်ကူးက ထူးတယ်ဗျာ)

အဝေးရောက်နေတဲ့ ရွှေမြန်မာတွေ … သင်္ကြန်ပွဲတော် မဆင်နွဲနိုင်ကြ.. ။
(သင်္ကြန်ပွဲတော် မဆင်နွဲနိုင်ကြ… အဝေးရောက်နေတဲ့ ရွှေမြန်မာတွေ)

တူးပို့သံမကြားပဲ ပိုးထလာ.. မနေနိုင်မထိုင်နိုင် တက်လို့အော်ကြ..။
(မနေနိုင်မထိုင်နိုင် တက်လို့အော်ကြ… အွန်လိုင်းပေါ်က ဒီဘလောခ်မှာ)

နာမည်ကြီးဘလောဂါတွေ ၀ိုင်းလို့အော်.. ငါမပါရင် မဖြစ်ချေဘူး..။
(ငါမပါရင် ပွဲမစည်ဘူး.. နာမည်ကြီးဘလောဂါတွေ ၀ိုင်းလို့အော်)

ပြည်တော်မပြန်နိုင်တဲ့ ဘ၀တွေမှာ.. မြန်မာပြည်ကို လွမ်းကြ လွမ်းကြ..။
(အတာသင်္ကြန်ကို လွမ်းကြ လွမ်းကြ.. ပြည်တော်မပြန်နိုင်တဲ့ ဘ၀တွေမှာ)

မေတ္တာတရား ရှေ့ ကိုထား.. မြန်မာ ပြည်သူအများ ချမ်းမြေ့ ပါစေ..။
(မြန်မာပြည်သူတွေ အေးချမ်းကြစေ.. မေတ္တာတရား ရှေ့ ကိုထား)

ဘချုပ်ကြီးများတောင် မကျန်ပါ.. မေတ္တာတွေနဲ့ ဆုတောင်းပေးကြ..။
(မေတ္တာတွေနဲ့ဆုတောင်းပေးကြ.. ဘချုပ်ကြီးများတောင်မကျန်ပါ)

သေရာသေကြောင်း ဆုတွေတောင်း.. ဘချုပ်ကြီးများရပါစေ..။
(အော်.. ဘချုပ်ကြီးများရပါစေ.. သေရာသေကြောင်းဆုတွေတောင်း)

ဟေး ဖိုးစိန်လား... ဟေး ဖိုးရွှေလား.... ဟေ.. လာ.. မောင် တို့ လား... (၀ါး)


-သံချပ်သမား ဂိုဏ်းစတား-
၇၀ ကျော်လည်း ပင်စင်မယူ
မငြူမစူ၊ ခပ်ပြောင်ပြောင်ပဲ ။

ငါကိုယ်တော်မြတ် ကြွချီမယ်
လမ်းလျှောက်လာပြီ- တုန်ချိ တုန်ချိ ။

မင်းကျင့်တရား-နားစမ်းပါ
ပြေးသာဆည်းကပ်-ဆရာလေးဆီပဲ ။

ဆရာလေးဆီက-ဓါတ်ဆင်ရိုက်
စိုက်ခိုင်းပြန်ပြီ-ကြက်ဆူပင်တဲ့ ။

အနေကြာဖို့-လုပ်ပြန်ပြီ
ဟိုဟိုဒီဒီ-ရွှေနေကြာစိုက် ။

ကျဉ်းကြပ်ထဲမှ-လွတ်မြောက်ရေး
ထွက်ပြေးလေပြီ-ကြပ်ပြေးဆီတဲ့ ။

ညကြီးသန်းခေါင်-ယတြာချေ
ရွှေတိဂုံလည်း အငြိမ်မနေရ ။

တိုင်းစိုးပြည်အုပ်-ယတြာလုပ်
ကိုယ်ကျင့်တရားမှာ စုပ်စုပ်သာမြုပ်။

ဖွင့်ထားပါတယ် အစဉ်အမြဲ
မောင်သန်းရွှေအတွက် အ၀ီစိငရဲ ။

ကျွန်တော်ဘလော့ဂါ မသိပါ
ရေးမိပါတယ် သံချပ်ပို့စ်လေး ။

မုဒ်ဝင်လာမှ ရေးတတ်တာ
ကျွန်တော့်အကျင့်ပါ လူတိုင်းအသိ ။

ဒီညမှာတော့ မုဒ်ဝင်တယ်
ရေးမိပြီကွယ် ဒီဘုန်းတော်ဘွဲ့  ။


-သံချပ်မဒီ ဆွိပိုနီ-

သင်္ကြန်ချိန်ခါရောက်လို့ လာ၊ ပျော်ကြရွှင်ကြ ဘလော့ပေါ်မှာဗျ ။

ရွှဲရွှဲစိုအောင်လောင်းကြပါဟ၊ smilies တွေနဲ့ ဘလော့ပေါ်မှာဗျ ။

စတုဒီတာတွေ ကျွေးနေတာ၊ လာပါစားပါ ဘလော့ပေါ်မှာဗျ ။

ရေပတ်ခံတွေ ထွက်လိုက်တာ၊ တစ်အိမ်တက်တစ်အိမ်ဆင်း ဘလော့ပေါ်မှာဗျ ။

သင်္ကြန်သီချင်းနဲ့ သံချပ်သံ၊ စီစီညံနေ ဘလော့ပေါ်မှာဗျ ။

ရပ်ဝေးမြေကတို့ တတွေ၊ သင်္ကြန်ကျတာ ဘလော့ပေါ်မှာဗျ ။


-မဏ္ဍပ်ပိုင်ရှင် ကိုလေရွှင်-


သင်္ကြန်ပွဲကြီးပြီးသွားပြီ ဒို့သံချပ်တွေ နားကြဦးစို့ ။

သံချပ်တွေက ချစ်စရာ သံချပ်မောင်မယ် စိတ်ဖြူစင်လို့ ။

အားပေးသူများ ကျေးဇူးပါ နောင်နှစ်ခါလည်း လာခဲ့ပါဦး။

နှစ်သစ်တခု ကူးခဲ့ပြီ ကောင်းတာတွေကို ပိုလုပ်ကြစို့ ။

ဒို့ရွှေပြည်ကြီး ကောင်းတဲ့အခါ ပြည်တော်ပြန်ကာ သံချပ်ထိုးစို့ ။

ရွှေပြည်ကြီးက မပြောင်းလဲရင် ပြောင်းလဲသွားအောင် သံချပ်ထိုးမဟ ။

သံချပ်ထိုးလို့မပြောင်းလဲရင် လူကိုယ်တိုင်ပဲ သွားထိုးကြစို့ ။

တတိုင်းပြည်လုံး ၀ိုင်းထိုးရင် ဘယ်အာဏာရှင် ခံနိုင်မှာတုန်း ။

ရွှေပြည်ဝေးတို့ လာခဲ့မယ် မကောင်းတာတွေကို ပြောင်းလဲပစ်ဖို့ ။

နောင်နှစ် ပိတောက်ပန်းပွင့်တဲ့အခါ ဒို့မဏ္ဍပ်ဟာ ရန်ကုန်မှာပေါ့ ။

သံချပ်များနဲ့ ပျော်ကြမယ် သင်္ကြန်ပွဲကိုလည်း ရက်ထပ်တိုးစို့ ။

မိတ်ဆွေများလည်း လာကြပါ ဒို့မဏ္ဍပ်မှာ ပြန်ဆုံကြစို့ ။

ကျုပ်သံချပ်လည်း ရှည်သွားပြီ စိတ်မဆိုးခင် ရပ်လိုက်ပြီဗျို့  ။


(အပိတ်တီးလုံး)

တုံ ချမ်း ချမ်း ။ တုံ ချမ်း ချမ်း

တုမ် ခြမ်း ချန်း ။ တုဏ် ခြန်း ချမ်း ။

တုံ ချန်း ခြမ်း ။ တုန် ချမ်း ခြဏ်း...

15 comments:

zarny win said...

(ရန်ကုန်က သူငယ်ချင်းများအတွက်)
သင်္ကြန်သီချင်းဖွင့်ဖို့ မီးက မလာ၊ ခွက်စုတ် တီးကာ ကစို့ခုန်စို့။
သင်္ကြန်ရေပက်ဖို့ ရေက မလာ၊ ခွက်စုတ် တီးကာ ကစို့ခုန်စို့။
နိုင်ငံတော်ကြီး တိုးတက်နေ၊ ခွက်စုတ် တီးကာ ကစို့ခုန်စို့။

pandora said...

ခွက်စုတ်ပေါတဲ့ တို့ရွှေပြည်၊ တိုးတက်နေသည် ရှေ့သို့ရှေ့သို့
သိကြားမင်းကြီးရောက်လာရင်၊ ကော်နက်ရှင်လေး ဖြတ်ပေးပါဦး
သိကြားမင်းကြီးရောက်လာရင်၊ ကြက်ဆူပင်လေး စိုက်သွားပါဦး
သိကြားမင်းကြီးရောက်လာရင်၊ ပုဆိန်ရိုးတွေ ရှင်းပေးပါဦး
ဆိုးဆေးလက်ဖက်ကျွေးပါ့မယ်၊ သိကြားမင်းကြီးရယ် ကူညီပါဦး :P

sweetpeony said...

ကြံကာဖန်ကာပျော်ရတာ၊ ရေမြေခြားက တို့မောင်နှမ။
သင်္ကြန်ချိန်ခါ ကျရောက်လာ၊ တို့ ရိုးရာမို့  ဆင်ကာနွှဲဖို့ ။
လှူတာတန်းတာ စတုဒီတာ၊ ရေမြေခြားက ကျောင်းကန်မှာဗျ။
အကြောင်းကြောင်းကြောင့် စွန့် ခွာလာ၊ ရေမြေခြားမှာ စီးပွားရှာရ။
စီးပွားရေးမှာ အကွက်မြင်၊ ဘုန်းကြီးကျောင်းရှေ့ မှာ ဘီယာရောင်းသဗျို့ ။
ရလာတဲ့စတုဒီတာဟာ၊ ဘီယာနဲ့ တွဲကာ လွေးကြတာပေါ့။
သကြားမင်းကမြန်မာပြည်မှာ၊ စင်ကာပူမှာ ကဲကြ ကဲကြ။
သိကြားမင်းကြီး စိတ်အိုက်နေ၊ ပုရပိုဒ်က ကုန်ခါနီးသမို့ ။

ATN said...

ရန်ကုန်မြို့ကြီး ဘယ်လောက်စည်
နေပြည်တော်ကို တူနိုင်ရိုးလား....
နေပြည်တော်က ဆန်းတကြယ်
လှိုဏ်ခေါင်းတွေတောင် တူးတယ် ဆိုပဲ....
လှိုင်ခေါင်းတူးအောင် ဘယ်သူဆောင်
သန်းရွှေ၊ မောင်အေး၊ သိန်းစိန်ဆိုပဲ...
အချိန်မတော် လှိုဏ်တွေတူး
သည်လူတွေက ရူးနေလို့လား...
မရူးပါဘူးမောင်ရင်ရယ်
ပြေးလမ်း ကြို စီစဉ်ပါတယ်...
လှိုဏ်ခေါင်းတွေကို နက်နက်တူး
ယောယုဝမှာ နေရာဦး...

ကျားကျား said...

ဘလော့ဂ်ဒေးကြီး မလုပ်ဖြစ်ပါ
သက်ဆိုင်ရာတွေ ကာဆီးကာဆီး

သက်ဆိုင်ရာတွေ ကာဆီးကာဆီး
ဘလော့ဂ်ဒေးကြီး မလုပ်ဖြစ်ပါ.

ဘလော့ဂါများနဲ့ မသက်ဆိုင်ပါ
M-C-P-A- ခေါင်းရှောင်သည်ဗျ။

M-C-P-A- ခေါင်းရှောင်သည်ဗျ
ဘလော့ဂါများနဲ့ မသက်ဆိုင်ပါ။
from


http://www.yanaung.net

CONTACT said...

သင်္ကြန်အခါဆို အိမ်လွမ်းလိုက်တာ မပျော်နိုင်ပါ
ကျက်သရေတုံးတွေ ရှိတုန်းမို့ ပါ မပြန်ချင်ပါ
အို..ပြန်အုံးမှာ ပြန်အုံးမှာ
ကျက်သတုံးတွေ အမြန်မသာပေါ်တဲ့အခါ။ KM

Unknown said...

သံချပ်လက်ဆော့. ဖူးစတော့

နှစ်သစ်မင်္ဂလာ ကျရောက်လာ.. ဖူးပွင့်ဝေဆာ ပိတောက်ပွင့်တွေနဲ့..။
စိုယုံလေးသာ ဖြန်းပက်တာ.. ဖက်ဆွတ်ခါတိုး သင်္ကြန်မိုးဖွဲဖွဲ…။
တူးပို့တူးပို့ ကြားတဲ့အခါ.. မြုးလို့ခုန်ပါ သင်္ကြန်ယိမ်းဒိုးမို့…..။
တို့ပြည်ကြီးလည်း ထူးခြားမလာ.. နှစ်အသစ်တောင် ကူးပြန်ပြီဟ… (( နှစ်အသစ်တောင် ကူးပြန်ပြီဟ…)).။
(အမ် ဆိုင်ဘူးလား.. ကဲ.. မထူးပါဘူး… အပေါ်ကတယောက်လည်း ဆန္ဒပြည့်သွားအောင်.. :D..)
အဆိပ်ခတ်ထားတဲ့ မုန့်လုံးရေပေါ်.. ကျွှေးလိုက်ပါနော် တို့အဘချုပ်များ…။
ပြည်သူတွေ ပို့သရွှေမေတ္တာ.. စောင့်ကြည့်နေပါ ဘယ်သူအရင် သေမှာလည်း… (( စောင့်ကြည့်နေပါ ဘယ်သူအရင် သေမှာလည်း ))..။
ဟေ့. သိန်းစိန်လား.. ဟေ့. သန်းရွှေလား.. ဟေးးး လားးး မောင် အေး. လား…….။
(FullStop)

သက်ဝေ said...

ကမ္ဘာတဝှမ်းမှာ စီးပွားပျက်တာ တို့ရွှေပြည်က မဖြုံသေး..
ဘယ်သူပျက်ပျက် တို့မပျက် တို့ရွှေပြည်မှာ အလုပ်အကိုင်ပေါစွ…
ခေါင်းဆောင်များရဲ့ စေတနာ… ထူးထူးခြားခြား ရှာမှရှားပဲ…
ခေါင်းဆောင်များရဲ့ မေတ္တာတွေ… ဝေဆာနေတာ အံ့မခန်းပဲ…
သူတို့စေတနာ သည်လိုပါ… သေသေချာချာ မှတ်ကာထားကြ…
သူတို့ မေတ္တာ သည်လိုပါ… သေသေချာချာ မှတ်ကာထားကြ…

နိုင်ငံခြားမှာ အလုပ်မရရင်… ရွာကိုလာကာ ကောက်ပင်စိုက်ကြ…
နိုင်ငံခြားမှာ အလုပ်ပြုတ်ရင်… ရာဘာပင်တွေ အစေးလာခြစ်ကြ…
နိုင်ငံခြားမှာ အလုပ်ရှားရင်… ရွာကိုသွားကာ ဆားပြန်ချက်ကြ…

သူတို့တွေရဲ့ စေတနာ… လေးစားလောက်ဖွယ်ရာ…
အရာရာမှာ စဉ်းစားပေး.. တို့ပြည်သူတွေအရေး…

ဂျူနို said...

လူချမ်းသာလည်း ရင်တုန်လာတော့ လူနာပဲ လူနာပဲ
ဆင်းရဲသားလည်း ခေါင်းအုံလာတော့ လူနာပဲ လူနာပဲ
အာဏာစက်နဲ့ ဘုရင်ကြီးလည်း တစ်ကယ်တန်းတော့
လူနာပဲ လူနာပဲ။

ခြောက်လုံးပြူးနဲ့ လူသတ်သမားလည်း
သေမှာကိုတော့ ကြောက်တာပေါ့ ကြောက်တာပေါ့
နားကြပ်ကြီးနဲ့ ဆရာဝန်လည်း မှန်တာပြောဖို့ 
ကြောက်တာပေါ့ ကြောက်တာပေါ့။
မကြောက်ရတဲ့ လူနာကိုတော့
ဟောက်တာပေါ့ ဟောက်တာပေါ့။

နန်းကျသူလည်း နေမကောင်းတော့ လူနာပေါ့လူနာပေါ့
ထီးနန်းရှင်လည်း ဖျားနာလာရင် လူနာပေါ့လူနာပေါ့
သူခိုးတွေလည်း တစ်ကယ်တန်းကြ ကြောက်တတ်ပေါ့ ကြောက်တတ်ပေါ့။
ဒို့ လူတွေလည်း ခံနေရတော့ နာလှပေါ့ နာလှပေါ့။

ရန်သူမိတ်ဆွေ မခွဲခြားဖို့ သစ္စာကိုတော့
ဆိုကြပါ့ ဆိုကြပါ့
အဘမြင်တော့
ကြောက်တယ်ပါ့ ကြောက်တယ်ပါ့
သစ္စာတွေလည်း ဖောက်လိုက်ကျ ဖောက်လိုက်ကျ။

စိတ်ကွယ်ရာလည်း မရှိပါ့မရှိပါ့
ကျောင်းသားဆိုရင် ဘုရင်ကြီးက ကြောက်တယ်ပါ့ ကြောက်တယ်ပါ့
အကြွေးရှိရင် ချန်မထားနဲ့ ပေးလိုက်ကျ ပေးလိုက်ကျ
မြင်မြင်သမျှ လန့် နေလိုက်တာ ကြောက်တတ်ပါ့ ကြောက်တတ်ပါ့။

ရောဂါရှိရင် မွေးမထားနဲ့ ကုလိုက်ကျ ကုလိုက်ကျ
အကျဉ်းသားလည်း မေ့မထားနဲ့ ကုလိုက်ကျ ကုလိုက်ကျ
ရွှေနန်းရှင်လည်း ပစ်မထားနဲ့ ကုလိုက်ကျ ကုလိုက်ကျ ။

ဆရာဝန်တွေ ပါဝါပြတာ ထောင်ထဲမှာ ထောင်ထဲမှာ
ထောင်မှူးကြီးလည်း ပါဝါသုံးတာ ထောင်ထဲမှာ ထောင်ထဲမှာ
သူခိုးလေးလည်း လူမိသွားတော့ ထောင်ထဲရောက်ထောင်ထဲရောက်
သူခိုးကြီးတွေ ဆရာ မတော့ နန်းထဲရောက်နန်းထဲရောက်
ဗိုလ်ချူပ် ကြီးလည်း ပါဝါပြပြီး နန်းထဲရောက် နန်းထဲရောက်
ဘုရင်ကြီးလည်း အာဏာမဲ့တော့ ထောင်ထဲရောက် ထောင်ထဲရောက်
ထောင်မှူးကြီးလည်း အလှည့်ရောက်တော့ ထောင်ထဲရောက် ထောင်ထဲရောက်။

လူချမ်းသာလည်း ရင်တုန်လာတော့ လူနာပေါ့ လူနာပေါ့
သူဆင်းရဲလည်း ခေါင်းအုံလာတော့ လူနာပေါ့ လူနာပေါ့
ရောဂါရှိရင် မွေးမထားနဲ့  ကုလိုက်ပေါ့ ကုလိုက်ပေါ့
အရူးချီးပန်း လုပ်နေတာတွေ ရပ်ပစ်လိုက် ရပ်ပစ်လိုက်
ရွှေနန်းရှင်လည်း ဖွက်မထားနဲ့ ကုပေးလိုက် ကုပေးလိုက်။
အယ်ဇီ

Yaw Han Aung said...

သံချပ်သံတွေ ဆူသကွယ်
တရားလုပ်နေသူ နားမခံနိုင်ဘူး။
ဆြာယောလည်း မနေနိုင်ပါ
ရိပ်သာကနေ ထလာခဲ့ရ
ငါ့သမီး စာကျက်နေတယ်။
အလိုဗျာ....
"ဖုန်းဆက်လိုက်ရမလား....."

(တေးမွန်) said...

ဒီနှစ်သစ်ကူးမှာ ထူးတယ်ဗျာ… ဘလောဂါတွေ စုပေါင်းအော်ကြ..။
(ဘလောဂါတွေ စုပေါင်းအော်ကြ… ဒီနှစ်ကူးက ထူးတယ်ဗျာ)
အဝေးရောက်နေတဲ့ ရွှေမြန်မာတွေ … သင်္ကြန်ပွဲတော် မဆင်နွဲနိုင်ကြ.. ။
(သင်္ကြန်ပွဲတော် မဆင်နွဲနိုင်ကြ… အဝေးရောက်နေတဲ့ ရွှေမြန်မာတွေ)
တူးပို့သံမကြားပဲ ပိုးထလာ.. မနေနိုင်မထိုင်နိုင် တက်လို့အော်ကြ..။
(မနေနိုင်မထိုင်နိုင် တက်လို့အော်ကြ… အွန်လိုင်းပေါ်က ဒီဘလောခ်မှာ)
နာမည်ကြီးဘလောဂါတွေ ၀ိုင်းလို့အော်.. ငါမပါရင် မဖြစ်ချေဘူး..။
(ငါမပါရင် ပွဲမစည်ဘူး.. နာမည်ကြီးဘလောဂါတွေ ၀ိုင်းလို့အော်)
ပြည်တော်မပြန်နိုင်တဲ့ ဘ၀တွေမှာ.. မြန်မာပြည်ကို လွမ်းကြ လွမ်းကြ..။
(အတာသင်္ကြန်ကို လွမ်းကြ လွမ်းကြ.. ပြည်တော်မပြန်နိုင်တဲ့ ဘ၀တွေမှာ)
မေတ္တာတရား ရှေ့ ကိုထား.. မြန်မာ ပြည်သူအများ ချမ်ြးျေမှ့ပါစေ..။
(မြန်မာပြည်သူတွေ အေးချမ်းကြစေ.. မေတ္တာတရား ရှေ့ ကိုထား)
ဘချုပ်ကြီးများတောင် မကျန်ပါ.. မေတ္တာတွေနဲ့ ဆုတောင်းပေးကြ..။
(မေတ္တာတွေနဲ့ဆုတောင်းပေးကြ.. ဘချုပ်ကြီးများတောင်မကျန်ပါ)
သေရာသေကြောင်း ဆုတွေတောင်း.. ဘချုပ်ကြီးများရပါစေ..။
(အော်.. ဘချုပ်ကြီးများရပါစေ.. သေရာသေကြောင်းဆုတွေတောင်း)
ဟေး ဖိုးစိန်လား ဟေး ဖိုးရွှေလား ဟေ လာ မောင် တို့ လား (၀ါး)

pandora said...

လူကြီးတချို့ ရိပ်သာဝင်.. ဖန်ခွက်ကိုင်ကာ အရည်ပျော်လို့
ပုတီးတလုံးဂျောက်ကနဲ ..တူးပို့သံကြားငေါက်ခနဲ
သိကြားမင်းရဲ့ black list မှာ .. မှတ်လိုက်မှာနော် ဘာမှတ်နေလဲ
(ဟဲဟဲ)

pandora said...

လူကြီးတချို့ ရိပ်သာဝင်.. ဖန်ခွက်ကိုင်ကာ အရည်ပျော်လို့
ပုတီးတလုံးဂျောက်ကနဲ ..တူးပို့သံကြားငေါက်ခနဲ
သိကြားမင်းရဲ့ black list မှာ .. မှတ်လိုက်မှာနော် ဘာမှတ်နေလဲ
(ဟဲဟဲ)

ကျားကျား said...

၇၀ ကျော်လည်း ပင်စင်မယူ
မငြူမစူ၊ ခပ်ပြောင်ပြောင်ပဲ။

ငါကိုယ်တော်မြတ် ကြွချီမယ်
လမ်းလျှောက်လာပြီ- တုန်ချိတုန်ချိ။

မင်းကျင့်တရား-နားစမ်းပါ
ပြေးသာဆည်းကပ်-ဆရာလေးဆီပဲ.

ဆရာလေးဆီက-ဓာတ်ဆင်ရိုက်
စိုက်ခိုင်းပြန်ပြီ-ကြက်ဆူပင်တဲ့

အနေကြာဖို့-လုပ်ပြန်ပြီ
ဟိုဟိုဒီဒီ-ရွှေနေကြာစိုက်။

ကျဉ်းကြပ်ထဲမှ-လွတ်မြောက်ရေး
ထွက်ပြေးလေပြီ-ကြပ်ပြေးဆီတဲ့။

ညကြီးသန်းခေါင်-ယတြာချေ
ရွှေတိဂုံလည်း အငြိမ်မနေရ။

တိုင်းစိုးပြည်အုပ်-ယတြာလုပ်
ကိုယ်ကျင့်တရားမှာ စုပ်စုပ်သာမြုပ်။

ဖွင့်ထားပါတယ် အစဉ်အမြဲ
မောင်သန်းရွှေအတွက် အ၀ီစိငရဲ။

ကျွန်တော်ဘလော့ဂါ မသိပါ
ရေးမိပါတယ် သံချပ်ပို့စ်လေး။

မုဒ်ဝင်လာမှ ရေးတတ်တာ
ကျွန်တော့်အကျင့်ပါ လူတိုင်းအသိ။

ဒီညမှာတော့ မုဒ်ဝင်တယ်
ရေးမိပြီကွယ်. ဒီဘုန်းတော်ဘွဲ့။

sweetpeony said...

သင်္ကြန်ချိန်ခါရောက်လို့ လာ၊ ပျော်ကြရွှင်ကြ ဘလော့ပေါ်မှာဗျ။
ရွှဲရွှဲစိုအောင်လောင်းကြပါဟ၊ smilies တွေနဲ့ ဘလော့ပေါ်မှာဗျ။
စတုဒီတာတွေ ကျွေးနေတာ၊ လာပါစားပါ ဘလော့ပေါ်မှာဗျ။
ရေပတ်ခံတွေ ထွက်လိုက်တာ၊ တစ်အိမ်တက်တစ်အိမ်ဆင်း ဘလော့ပေါ်မှာဗျ။
သင်္ကြန်သီချင်းနဲ့ သံချပ်သံ၊ စီစီညံနေ ဘလော့ပေါ်မှာဗျ။
ရပ်ဝေးမြေကတို့ တတွေ၊ သင်္ကြန်ကျတာ ဘလော့ပေါ်မှာဗျ။