Thursday, August 18, 2011

ဒကာစိန် ချွတ်ခဏ်း



















ဒကာကြီးဦးသိန်းစိန် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ဘုန်းကြီးမေတ္တာ ပို့သ
ပါတယ်။ ဒကာကြီးနဲ့ ဘုန်းကြီး မဆုံဖူးပါ။ သို့သော်လည်း ဘုန်းကြီးရဲ့အာရုံ
ထဲမှာ တကာကြီးက အခုနောက်ပိုင်း အမြဲလိုလို ရှိနေတာကြောင့် နိုင်ငံတော်
သမ္မတကြီးဆိုသော်လည်း ရင်းရင်းနီးနီး ဒကာကြီး ဦးသိန်းစိန်လို့သာ ခေါ်
လိုက်ပါတယ်။

ဒကာကြီး သမ္မတဖြစ်လာကတည်းက ဘုန်းကြီးက မျက်ခြေမပြတ် စောင့်
ကြည့်နေခဲ့တာပါ။ ဒကာကြီးရဲ့မိန့်ခွန်းတွေကိုလည်း ဘုန်းကြီးက ကြိမ်ဖန်
များစွာဖတ်နေလို့မို့ အလွတ်ရမတတ် ဖြစ်နေပါပြီ။ ဒကာကြီးရဲ့လုပ်ရပ်တွေ
ကိုလည်း နေ့စဉ်ဘုန်းကြီး လေ့လာနေပါတယ်။ ဒါကြောင့်ပိုရင်းနီးလာတဲ့
သဘောနဲ့ ဒကာစိန်လို့ပဲ ခေါ်ပါတော့မယ်။

ဘုရားဟောတွေမှာ ပါတဲ့အတိုင်း မင်းကျင့်တရားနဲ့အညီ တိုင်းပြည်ကို အုပ်
ချုပ်တဲ့ သူဟာ။ လူသာဓုခေါ်၊ နတ်သာဓုခေါ်။ တိုင်းပြည်လည်းပျော်။ ကိုယ်
လည်းပျော်တဲ့ ကိန်းပါပဲ ဒကာစိန်။ လူကြိုက်၊ နတ်ကြိုက်၊ ဘုရားကြိုက်
လောကအလုံးစုံ ကြိုက်တဲ့ အဖြစ်မျိုး ဒကာစိန်တို့ မိတ်ဆွေတွေ အဆက်
ဆက် မလုပ်ခဲ့ကြလို့ တိုင်းပြည်လည်း နာလွန်းလှပါပြီ။ ဒီအချက်ကို ဒကာစိန်
သမ္မတဖြစ်လာခါမှပဲ ကောင်းကောင်းကြီး သိလာပုံရလို့ ဘုန်းကြီး အင်မတန်
မှ ၀မ်းမြောက်မိပါတယ်။ သာဓုလည်း ခေါ်မိပါတယ်။

ဒကာကြီးလည်း စစ်ယူနီဖေါင်းကို ချွတ်၊ ခါးကြားမှာ အမြဲတန်းထိုးထားတဲ့
မည်းချောက်ချောက် ဗျောက်သေနပ်ကိုလည်း စွန့်ခဲ့လို့ ငြိမ်းချမ်းရေးနိမိတ်
ထွန်းလာတယ်လို့ ဘုန်းကြီး မှတ်ပါတယ်။ ခက်ထန်တဲ့ စစ်အဆောင်အရောင်
တွေအစား ရောင်စုံပြေး ချိတ်ထမီ ၊ ရွှေစလွယ် တလင်းလင်း၊ ရွှေကိုင်းမျက်မှန်
တ၀င်းဝင်း၊ ပိုးသားခေါင်းပေါင်း တလူလူနဲ့ ဒကာစိန်ကို ပြောင်းလဲပြီး မြင်လာရ
လို့လည်း ဘုန်းကြီးတို့ ပြုံးရတဲ့အထိ ၀မ်းသာမိပါတယ် ဒကာကြီး။

ဝမ်းသာလုံး ဆို့မတတ်ဖြစ်ရတာကတော့ ဒကာစိန်ရဲ့ ထူးခြားလှတဲ့ မိန့်ခွန်း
တွေကြောင့်ပါပဲ။ မိန့်ခွန်းဆိုတာ စကားလုံးတွေပါ။ ဒီစကားလုံးတွေ ဘယ်က
ဖြစ်လာသလဲ။ စိတ်ကူးထဲကလား။ နှလုံးသားထဲကလား။ ဦးနှောက်ထဲကလား။
ဘုန်းကြီးက သမုတိသံဃာအဆင့်မို့ ဒကာစိန့်ရင်ထဲ ထွင်းဖေါက်လို့ မမြင်နိုင်ပါ။

စေတနာနဲ့ပြောတဲ့ မိန့်ခွန်းတွေလား။ အကြံအညဏ်နဲ့ပြောတဲ့ မိန့်ခွန်းတွေလား။
မှန်ကန်တဲ့ စေတနာ၊ ကောင်းမွန်တဲ့ အကြံအညဏ်တွေနဲ့လား။ ဒကာစိန်တို့ရဲ့
အစဉ်အလာအတိုင်း ညဏ်နီညဏ်နက်တွေနဲ့လား။ စစ်နည်းဗျူဟာတွေအရ
တကောင်ကြွေးတာဟာ နှစ်ကောင်ရိုက်ဖို့လား။ အခုတလော ဒီမေးခွန်းတွေနဲ့
ဘုန်းကြီးတော့ ကောင်းကောင်း ကျိန်းလို့မရနိုင်ဘူး ဒကာစိန်ရေ။

ပြည်သူတွေ နှစ်ပေါင်းကြာရှည် ကြုံနေရတဲ့ အဖြစ်ဆိုးတွေကို တကယ်ပဲ
ပြောင်းလဲအောင် လုပ်တော့မလို့လား ဒကာကြီး။ ပြည်ပရောက် မြန်မာတွေ
တိုင်းပြည်ထဲ ပြန်လာဖို့ ခေါ်နေတာ ဘာတွေများ လုပ်မှာမို့တုံး ဒကာကြီးရဲ့။
သူတို့တွေ ရောက်လာတော့ရော ဘာတွေများ ထူးပြီးဖြစ်လာမှာမို့တုံး။
အများက ယုံကြည်ထောက်ခံနိုင်ဖို့ တိုင်းပြည်ထဲမှာ ရှိနေတဲ့လူတွေကိုပဲ
ငြိမ်းအေးသက်သာအောင် အရင်လုပ်ပြပါဦးလား ဒကာစိန်။

ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒကာစိန်က တွေ့မယ် တကဲကဲ
လုပ်နေတယ်လို့ သတင်းတွေကြားရတယ်။ ဒါတွေက အမှန်ပဲလား။ တွေ့တဲ့
အခါ ဘာတွေများ ပြောကြမှာတုံး ဒကာကြီးရဲ့။ ဒကာစိန်တို့ အရင်က တွေ့ကြ
တယ်ဆိုတာက“တွေ့မထူး”တွေပဲမို့ ဘုန်းကြီးက မေးရတာပါ။

ဒကာစိန်လည်း အသက်အရွယ် ရလာပြီ။ ဒကာမကြီးဒေါ်စုလည်း အသက်ရ
လာပြီ။ အမှားကို မဖက်ပဲ တရားကို ဖက်ရမယ့်အချိန် ရောက်လာပြီ ဒကာကြီး
ရေ။ တရုတ်ကို အားထားတာဟာ တရားကိုအားထုတ်တာ မဟုတ်ဘူးဆိုတာ
တော့ ဒကာစိန်လည်း သိလောက်ပြီလို့ ဘုန်းကြီးထင်တယ်။ မတရားဖမ်းထား
တဲ့ လူတွေကို ပြန်လွှတ်ပေးလိုက်တော့ ဒကာစိန်။ ၀ဋ်ဆိုတာ အနှေးနဲ့အမြန်
လည်တာပဲဆိုတာ ဒကာစိန်လည်း ရိပ်မိလောက်ရောပေါ့။ ဟူစိန်တို့၊ မူဘာရက်
တို့ အဖြစ်ကိုသာ ကြည့်ပေတော့ ဒကာစိန်။

ဘုရားရှင်လက်ထက်မှာ ဆိုးသမှ သိပ်ဆိုးဆိုတဲ့ ရာဇ၀င်လူဆိုးကြီးတွေ ဘုရား
ရှင်နဲ့တွေ့တဲ့အခါ၊ ဘုရားရဲ့တရားတွေကို နာပြီးတဲ့အခါ။ ချက်ချင်းဆိုသလို
အကျွတ်တရားတွေ ရကုန်ကြတယ်။ အမှန်ကိုသိမြင်ခြင်းဆိုတဲ့ တန်ခိုးတော်
ကြောင့် ဟိုဘက် အစွန်းကနေ ဒီဘက်အစွန်းကို ချက်ချင်းရောက်လာကြတယ်။
လူဆိုးကနေ လူသူတော်ကောင်း ဖြစ်လာကြတယ်။

အမှန်ကို မြင်ခြင်းဆိုတာ တော်လှန်ရေးတရပ်ပါပဲ ဒကာစိန်။ အမှန်ကိုမြင်လို့
အမှားကိုပြင်တယ်ဆိုတာ သူရဲကောင်းတို့ရဲ့အလုပ်ပါ။ ဒကာကြီးဟာ သား
သတ်သမားလား။ တော်လှန်ရေးသမား သူတော်ကောင်းလားဆိုတာ ကွဲပြား
အောင် ပြသရမယ့်အချိန်ရောက်နေပြီ ဒကာစိန်။ ဆိုးညစ်တဲ့ သမိုင်းကို ရပ်
တန့်ခဲ့သူ၊ အမှောင်ကျနေတဲ့ တိုင်းပြည်ကို အလင်းဝင်အောင် ဖွင့်ပေးခဲ့သူ
အဖြစ် သမိုင်းတွင်အောင်လုပ်ဖို့ အခွင့်အခါကောင်းဟာ ဒကာစိန်ရဲ့လက်ထဲ
မှာ လုံးလုံးရောက်လို့ နေပြီပေါ့။ အမှန်ကို ရဲရဲသာ ရှုလေတော့ ဒကာစိန်။

ဘုန်းကြီးတို့လည်း ရောက်ရာဘ၀က သာဓုခေါ်နေပါ့မယ်။ ဒကာစိန်ရဲ့ နှလုံး
စိတ်ဝမ်း အေးချမ်းနေပါစေ။ အရှင် ကောဝိဒ။၂၀၀၇ သံဃာ့အရေးအခင်းမှာ
မေတ္တာပို့ရင်း ပျံလွန်တော်မူခဲ့သူ။

(ရုပ်ပုံ ၊ အေပီ)

3 comments:

Anonymous said...

HAR HAR HAR HAR HAR HAR HAR HAR ............
so so funnyyyyyyyyyyyyy
good job
can't stop laughing

kay said...

sadu..sadu..sadu

ABC said...

ခေါင်းစဉ်က ဒကာစိန် ချွတ်ခဏ်း ဆိုလို. ဒကာစိန် တောင်ရှည်ကို သွားချွတ်တာလာလို. - တော်တော်နောက်တဲ့ ဘလော့ဂါပဲ

((စစ်နည်းဗျူဟာတွေအရ
တကောင်ကြွေးတာဟာ နှစ်ကောင်ရိုက်ဖို့လား။ )) ကြိုက်သွားပြီအရေးအသားကို ..

လုပ်ပေါင်းများ၊ လိမ်ပေါင်းများနေလို. သိပ်မယုံရဲတာလဲ ဟုတ်ပါတယ်၊ အချိန်အကြာကြီး စောင့်ခဲ့ရပြီဆိုတော့ ဒီတစ်ခါတော့ စိတ်ရှည်ရှည် ထားပြီး စောင့်ကြည့်စေချင်ပါ တယ်၊ ဒကာစိန်တစ်ယောက် သူတို.အဖွဲ.အစည်း ထဲမှာအစားအသောက် သောင်းကျန်းတယ် လို. မကြားမိပါဖူး၊ အသက်ကလေးရလာလို. ဘုရားတရားလေးဖက်ပြီး စိတ်တွေလျော့ တိုင်းပြည်အတွက် ကောင်းတာလုပ်မယ်ဆိုရင်တော့ ကြိုဆိုရမှာပေါ့ဗျာ