Monday, August 29, 2011

မန္တလေး လမ်းခွဲ













မနေ့ညက မန္တလေးသားနဲ့ ရန်ဖြစ်တယ်။ ထိုးကြ၊ သတ်ကြ၊ နပန်းလုံးကြတဲ့
အဆင့်အထိ ရောက်တယ်။ အွန်လိုင်းမှာ ရန်ဖြစ်ကြတာ။ စကားများကြရင်း
“ခွပ်” ဆိုပြီး သူက ရေးပါတယ်။ “ဘာခွပ်လဲဟ”လို့ ပြောတော့။ မင်းကိုငါ ထိုး
လိုက်တာတဲ့။ မျက်ခွက် တည့်တည့်ပဲတဲ့။ အဲဒီတော့မှ တိုက်ပွဲက တရားဝင်
စတင်ပါတယ်။ ကိုယ့်ဘက်က “၀ှီး....ဒေါက်” လို့ပြန်ရေးလိုက်တယ်။ “ဘာ
ဖြစ်တာလဲ”လို့ ဆိုတယ်။ ငါ့ကွန်ပြူတာဘေးက ဘီယာပုလင်းခွံနဲ့ နင့်ကို
လှမ်းပေါက်တာ နဖူးကွဲသွားပြီမဟုတ်လားလို့ ပြောပါတယ်။

တဘက်နဲ့တဘက် သည်းကြီးမဲကြီး တိုက်ခိုက်ကြရင်း အွန်လိုင်းရန်ပွဲဟာ
တဖြေးဖြေး ပြင်းထန်လာပါတယ်။ နောက်ဆုံး သူက “ရှီး...၀ုန်းဝုန်းဝုန်း”
“ဟေးဟေးဟေး” လို့ လုပ်ပါတယ်။ မှတ်ပလား မှတ်ပလားလို့လည်း ဆိုပါ
တယ်။ ဘာမှတ်ရမှာတုံးဆိုတော့ နင့်အိမ်ကို ငါမီးရှို့လိုက်ပြီလေလို့ ပြောပါ
တယ်။ ကိုယ့်ဘက်က တဘက်သတ် အပစ်အခပ်ရပ်စဲပြီး အိပ်ရာဝင်ခဲ့ရပါ
တယ်။ မဟုတ်ရင် တိုက်ပွဲက မိုးလင်းမယ်။

ပြောချင်တာက တိုက်ပွဲကိစ္စ မဟုတ်ပါ။ မန္တလေးကိစ္စ ဖြစ်ပါတယ်။ မန္တလေး
သူ မန္တလေးသား အားလုံးကို မဆိုလိုပါ။ ဒါပေမဲ့ ကိုယ်နဲ့သိတဲ့ မန္တလေးသား
အားလုံးလိုလိုကို ဆိုလိုပါတယ်။ ဘာကို ဆိုလိုတာလဲ။ ရှင်းပြပါ့မယ်။ မန္တလေး
သားတွေ ဒေသစွဲသိပ်ကြီးကြတယ်။ မြို့စွဲသိပ်ကြီးကြတယ်။ အဲဒါဘာဖြစ်
သတုံး။ သူသူ ငါငါ ကိုယ့်ဒေသ ကိုယ်စွဲကြတာ မဟုတ်လားလို့ မေးကြလိမ့်
မယ်။ ဟုတ်တော့ ဟုတ်တယ်။ ဒါပေမဲ့ မန္တလေးသားများက တမူးဖိုး ပိုရှူချင်
ကြတယ်။ “ဘူ” အချင်းချင်း “တစ်” လုပ်ချင်ကြတယ်။ (ကိုယ်နဲ့ သိတဲ့သူတွေ
ကိုပဲ ပြောနေတာပါ) ဒေသစွဲ မရှိသူ မန္တလေးသားများလည်း ရှိကောင်းရှိနိုင်ပါရဲ့။

မနေ့ညက ရန်ဖြစ်တဲ့အကောင်က တကယ်တော့ မန္တလေးမှာ မွေးတဲ့ကောင်
မဟုတ်ဘူး။ ရန်ကုန်မှာမွေးပြီး မိဘတွေ အလုပ်ပြောင်းလို့ မန္တလေးရောက်သွား
တာ။ သူ့ကိုယ်သူတော့ မန္တလေးသားတဲ့။ မန္တလေးတက္ကသိုလ်က ဆင်းလို့တဲ့။
မန္တလေးမှာ ကြီးပြင်းလို့တဲ့။ နယူးယော့ခ်မှာ နေသူကို နယူးယော့ကာလို့ ခေါ်
သလိုပဲတဲ့။ ပြောပုံက။ အာရုံခံစားမှု၊ မျိုးချစ်စိတ်၊ ယဉ်ကျေးမှုနဲ့ ဖန်တီးမှုအရာမှာ
မန္တလေးသားတွေကို ဘယ်သူမှ မမီဘူးလို့လည်း ဆိုသေးတယ်။

ထားပါ။ ကိုယ်လည်း မန္တလေးမှာ နေဖူးပါတယ်။ မန္တလေးရဲ့တန်ဘိုးကို သိပါ
တယ်။ ဒါပေမဲ့ မန္တလေးသားမို့ ပိုတော်တယ်လို့တော့ လာမလုပ်ပါနဲ့။ မြို့မငြိမ်း
တို့၊ ဦးရာဇတ်တို့၊ အရီးတောင်းဦးကျော်သိန်းတို့၊ ပါပါလေးတို့၊ ကိုဘဟိန်းတို့၊
ကျားဘညိမ်းတို့။ လူထုဒေါ်အမာ၊နဂါးဒေါ်ဦး။ လေဘာတီ မမြရင်တို့ သူ့ဟာနဲ့
သူ အရေးပါကြတာ သဘောပေါက်ပါတယ်။ တန်ဘိုးလည်း ထားပါတယ်။
မန္တလေးသားတွေ တော်တာ၊ ထက်တာ ရာဇ၀င်အစဉ်အလာအရ ရေခံမြေခံ
ကောင်းလို့၊ နန်းတော်ကြီးနဲ့ နီးလို့ဆိုပြီး အစွဲတကြီးနဲ့ပြောတာတော့ လက်မခံ
ပါဘူး။

မင်းတို့တွေ သိပ်တော်လွန်းလို့ပဲ တရုတ်တွေ သွားကြားထိုးရင်း မန္တလေးကို
ဝင်သိမ်းခဲ့တာ မဟုတ်လားလို့ ဟိုအကောင့်ကို “ခနဲ့” ပါတယ်။ သူ့ညီမက
မန္တလေးမှာ တရုတ်စာသင်နေတယ်ဆိုလို့ “မင်းညီမရော မှန်နန်းရာဇ၀င်ကို
တရုတ်လို ဘာသာမပြန်သေးဘူးလားလို့” နောက်ပါတယ်။ တကယ်တော့
သူညီမက မကြာခင်မှာပဲ တရုတ်တဦးနဲ့ မင်္ဂလာဆောင်တော့မှာပါ။ အဲဒီမှာ
ဒီအကောင် “ယမ်းပုံ မီးကျ” ဖြစ်ပြီး အွန်လိုင်းကနေ လှမ်းထိုးတော့တာပါပဲ။

မန္တလေးသားတွေက မညံ့ရုံမက။ တခြားဒေသကလူတွေထက် ပိုတော်
တယ်ဆိုတာရော။ အခုလည်း သူက ကိုယ့်ထက် ၀င်ငွေကောင်းပြီး။ သူ့
မိန်းမက ကိုယ့်မိန်းမထက် ပိုချောတယ်ဆိုတာရော။ နိုင်ငံခြားကို သူက
အရင်ရောက်တယ်ဆိုတာရော။ သူ့ဦးလေးက လွှတ်တော်ထဲမှာရှိတယ်
ဆိုတာရော။ မန္တလေးသူမန္တလေးသားတွေကို မထိနဲ့ဆိုတာရော။ မန္တလေး
သားက ပိုမြင့်မြတ်တယ်ဆိုတာရော ဒီကောင် မူးမူးနဲ့လျှောက်ပြောနေပုံရ
ပါတယ်။ သူက သြစတေးလျှမှာ။ သူ့ဆီက နေ့။ ကိုယ့်မှာ ည။

ရှုပ်တယ်ကွာ။ မြန်မာပြည် ဒီမိုကရေစီရရင် မင်းတို့မန္တလေးကို သီးခြားခွဲ
ထွက်ခွင့်ပေးမယ်လို့ ပြောတော့။ သိပ်ကောင်းတာပေါ့။ မင်းတို့မပေးလဲ
ငါတို့က တနိုင်ငံထူထောင်ဖို့ အစီအစဉ်ရှိသတဲ့။ ကဲ...အဲဒါ မန္တလေးသား
ပါပဲ။ ပြည်ထောင်စုကနေတောင် ခွဲထွက်ချင်ပါသတဲ့။ ဒီလိုကောင်တွေ
ခပ်များများ မန္တလေးမှာရှိနေရင် ခွဲထွက်ခွင့်ပေးလိုက်တာ မကောင်းဘူး
လားဗျာ။

ဒီနေ့မနက်စောစော အမျိုးသမီးဆီ ဒီကောင်ဖုန်းဆက်ပြီး နောက်ထားသေး
တယ်။ နင့်ယောက်ျား မထနိုင်သေးဘူး မဟုတ်လားတဲ့။ ညက နင့်ယောက်ျား
ကို မှတ်လောက်အောင် ဆုံးမထားလို့ တော်တော်နဲ့ ထနိုင်ဦးမှာ မဟုတ်ဘူးတဲ့။
အင်း....မန္တလေးကို ခွဲထွက်ခွင့်ပေးရေး လွှတ်တော်မှာ အဆိုတင်သွင်းဦးမှပါပဲ။

(ရုပ်ပုံ ၊ ဂူဂလ်)

2 comments:

Anonymous said...

မန်းတလေးသားတွေက အတ္တ ကြီးတယ် မိန်းမကို နိုင်ချင်ကြတယ်ဆိုတာ တော့ သတိထားမိတယ်..သူတို့က မိန်းမနိုင်တာကို လဲ ဂုဏ်ယူတတ်ကြတယ်ဗျ..

Hmoo said...

တူတို့ကယူနန်ပြည်နယ်ထဲ
တူ့အလိုလိုရောက်တွားပြီ
၊ကိုဘီလူးလဲယူနန်သားဖစ်တွားပြီ.. :)