Friday, April 22, 2011

ကုန်ပါပြီ...ကုန်ပါပြီ












အခုတလော မြန်မာပြည်ရဲ့သဘာဝပတ်ဝန်းကျင် ထိခိုက်နေတဲ့အကြောင်း ရေးထားတဲ့
စာတချို့ကို ဆက်တိုက်ဆိုသလို ဖတ်ရတယ်။ နဂိုဓါတ်ခံကလည်း အနည်းအကျဉ်းရှိ
လေတော့ ပြောချင် ဆိုချင်လာပါတယ်။ တချက်ထဲ ရှင်းအောင်ပြောရရင် တရုတ်
ပြည်လုပ်တာနဲ့ပဲ ဒို့ပြည်မွဲပါပြီလို့ ဆိုရမယ်။

ဒီလိုဆိုလိုက်တော့ တရုတ်ကို တဘက်သတ် အပစ်တင်ရာ ရောက်နေပြန်ရော။ လက်
ခုပ်ဆိုတာက နှစ်ဘက်တီးမှ မြည်တဲ့အရာမို့ တရုတ်ကိုချည်း အပစ်တင်တာ မတရားဘူး။
ကိုယ့်မျက်ချေးလည်း ကိုယ်ကြည့်ရမယ်။ ဒို့ပြည်မွဲတာ ဒို့မှာသာ အဓိကတာဝန်ရှိတယ်။
မည်သူမပြု မိမိမှုလို့ ဆိုသကိုး။

တရုတ်က ကမ္ဘာ့ဒုတိယ သူဋ္ဌေးဖြစ်လာတော့ လောဘ ပိုကြီးလာတယ်။ အကောင်ထွား
လာတော့ အစားပိုလာတယ်။ နီးစပ်ရာ လက်တကမ်း နိုင်ငံတွေဆီက သူ့အတွက်
အဟာရဖြစ်မယ့် အရာတွေကို ငွေနဲ့ပေါက်ပြီး အငမ်းမရ စားသောက်လာတယ်။ အာစီ
ယံနိုင်ငံငယ်တွေကို သူ့ဗိုက်ထဲထည့်ဖို့ လုပ်လာတယ်။ ကိုယ်ချင်းတော့ စာပါတယ်။ သူ့
နေရာမှာ ကိုယ်ဆိုရင်လည်း ဒီလိုလုပ်မိနိုင်တာပဲ။

ဖြစ်ချင်တော့ ကိုယ်ခံအားနည်းတဲ့ ဒို့တိုင်းပြည်လို ဟိုမရောက် ဒီမရောက်နိုင်ငံက တရုတ်
ပြည်နဲ့ မြေချင်းဆက်နေရုံတင်မက ဒို့ပြည်အုပ်ချုပ်သူများကလည်း ဒီမိုကရေစီကို မျက်မုန်း
ကျိုးတာနဲ့၊ အမေရိကန်ကို ကြောက်ကန်ကန်တာနဲ့ တရားကို အားထုတ်၊ တရုတ်ကို အား
ထားနေကြတယ်။ ပြည်သူတွေကလည်း ဆင်းရဲတော့ ရှိတာအကုန် ထုတ်ရောင်းတယ်။
တရုတ်ပဲဝယ်ဝယ် ကုလားပဲဝယ်ဝယ် ရတာအကုန် ရောင်းစားတယ်။

တရုတ်ကလည်း နိုင်ငံရေးကို အမြတ်ထုတ်ပြီး “ဒို့ပြည်ကို သူ့ပြည်မှတ်ပါလို့ ” ၀ါဒနဲ့ ၀ယ်
တယ်...၀ယ်တယ်...အကုန် ၀ယ်ဒယ်။ ကွမ်းသီးအခွံ၊ ကျောက်စိမ်း၊ ဆံပင်မွှေး၊ သဘာဝ
ဓါတ်ငွေ့နဲ့ သစ်တောကြီးတွေကအစ မြန်မာမလေးတွေအဆုံး ရတာအကုန် ၀ယ်ဒယ်။
အုပ်ချုပ်သူတွေကလည်း ဈေးချင်းတူရင် ဆွေမျိုးပေါက်ဖေါ်လို့သဘောထားတဲ့ တရုတ်ကို
ဦးစားပေးတယ်။ ဒီကြားထဲ ငါအပါအ၀င် သန်းနဲ့ချီတဲ့ ရွှေတွေကလည်း မြန်မာပြည်က
သစ်လုံးကြီးတွေ နိုင်ငံခြားထွက်ကြသလို “တောပြုန်း လူပြုန်း” ဖြစ်နေတာက တမှောင့်။

ဒီလိုနဲ့ ဒို့ပြည်လေးခင်မျာမှာ “တဖြုံဖြုံကေး၍ တဖြေးဖြေးကုန်” ဖြစ်လာတယ်။ သဘာဝ
သံယံဇာတတွေ ကုန်တာထက် ဆိုးတဲ့ဒဏ်ကို အခုပဲ ခံနေရပြီ။ ရာသီဥတု ဖေါက်ပြန်တဲ့
ဒဏ်ပေါ့။ ရှေ့လျှောက် ပိုပြီးခံရဦးမယ်။ ပြဿနာအရင်းခံက ဆင်းရဲလို့ဖြစ်ရတာပါ။ အသိ
ညဏ်ဆင်းရဲမှုက စပါတယ်။ ဆင်းရဲမှုက ဘာမဆို အကုန်ဖန်တီးတယ်။ ခံပေါ့။

ဒို့ပြည်ရဲ့ မူလတန်းပညာရေးမှာ သဘာဝပတ်ဝန်းကျင်ကိစ္စ ထည့်ထားသင့်ပြီ။ ဆရာတွေ
ကိုယ်တိုင်လည်း ဒီကိစ္စကို ကောင်းကောင်းသဘောပေါက်သင့်ပြီ။ ချက်ချင်းမပြုပြင် မထိမ်း
သိမ်းနိုင်ရင်တောင် သိထားရင်ပဲ မဆိုးဘူး။ အစိုးရကတော့ ပြောမရ ဆိုမရ အစိုးရဆိုတော့
သူ့ကို အပစ်တင်တာ အလကားပဲ။ တိုင်းပြည်ကို မချစ်လို့ သံယံဇာတတွေ အပျောက်အပျက်
ခံနေတာ။ သူတို့ခင်မျာ အာဏာကိုပဲ ချစ်ကြရှာတယ်။

နာမည်ကျော်ပုဂ္ဂိုလ်တွေ၊ မင်းသား မင်းသမီးတွေ၊ မြို့မျက်နှာဖုံး၊ ရွာမျက်နှာဖုံးတွေ၊ နိုင်ငံခြား
ပြန်တွေ၊ ပါမောက္ခကြီးတွေ၊ သူဋ္ဌေးသူကြွယ်တွေက လူမြင်သူမြင် ပလပ်စတိပ် လိုက်ကောက်
ပြတဲ့ အစီအစဉ်တွေ ရှိလာရင်ကောင်းမယ်။ သစ်ပင်စိုက်ပြတာမျိုးတွေ၊ ကိုယ့်မြေ ကိုယ့်ရေကို
တန်ဘိုးထားတဲ့ လုပ်ရှားမှုတွေ သိသိသာသာ ရှိလာရင်ကောင်းမယ်။ (သစ်ပင်က စိုက်ပြရုံတင်
မရဘူး၊ အပင်သန်လာအောင် ပြုစုတဲ့အဆင့်ထိရှိရမှာ။ တချို့က ပေါ်ပင်သဘော သစ်ပင်စိုက်
ရုံတင် စိုက်တာ။ပြီးရင်လှည့် မကြည့်ကြတော့ဘူး။) တိုင်းသိ ပြည်သိပုဂ္ဂိုလ်တွေက တိုင်းချစ်
ပြည်ချစ်စိတ်နဲ့ တိုင်းပြည်ရဲ့တန်ဘိုးတွေကို ထိမ်းသိမ်းပြတာမျိုးတွေ လုပ်ရင်လုပ်။ မဟုတ်ရင်
တော့ ဒို့တိုင်းပြည်လေး တဖြုံဖြုံကေး လိမ့်မယ်။

အောင်မယ်လေး ကုန်ပါပြီ....ကုန်ပါပြီလို့ ၀ိုင်းအော်ရတဲ့အဖြစ်မျိုး ဘယ်အချိန်ရောက်လာ
မလဲဆိုတာ မစဉ်းစားချင်ဘူး။ လောလောဆယ် ငါကိုယ်တိုင် ပြည်ပပို့ကုန်တခုဖြစ်နေလို့
စိတ်ညစ်ရတဲ့အထဲ။ စိတ်သက်သာမှုရအောင် အခုထဲက “ကုန်ပါပြီ...ကုန်ပါပြီ ခင်ဗျ” လို့
ကြိုအော်ထားရင် ကောင်းမယ်ထင်ပြီး အခုလို ရေးမိတော့တာပါပဲ ဒကာမကြီးရယ်။


(ရုပ်ပုံ ၊ ဖြူစင်လင်း)

3 comments:

mks said...

"မကြာမှီ ကုန်မည်" ...
အင်းလေ ကြိုအော်တာဘဲ ကောင်းပါတယ်ဗျာ ....
"ကုန်ပါပြီ ကုန်ပါပြီ"

ကလူသစ် said...

ငှင်း ငှင်း ငှင်း......

မရွံမရာ မကြောက်မရွံ့ အလောင်းကောက်၊ သဂြိုလ်ပေးတာတောင် ထောင်ထဲ ဆွဲထည့်ထားတတ်တဲ့ စေတနာတွေရှိတယ်နော်။ သစ်တပင်စိုက် ထောင်တသက် ဥပဒေနဲ့ငြိနေအုန်းမယ်။ သူတို့မလုပ်တဲ့ဟာ၊ မလုပ်နိုင်တာကို ကိုယ့်လုပ်ပေးရင် ကိုယ့်ကိုကျေးဇူးတင် ထောက်ပံ့ပေးရမဲ့အစား သူတို့ကို သောက်ရှက်ခွဲပါတယ်လို့ တွေးတတ်တဲ့ လူစားတွေဗျ။

blueskyforest said...

ဟုတ်ပ ကလူသစ်ရယ် ။ ဘာလုပ်လို့ လုပ်ရမှန်းကို မသိဖြစ်ရတဲ့ ဘ၀ပါ။ ဒါပေတဲ့ လွှတ်တော်ထဲက လူတွေ ကတော့ စစ်တပ်ထဲကလူတွေထက် နည်းနည်းပိုကောင်း အောင် လုပ်ပြမယ့်သဘော တွေ့လာ ကြားလာနေရ တာကပဲ ဘူပိတ်နေတဲ့ဘ၀က အပွင့်ကလေး တက်လာတဲ့ သဘောလို့မြင်ရင် အနည်းအကျဉ်းတော့ သက်သာရာ ရမယ်ထင်သကွယ်။