(အပြောင်းအလဲ)
လေ့ကျင့်သင့်ပြီ။ ပြုပြင်ပြောင်းလဲရေးကိစ္စတွေထဲမှာ ဒါကလည်း အရေး
ကြီးတယ်။ ဒေါ်စုလည်း အသက်ကြီးပြီ မဟုတ်လား။ သူ့ကိုသဘောကျ
လို့ ထောက်ခံတာထက် သူ့ပါတီရဲ့လုပ်ရပ်ကို သဘောကျလို့ထောက်ခံ
တာမျိုး ဖြစ်သင့်ပြီ။ ဒေါ်စုကို ယုံကြည်တာထက် သူ့ပါတီကို ယုံကြည်တာ
မျိုးဖြစ်သင့်ပြီ။ ဒေါ်စုမရှိတော့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းက ပေါ်
နေတာကြာပြီ။ အခုချိန်ထိ အဖြေက ကျကျနန မရှိသေး။
မြန်မာ့နိုင်ငံရေးက လူပုဂ္ဂိုလ်တဦးတယောက်အပေါ် မှီတည်ပြီးဖြစ်နေခဲ့
တာ ဒီကနေ့အထိပဲ။ စစ်တပ်မှာလည်း ဗိုလ်ချုပ်မှုးကြီးမှ ဗိုလ်ချုပ်မှုးကြီး။
ဒီမိုကရေစီဘက်မှာလည်း ဒေါ်စုမှ ဒေါ်စု။ အခုလည်း သမ္မတကြီးမှ သမ္မ
တကြီးဆိုတဲ့ အသံတွေ ညံနေပြန်တယ်။ အာဏာကိုချုပ်ကိုင်ထားသူ
ဗိုလ်ချုပ်မှုးကြီးက ဘုရင်တပါးလို အာဏာရှိလာသလို။ တရားဝင်အာ
ဏာ မရှိပေမဲ့လည်း သူ့လောကမှာတော့ ဒေါ်စုက ဘုရင်မတပါးလို
နေရာရခဲ့တယ်။
ဒေါ်စုကိုထောက်ခံသူတွေထဲမှာလည်း ဒေါ်စုဘာလုပ်လုပ်၊ ဘာပြောပြော
အကုန်မှန်တယ်ဆိုပြီး မျက်စိမှိတ်ထောက်ခံသူတွေ အတော်များတယ်။
နိုင်ငံရေးအရ ထောက်ခံတာမျိုးမဟုတ်ပဲ ပုဂ္ဂိုလ်ရေးအရ ကိုယ်းကွယ်သလို
ဖြစ်နေတယ်။ အဲဒါကြောင့်လည်း ဒေါ်စုဟာ သာမန်နိုင်ငံရေးသမားထက်
သာလွန်တဲ့ အဆင့်မှာရောက်ခဲ့ရတယ်။
စစ်အုပ်စုကလည်း ဒီမိုကရေစီသမားမှန်သမျှ ထောင်ချ ရက်စက်ခဲ့ပေမဲ့
ဒေါ်စုကိုတော့ နေအိမ်အကျယ်ချုပ်ပဲ ချခဲ့တယ်။ ဒါကလည်း စေတနာနဲ့
သက်ညှာတာမျိုး မဟုတ်နိုင်ဘူး။ ဒေါ်စုကို အများနည်းတူ အင်းစိန်ထောင်
ထဲပို့လိုက်ရင် ပြည်တွင်းပြည်ပက ဖိအားတွေ အုံကြွလာနိုင်လို့ဖြစ်လိမ့်မယ်။
ဒီလိုနဲ့ဒေါ်စုဟာ (အခွင့်ထူးခံ) ကံကောင်းတဲ့နိုင်ငံရေးသမားဖြစ်ခဲ့တယ်။
စစ်တပ်က ဒေါ်စုနဲ့ဒီမိုကရေစီသမားတွေအကြား ခွဲခြားဆက်ဆံခဲ့ပေမဲ့ ဒီမို
ကရေစီသမားတွေက ဒေါ်စုကိုယုံကြည်မှု မလျှော့ခဲ့ဘူး။
(အတွယ်အဖဲ့)
စစ်အစိုးရလက်ထက်မှာ ဒေါ်စုကို ရစရာမရှိအောင် နိုင်ငံရေးအရ တိုက်
ခိုက်ခဲ့တယ်။ နိုင်ငံတော်ပိုင် သတင်းမီဒီယာအစုံက ထိုးနှက်တိုက်ခိုက်ခဲ့
တာ။ နိုင်ငံရေးတင်မက ပုဂ္ဂိုလ်ရေးကိစ္စတွေကိုပါ အပီအပြင် “တွယ်”ခဲ့
တာ။ ပြည်သူအများက ခေါင်းဆောင်လို့ သတ်မှတ်ထားတဲ့သူကို အဲ့သလို
“တွယ်”ရမလားဆိုပြီး အတော်“ဒေါပွ”ခဲ့ကြတယ်။ နိုင်ငံပိုင်သတင်းစာမှာ
အဆင့်အတန်းမရှိတဲ့ ဝေဖန်ရေးတွေပါလာတာဟာ တိုင်းပြည်သိက္ခာကို
ထိခိုက်စေတယ်လို့ စစ်အုပ်စုက မသိရှာဘူး။ သူတို့က ရန်သူဆိုရင် “တွယ်”
ဖို့နဲ့ “ဆော်”ဖို့ပဲ သိရှာတယ်။
စစ်အစိုးရခေါင်းဆောင်တွေက အရပ်ဝတ်လဲပြီး တရားဝင်အစိုးရဖွဲ့လှုပ်ရှား
လာတဲ့နောက်ပိုင်း ဒေါ်စုကို“တွယ်”တဲ့ဇတ်လမ်း တခန်းရပ်သွားခဲ့တယ်။
ဒါပေမဲ့ ဒေါ်စုကရွေးကောက်ပွဲဝင်ပြီး လွှတ်တော်တက်ဖို့ဆုံးဖြတ်ခဲ့တဲ့နောက်
ပိုင်းမှာတော့ ဒေါ်စုကို “ဖဲ့”တဲ့အသံတွေ အွန်လိုင်းလောကမှာ ကြားလာရ
တယ်။စစ်အုပ်စု လိုလားသူတွေသာမက စစ်အုပ်စုမလိုလားသူ (ဒီမိုကရေစီ
ရေးထောက်ခံသူတွေထဲကပါ) ဒေါ်စုကို တိုက်ခိုက်လာကြတယ်။ နိုင်ငံရေး
တင်မက ပုဂ္ဂိုလ်ရေးအရပါ အပီအပြင်“ဖဲ့”လာကြတယ်။ ဒီလူတွေက ဒေါ်စု
ကို အရင်က ယုံကြည်ထောက်ခံခဲ့သူတွေ။ အခုတော့ မုန်းရင် အပြတ်မုန်း။
ချစ်ရင် အပြတ်ချစ်ဆိုတာမျိုးတွေ ဖြစ်ကုန်တယ်။
တကယ်ဆို နိုင်ငံရေးအရ မှားတယ်၊ လွဲတယ်လို့မြင်ရင် နိုင်ငံရေးဆန်ဆန်
အဆင့်အတန်းရှိရှိ ဝေဖန်သင့်တယ်။ ဒီလိုသာဝေဖန်ကြရင် အပြစ်တင်စော
တဲ့အသံတွေနဲ့အတူ ဂရုစိုက်ခံရမှုနဲ့ လေးစားမှုတွေလည်း ရလာနိုင်တယ်။
ဝေဖန်ချက်က ပိုပြီးထိရောက်နိုင်တယ်။ အစွန်းတဘက်ထိရောက်အောင်
သွားပြီး ပုဂ္ဂိုလ်ရေးအရ“ဖဲ့”ကြတော့ အဆင့်မရှိတဲ့ရန်ဘက်တွေပဲ တိုးလာ
တယ်။ ထောက်ပြတဲ့အချက်က ကောင်းပေမယ့် ပြောပေါက်ဆိုပေါက်က
“ဖဲ့”သလိုဖြစ်နေတော့ စေတနာမမှန်ဘူးလို့ အမြင်ခံရတယ်။ အလုပ်မဖြစ်
ဘူးပေါ့။ ကိုယ့်ဝေဖန်ချက် တန်ဘိုးလျှော့တာပေါ့။ ထိရောက်တဲ့ ဝေဖန်မှုတွေ
ထွန်းကားလာစေချင်လို့ ပြောနေတာပါ။ တိုင်းပြည်ကောင်းကျိုးအတွက်
အစိုးရတင်မက ဒေါ်စုနဲ့သူ့ပါတီကိုလည်း ဝေဖန်ထောက်ပြတာတွေ တာဝန်
အရကို လုပ်ဖို့လိုတယ်။
(အချစ်အမုန်း)
မြန်မာ့နိုင်ငံရေးလောကမှာ ပုဂ္ဂိုလ်ရေး အစွန်းရောက်ယုံကြည်မှုတွေ ရှိနေ
တာက နိုင်ငံရေးအင်အားစုကို ယုံကြည်အောင် မကြိုးစားပဲ လူတဦးထဲကို
အလွယ်တကူယုံကြည်ခဲ့တဲ့ အကျင့်ကြောင့်ပါ။ ဒီအလေ့အထက မကောင်း
ဘူး။ ဒီမိုကရေစီကိုသွားတဲ့အခါမှာ ဒီလိုအလေ့အထကို ခပ်စောစောကတည်း
က ဖြတ်ထားနိုင်မှ။ (ဒေါ်စုကို မယုံနဲ့လို့ ပြောတာမဟုတ်ဘူးနော်) ဘာကိုမဆို
အလွယ်တကူ ကိုးကွယ်ယုံကြည်တတ်တာက မြန်မာတွေရဲ့ဓလေ့လိုဖြစ်နေ
တယ်။ ဝေဖန်ဆန်းစစ်တဲ့အသိနဲ့ နိုင်ငံရေးအမြင်ကို ထူထောင်ရမယ့်အချိန်
ရောက်ပြီ။ ဒီလိုမဟုတ်ရင် လူစွမ်းကောင်းမျှော်တဲ့အကျင့်က မြန်မာတွေထဲ
ဆက်ပြီးစွဲနေလိမ့်မယ်။
ဒေါ်စုလည်း သနားပါတယ်။ အမုန်းလွန်အစွန်းနဲ့ အချစ်လွန်အစွန်းရောက်
သမားတွေရဲ့ နှစ်ဘက်ခွဆွဲတာ တောက်လျှောက်ခံနေရတယ်။ ဒီအတိုင်း
ဆက်သွားရင် သူလည်း မလွယ်ဘူး။ ငါလည်း မလွယ်ဘူး။ နင်လည်း မလွယ်
ဘူး။ အလုပ်မဖြစ်တဲ့ အကျင့်တွေ၊ စံနစ်တွေကို အခုချိန်မှာ မပြောင်းရင် ဘယ်
အချိန်ကျမှ ပြောင်းကြမလဲ။ အလိုလိုကမှ အရာရာမှာ နောက်ကျနေရတဲ့ အထဲ။
မီးတွေပျက်နေရတဲ့ အထဲ။ သမ္မတဂျီး နေမကောင်းဖြစ်နေရတဲ့ အထဲ။ သမ္မတ
အကျန်ပေးက ဖရောင်းတိုင်မီး ပူဇော်ခိုင်းနေရတဲ့ အထဲ ။
(ရုပ်ပုံ ၊ ဂူဂလ်)