Friday, April 1, 2011

တန်ခူးလ ကြေညာချက်












ရှမ်းပြည်မှာ ငလျင်လှုပ်လို့ နေစရာ ပျောက်ရသူတွေကိုလည်း ကိုယ်ချင်းစာပါတယ်။
လစ်ဗျားမှာ စစ်ဖြစ်လို့ ပြည်သူတွေ ခေါင်းမထောင်ရဲပဲ ဖြစ်နေတဲ့ဘ၀ကိုလည်း နားလည်
ပါတယ်။ ဂျပန်မှာ ဂြိုလ်ဆိုးဝင်လို့ ပြည်သူတွေ လေမရှူရဲ ၊ ရေမသောက်ရဲ ၊ ခရီးမထွက်ရဲ
ဖြစ်နေတာကိုလည်း သဘောပေါက်ပါတယ်။

ထိုင်းနိုင်ငံမှာ ရေကြီးလို့ စီးပွါးပျက်ရသူတွေကိုလည်း စာနာပါတယ်။ နေပြည်တော်က
ထင်ရာစိုင်းလွှတ်တော်မှာ ချိတ်ထမီတွေ တလွှားလွှားနဲ့ ယုံတမ်းစကားတွေ လျှောက်
ပြောနေတာကိုလည်း မြင်ပါတယ်။ ကြားပါတယ်။ သို့ပင်သော်ငြား သော်လည်းပေါ့လေ။

လတန်ခူးကို ရောက်လာပြန်ပြီမို့ အရိုးထိစွဲနေတဲ့ရောဂါပိုးများ ပြန်လည်ထကြွလာတာ
ကိုလည်း ကိုယ်ချင်းစာ နားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အကယ်၍
“နားလည်မပေးနိုင်ဘူးဟေ့” ဆိုလည်း ကိုယ်တို့က ဂရုမစိုက်ပါဘူး။ သင်္ကြန်ဆိုတာ
ပျော်ရေးပျော်တာ၊ အော်ရေးအော်တာ၊ ဘလော်ဂါ အဖေါ်သဟာ ဘော်ဒါတွေနဲ့ ကဲရာ
ကဲကြောင်း နွဲ့ကြရမယ့် အခါသမယကြီးပဲ မဟုတ်ပေလားဗျာ။ ( ပလို့....ဂျိ )

ရွှေပြည်ဝေးဘလော်ဂါများက ခံတပ်သဘောပမာ အမြန်စပ်ရောကာ သံချပ်နှောလာ
ကြတာလည်း သုံးနှစ်ကြီးများတောင် တိုင်လာပါပေါ့လား မယ်တို့မောင်တို့ရဲ့။ အဟမ်း ။
အဲသည်တော့ကာ... မကြာခင်ရက်ပိုင်းအတွင်း အချိန်အခါမဆိုင်း ကျရောက်လာချေ
တော့မယ့်။ မြန်မာတို့ရဲ့အတာသင်္ကြန် ပွဲတော်ကြီးကိုလ ( အရင်နှစ်တွေအတိုင်း ) နွှဲ
ပျော်ပြီး ကြိုရအောင်လား အဖေါ်သဟာ ဘော်ဒါများတို့ရေ...။

အဖျော်ယမကာများအနေနဲ့ ထန်းရေချို ထန်းရေခါးကအစ ၀ီစကီ ဘီယာ ဗော်ဒဂါ အဆုံး။
အမြည်းသညာများအနေနဲ့ ထန်းလျှက်ခဲမှသည် ငါးခြောက်ဖုတ် လက်ဘက်သုတ် အကြော်
စုံတို့အပြင် ရေမှာပေါ်သည့် မုန့်လုံးလေးများ အဆုံး။ တွေးနေ ကြာသလားကွဲ့ တေးပဒေ
သာများနဲ့ အတူ ရေသဘင်ပွဲတော်ကို တ၀ုန်းဝုန်း တအုန်းအုန်းနဲ့ နွှဲပျော်ရင်း အစဉ်အလာ
လည်း မပျက်ရလေအောင် ရင်မှာမျက်နေတဲ့အရာတွေကို (ရွှေပြည်ဝေး မဏ္ဍပ်ရဲ့) စင်မှာ
တက်ကာ သံချပ်တော်များ ထိုးကြဦးစို့လားလို့ ။ အေပရယ်လဆန်း တရက်နေ့မှာ အချက်
ပေးသံချောင်း တင်ကြိုကာ ခေါက်လိုက်ရပါကြောင်း..။ မြန်မာဘလော်ဂါ သူတော်စင်
အပေါင်းတို့။

သင်္ကြန်နားနီးရင် ကဲကြတာပေါ့။ နီးစပ်ရာ အခြားအခြားသော ဘလော်ဂါများကိုလည်း
လက်တို့ ထားလိုက်ကြပါဦး။ အရင်နှစ်တွေက မှတ်တမ်းဝင် သံချပ်များ အောက်တွင်
ကြည့်။

( ကြိုတင် လေ့ကျင့်ရန် )

http://blueskyforest.blogspot.com/2010/04/blog-post.html

http://blueskyforest.blogspot.com/2009/04/blog-post.html

2 comments:

သက်ဝေ said...

မဏ္ဍပ်မထိုးတော့ဘူးလား ထင်နေတာ...
ဒီလိုဆိုရင်တော့ သံချပ်ရေးဖို့ ကြိုးစားလိုက်အုံးမယ်...
ဒီနှစ် အလုပ်တွေများပြီး တော်တော်လေးကို mood ပျောက်နေတယ်...း((

ABC said...

အရက်နဲ. ထန်းလျက်ခဲနဲ.မြည်းတာ ဒီတစ်ခါပဲ ကြားဖူးတယ် ....

အရက်ကခါးလို.ထင်ပါ့ ...

ဘလာ့ဂါသူတော်စဉ်အပေါင်းဆိုတော့ အင်း ... ကိုယ်တောင်မှ ပို့ စ်လေးဘာလေးရေးဦးမှ ...

သူတော်စဉ်ဘလောဂါ ဆိုတဲ့ ဂုဏ်ပုဒ်များ ရမလားလို.ပါ

သင်္ကြန်မှာ ရန်ကုန်မှာမရှိဖြစ်တာ ၁၀နှစ်လောက်ကြာခဲ့ပါပြီ

လွမ်းမိပါသည် ...

သင်္ကြန်မှာ ပျော်ရွှင်စေရန် ဆုတောင်းအပ် ပါတယ် .....