Saturday, August 20, 2011

ယောက်မြို့ အသစ်















ဒီမြို့မှုန်မှုန်ကြီးက ဓါတ်ပုံဆရာ လက်တုန်လို့ မှုန်သွားရတဲ့မြို့ပါ။ ကားပေါ်က
ကမန်းကတန်း ရိုက်ရတာကလည်း မှုန်ရခြင်း အကြောင်း တရပ်ပေါ့။ တုန်ခြင်း
မှုန်ခြင်း သည်းခံပါ။













မြို့လည်ခေါင်ဆိုတော့လည်း ကားရှုပ်ရှုပ် ၊ လူရှုပ်ရှုပ်ပေါ့။














တိုက်ကြီးကို အနီရောင် သုတ်ထားတော့ တိုက်နီကြီးပေါ့ကွာ။



















တရုတ်လိုရေးထားတဲ့ အသားညှပ်ပေါင်မုန့်ဆိုင်။ တရုတ်တန်းနဲ့ နီးတာလည်း
တကြောင်း။ တရုတ်ဧည့်သည်တွေ အလာများတာကြောင့်လည်း တကြောင်း။
စကားကြုံလို့ သင့်နာမည်ရော တရုတ်လိုရှိပြီလား။ ခေတ်အခြေအနေအရ
လုပ်ထားဖို့ လိုပြီထင်တယ်။













အရောင်စုံတဲ့ တိုက်ကြီးဆိုတော့ တိုက်ရောင်စုံပေါ့ခင်မျာ။















ဒီမြို့မှာပဲ ထူးထူးခြားခြား သစ်သားရေစည်ကြီးတွေ အိမ်ပေါ်မှာ ထိုးထိုး
ထောင်ထောင်။












ဒီမြို့မှာ မြေအောက်လှုပ်ရှားမှုတွေ ရှိပုံရတယ်။ မြေအောက်ထဲက လူတွေ
မြေပေါ်ကို တက်တက်လာကြတယ်။














ဒါလည်း အသားညှပ်ပေါင်မှုန့်ဆိုင် တခုရဲ့နာမည်ပဲ။ ဒီမြို့က သိပ်ဆူ။
သိပ်ရှုပ်။ ညစ်လည်း ညစ်ပတ်။ ရှုပ်ရှက်ခပ်။ မျက်စိနောက်တဲ့ မြို့ဟောင်း
ကြီးတခုပါ။

ဘလော်ဂါ အကျော်အမော် ခင်ဦးမေကို အားကျလို့ တွေ့ရာ ရိုက်ထားတဲ့ ပုံတွေ
တင်လိုက်ပါတယ်။ တုန်ခြင်း မှုန်ခြင်း သည်းခံကြပါ။

2 comments:

ပန်ဒိုရာ said...

august လထဲက ရှိရှိသမျှ စာတွေ လာဖတ် ရယ်မော အပန်းပြေ ပြန်လည်ထွက်ခွာသွားပါကြောင်း

တော်တော်လက်သံ ပြောင်နေပါလား ဆရာ

blueskyforest said...

August လလေ ပန်ဒိုရာရဲ့ ။ ရှစ်တွေ လေးလုံးပူးတဲ့လ ။ အနုမြူဗုံးတွေ ကျဲတဲ့လ။ နေပြည်တော်ကို ဒေါ်စုရောက်တဲ့လ ။ တုန်တုန်ခါခါ အဖြစ်အပျက်တွေရှိတဲ့ August လမှာ ဒီလောက်တော့ ရေးလေမှ။ ဒီလဆို လူကလည်း အူကြောင်ကြောင် ဖြစ်ပုံရပါတယ်။ လာလည် အပန်းဖြေ သွားသူ ပန်ဒိုရာ ကျန်းမာပါစေဗျား။