Saturday, February 7, 2009

သမိုင်းကျပ်ခြင်း








သိပ်အေးတဲနေ့။ ရေခဲမှတ်အောက်ရောက်အောင် အေးတဲ့နေ့ ။ အပြင်ထွက်ရင် မချောင်ဘူးဆိုတာကိုအားလုံးက သဘောပေါက်ပါတယ်။ ဒီလိုအေးလိမ့်မယ်ဆိုတာလည်း အားလုံးက ကြိုသိထားပါတယ်။ ဒါပေမယ့်လည်း ဒီနေ့တော့ ဘယ်လောက်ပဲအေးအေး။ ဘယ်လောက်ပဲ ချမ်းချမ်း။ အေးလို့မက ရေတွေပဲ ခဲခဲ။ နှင်းတွေပဲ ဖုံးဖုံး။ အပြင်ကိုတော့ ထွက်မှဖြစ်မယ်ဆိုတဲနေ့ပါ။ ဒီနေ့ကိုစောင့်နေခဲ့ရတာ နှစ်ပေါင်းများစွာ။ ရာသီပေါင်း များစွာ။ ဘ၀ပေါင်း များစွာ။ အိပ်မက်ပေါင်းများစွာ။ အသက်ပေါင်းများစွာ။ ဒီလိုနဲ့ ။ အဲဒီနေ့ဟာ အေးစက်တဲ့ရာသီနဲ့အတူ မြို့ တော်လေးဆီကို တကယ်ပဲရောက်လာခဲ့ပါတယ်။


မြို့ တော်လေးအကြောင်း

ကြိုတင်ခန့်မှန်းချက်တွေအရ လူနှစ်သန်းလောက် ဒီမြို့ လေးကိုရောက်လာနိုင်တယ်။ အသွား အလာ အနေ အထိုင် အကုန်ကျပ်သွားနိုင်တယ်လို့ သတးင်းမီဒီယာတွေမှာပြောနေပါတယ်။ ၀ါရှင်တန်ဒီစီဟာ တိုင်းပြည်ရဲ့ မြို့  တော်သာဆိုတယ်။ ၆၈မိုင်ပါတ်လည်ပဲရှိတဲ့ မြို့ ငယ်လေးတမြို့ ပါ။ လူဦးရေ ငါးသိန်း ကျော်ပဲရှိတဲ့မြို့ ပါ။ အဲဒီမြို့  လေးကို လူနှစ်သန်းလောက်ရောက်လာ မယ်ဆိုတဲ့ကိစ္စက ပေါသေ့းသေး မဟုတ်ပါဘူး။ ပြူးတူးပြဲတဲ ကိစ္စပါ။ ဒါပေမယ့်လည်း မြို့ တော် လုံခြုံရေးပုဂ္ဂိုလ်တွေအတွက်ပဲ ပြူးတူး ပြဲတဲဖြစ်ကြတာပါ။ မြို့ နေလူထုကတော့ ပျော်မဆုံး၊ မော်မဆုံးဖြစ်နေကြတာ နှစ်လလောက်ရှိနေပါပြီ။

ဒီမိုကရက်ပါတီက အထက်လွှတ်တော်အမတ် ဘားရက်အိုဘားမား အကြိတ်အနယ်ပြိုင်ပြီး အနိုင်ရ ခဲ့ပြီဆိုကတည်းက မအိပ်နိုင်မစားနိုင်ဖြစ်နေတဲ့ မြို့ တော်လေးပါ။ မနေနိုင်၊ မထိုင်နိုင်ဖြစ်နေရှာတဲ့မြို့  တော်ကလေးပါ။ ထူးဆန်းတာက ဒီမြို့ တောေ်လးမှာ နေထိုင်သူတွေက သမ္မတရွေး ကောက်ပွဲမှာ မဲကို အပြည့်အ၀ပေးပိုင်ခွင့်မရှိပါဘူး။ အကြောင်းကတော့ သူကပြည်နယ် မဟုတ်လို့ပါပဲ။ ခရိုင်အဆင့်ပဲရှိပါတယ်။ လွှတ်တော်ထဲမှာ ပြည်နယ်ကိုယ်စားလှယ်အနေနဲ့ ၀ါရှင်တန်ဒီစီအတွက် မဲပေးမယ့်သူမရှိပါဘူး။ ပြောရေးဆိုခွင့်ရှိသူတော့ ထားပါတယ်။ ဆုံးဖြတ်ချက်ကို မဲထည့်ပြီးချတဲ့တိုင်းပြည်မှာ မဲပေးခွင့် မရှိတာဟာ ဆုံးရှုံးမှုတခုပေါ့။ အဲဒီအတွက်လည်း မြို့ နေလူထုက မတရားဘူးဆိုပြီး အခုထိမကျေမနပ် ဖြစ်နေကြတုံး၊ အငြင်းအခုန်လုပ်နေကြရတုံးပါ။ ဒီမြို့ က လူမဲဦးရေများတဲ့မြို့ ။ ဒီမိုကရက်ပါတီကို အများစုထောက်ခံတဲ့မြို့ ။

မြို့ တော်လေး ဒီစီမှာ အမျိုးသားရင်ပြင်ကျယ်တခုရှိတယ်။ လွှတ်တော်အဆောက်အဦးကနေ သမ္မတ လင်ကွန်း အဆောက်အဦးအထိ ခြောက်မိုင်လောက်ရှည်တဲ့ ကွင်းပြင်ရှည်တခုပေါ့။ ဘေးပါတ်ပါတ်လည် မှာတော့ အလကားကြည့်လို့ရတဲ့ ပြတိုက်တွေရှိတယ်။ အလကားဆိုပေတဲ့ အကောင်းစားတွေပါ။ ရင်ပြင်ရဲ့  အလယ်လောက်မှာ တော်တော်မြင့်တဲကျော့က်တိုင်ကြီးတခု။ ခေါင်းပေါင်းကျွတ်မတတ်မြင့်တာပါ။ စစ်သည်တွေအတွက်အထိမ်းအမှတ်နေရာတွေနဲ့ အားလပ်ရက်တွေမှာဖျော်ဖြေမှုတွေနဲ့ တချက်တချက် စည်းကားနေတတ်တဲ့မြို့ တော်လေးပါ။

အိပ်မက်တွေ အတောင်ပေါက်တဲ့နေ့

၂၀၀၉ခု ။ ဇန်န၀ါရီ ၂၀။ ဒီနေ့ဟာ အမေရီကန်ပြည်ေထာင်စုရဲ့ သမိုင်းမှာ ပထမဆုံးလူမဲ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုမယ့်နေ့ဖြစ်လို့ အမေရီကန်တွေအတွက် သိပ်ကိုအရေးကြီးတဲနေ့ပါ။ အထူးသဖြင့် လူမဲအမေရီကန် တွေအတွက်ပေါ့။ သူတို့ဟာ ဒီနေရာအထိရောက်အောင် ခရီးအရှည်ကြီးလျှောက်ခဲ့ကြရတယ်။ ဒီအချိန်ထိ ရောက်အောင် နှစ်တွေအကြာကြီးစောင့်ခဲ့ကြရတယ်။ ဒီလိုနေ့ကို နွှဲဖို့ မက်ခဲ့ရတဲ့အိပ်မက်က ရှည်လွန်းလှတယ်။ အရင်းအနှီးက များလွန်းလှတယ်။ ကြမ်းတမ်းတဲ့လမ်းခရီးတလျှောက်မှာ ထုံးစံအတိုင်း ပေးဆပ်မှုတွေအပြည့် နဲ့ပေါ့။ အခုတော့ အိပ်မက်က တကယ်ဖြစ်လာပြီ။ အေးစက်မှုက ရေခဲအမှတ်အောက် ရောက်နေတယ်ဆိုတဲ့ မိုးလေ၀သ သတိပေးချက်တွေကိုနားထောင်ရတာကိုက ပျော်စရာလို့ ထင်ခဲ့ကြတယ်။ အမှတ်တရဖြစ်စရာလို့ ထင်ခဲ့ကြတယ်။

တကယ်လည်း အေးစက်နတဲ့ နေ့ဖြစ်ခဲ့ပါတယ်။ လူတွေလည်း ခန့်မှန်းထားသလို နှစ်သန်းနီးပါး ရောက်လာ ခဲ့ကြပါတယ်။ ဘာကြောင့်လာကြသလဲဆိုတော့ သမိုင်းထဲမှာကိုယ်တိုင်ပါချင်လို့တဲ့။ အရေးကြီးတဲ့သမိုင်းဖြစ် ရပ်တခုကို ကိုယ်တိုင်ပါဝင် ရေးသားချင်လို့တဲ့။ သမိုင်းဖြစ်ရပ်တခုရဲ့  မျက်မြင်သက်သေဖြစ်ချင်လို့တဲ့။ မိုးမလင်းခင်ကတည်းက မြို့ တော်ကလေး လှုပ်ရွတက်ကြွနေခဲ့တာပါ။ သမ္မတကိုပဲလုပ်ကြံမလား။ လူတွေ များလို့ ပိပြီးသေကြမလား။ သိပ်အေးလွန်းလို့ ဖျားနာအေးခဲ့ကုန် ကြမလား။ ပြဿနာတွေနဲ့ ဆေးရုံတွေနဲ့ ဆန့်နိုင်ပါ့မလား။ လူဖြူလူမဲ ပြဿနာထ တက်မလား။ ဆန္ဒပြပွဲတွေဖြစ်လေမလားဆိုတဲ့ စိုးရိမ်စရာတွေ အမျိုးမျိုးနဲ့ လုံခြုံရေးတွေကို အံ့သြရလောက်ေအာင်ချထားခဲပေ့မယ့်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်မြင်စွာ အဆုံးသတ်ခဲ့တဲ့နေ့ပါ။ မြို့ တောေ်လးရဲ့  အမျိုးသားရင်ပြင်ဟာ လူတွေနဲ့လုပ်ထားတဲ့ကွင်းပြင်တခုလို ဖြစ်ခဲ့ပါတယ်။ သမိုင်းထဲကိုတိုးဝှေ့ ကြသူတွေနဲ့အေးစက်နေတဲ့ရင်ပြင်ဟာ ပြည့်ကျပ်ပျော်ရွှင်ပြီး ပူနွေး ခဲ့ရပါတယ်။ အဲဒီနေ့မှာ လူတွေအများကြီး ငိုကြပါတယ်။ ၀မ်းသာလို့လည်းငိုကြတယ်။ ၀မ်းနည်းလို့လည်း ငိုကြတယ်။

မိတ်ဆွေများ ခင်ဗျား။ သမိုင်းထဲကို တိုးဝှေ့ ခဲ့ကြဖူးပါသလား။ ဒါမှမဟုတ်။ နောင်လာနောက်သားတွေ သမိုင်းထဲကို အခုလိုပျော်ပျော်ရွှင်ရွှင်တိုးဝှေ့ နိုင်ဖို့ တခုခုလုပ်ခဲ့ဖူးပါသလား။ ဒါမှမဟုတ်။ ကိုယ်တိုင်တိုးဝှေ့  နိုင်ဖို့အတွက် ဘာတွေများလုပ်ဆောင်နေပါသလဲ။ ပျော်ပျော်ပါးပါး တိုးဝှေ့ ပြီး သမိုင်းရဲ့ မျက်မြင်သက်သေ တွေလုပ်ကြဖို့ အစီအစဉ်ရှိရင် ကျွန်တော့်ကိုလည်း လက်တို့ကြပါဦး ခင်ဗျား။ ဒါမှမဟုတ် လက်ခေါက်မှုတ်ပြီး အချက်ပေးလိုက်ပါခင်ဗျား။ ကျန်းမာကြပါစေ။