Tuesday, April 12, 2011

ရွှေပြည်ဝေး ရေကစားမဏ္ဍပ် ၂၀၁၁သံချပ်များ
















(အဖွင့်တီးလုံး)

(တုန် ချမ်း ချန်း...တုံ ခြမ်း ခြန်း...တုန်လို့ တုန်လို့ ချမ်း
တုံ ချန်း ခြမ်း...တုန် ခြန်း ချမ်း...တုန်ကာ တုန်ကာ ချမ်း...)

မြူး...မြူး...မြူး
နွေလေပွေက မြူး

လူး...လူး...လူး
ပိတောက်တွေ ရွှေရည်လူး

ဦး...ဦး...ဦး
နှစ်သစ် ရာသီဦး

ပူး...ပူး...ပူး
သင်္ကြန်နတ် ၀င်ကာပူး

ထူး...ထူး...ထူး
ဘလော်ဂါတွေရဲ့ အထူး

မြူးမြူး ကြွားကြွား ဖြစ်နေတယ် ဘာဖြစ်လို့လဲကွယ်

မြူးကြွ မြူးကြွ ဖြစ်နေတယ် ဘာဖြစ်တာလဲဟယ်

တနှစ်မှတခါ ဆုံလို့လာ
ရွှေပြည်ဝေးမှာ ရေကစားကာ
သံချပ်တွေလည်း ဟဲကြတာ
ဘလော်ဂါ အဖေါ်သဟာ စုံသကွာ
မြူးလို့...ပျော်လို့ဗျာ ။ (ကိုင်း.. စကြစို့)


( ဒို့လူလေးများ ဆိုသလေး ... ဝေးလေးလေး ဝေးလေးလေး

ဒို့လူလေးများ ဆိုသလေး ... ဝေးလေးလေး ဝေးလေးလေး )

သိသိ မသိသိ လာကြပါ... ရွှေပြည်ဝေးမှာ ရေကစားကြစို့

စားစရာ သောက်စရာ စုံပါတယ်... ငြုပ်သီးစိမ်းလည်း တွေ့လိုက်တယ်ခင်ဗျ

မုန့်လုံးရေပေါ် သတိထားနော်... ဘီယာအေးလေး ကြိုတင်ဆောင်ထား

သင်္ကြန်ပွဲကြီး နွှဲကြမယ်... ကမ္ဘာကြီးမှာ ဘာတွေဖြစ်ဖြစ်

နွှဲကြမယ်ဟေ့ ဟဲကြမယ်...ဘယ်နေရာမှာ ဘာတွေဖြစ်ဖြစ်

ရိုးရာလေးမို့ မဖျက်နိုင်ပါ...ပိတောက်တွေပွင့်တုန်း ပျော်ရတာပ

အော်ဖို့ ဟစ်ဖို့ လူစုပါ....ရွှေပြည်ဝေးမှာ သံချပ်ထိုးစို့ ။













(ဇာနည်ဝင်း)

သင်္ကြန် ယဉ်ကျေးမှု ထိန်းသိမ်းပါ - - (သတင်းစာမှာ အော်ချက်ထုတ်ရ။)၂
သင်္ကြန် ယဉ်ကျေးမှု ထိန်းကြပါ - - (သတင်းစာထဲမှာ အော်ချက်ထုတ်ရ)၂

သတင်းစာမဖတ်တဲ့ လူငယ်တွေ - - (ဂြိုလ်သား စတိုင် ၀တ်ကြ ဆင်ကြ)၂
အမိန့် မနာခံတဲ့ ဂေါ်လီတွေ - - (မပေါ့တပေါ် ၀တ်ကာ ကကြ ခုန်ကြ)၂

သရုပ်ပျက်ပေမဲ့ မဖမ်းပါခင်ဗျာ - - (နိုင်ငံရေး မလုပ်ရင် ပြီးရော ပြီးရော)၂
တနှစ်မှ တခါသာ ပျော်ရတာ - - (စိတ်လွတ် လက်လွတ် ပျော်ကြ ပျော်ကြ)၂

ယဉ်ကျေးမှုအတွက် မပူနဲ့ကွာ - - (ခေါင်းဆောင်ကြီးတွေ ရှိနေတာပဲ)၂
မြန်မာ့ရိုးရာ ထိန်းဖို့ရာ - - (ခေါင်းဆောင်ကြီးတို့ တာဝန် ထားလိုက်)၂

ဘောင်းဘီချွတ်တဲ့ ခေါင်းဆောင်တွေ - - (ရင်ဖုံးအင်္ကျီ ချိတ်ထမီနဲ့)၂
ယဉ်ကျေးမှုအတွက် စိတ်အေးရပြီ - - ( သင်္ကြန်မှာ ကြိုက်သလို လန်းပေါ့ ပျော်ပေါ့ )၂

ပြဿနာတခုတော့ ကျန်နေသည် - - (ဘာပြဿနာလဲ ဘာပြဿနာလဲ)၂
ပြဿနာတော့ တက်ပါပြီ - - (ဘာပြဿနာလဲ ဘာပြဿနာလဲ)၂

ဝိုင်းစုခိုင်သိန်း အခက်တွေ့ပြီ - - (ဘာဖြစ်လို့လဲ၊ နေမကောင်းလို့လား)၂
ဝတ်စရာ ထဘီ မရှိတော့ပါ - - (ခေါင်းဆောင်ကြီးတွေ ၀တ်ထားတာကိုး)၂

ဘောင်းဘီရှည်လည်း မရှိတော့ပြီ - - ( ဘောင်းဘီရှည်ဟာ စစ်တပ်အတွက်ကွဲ့ )၂
ဒါဆို ဘာမှ မရှိတော့ပြီ - - (ဘောင်းဘီတိုသာ အကောင်းဆုံးပါပဲ၊ ဘာမှ မ၀တ်ရင်
ပိုတောင် ကောင်းသေး)၂


ဟေ့ လေလား... ဟေ့ မိုးလား....မိုးလား လေလား လေလား မိုးလား
လေလား မိုးလား မိုးလား လေလား....ဟေး လာ မောင် တို့ ၀ါး - - - - ။











( အမည်မဖော်လိုသူ ရုပ်ပျက်နေသော စီကေအေ )


ဟေ့ ညိုမြတို့...ဟေ့ နွေမတို့ ... လာကြဟေ့ လာကြ....
ရွှေပြည်ဝေးမှာ သံချပ်သွားထိုးကြရအောင်.....

တုံချမ်း တုံချမ်း တုံချမ်းချမ်းဗျ.....ချမ်းတုံ ချမ်းတုံ ချမ်းတုံတုံပဲ....

သင်္ကြန်ချိန်ခါ ရောက်လို့လာ....အိမ်ရှိလူကုန် လမ်းပေါ်ထွက်ကြ....
လောင်းကြ ပက်ကြ မြူးတူးပျော်....ရွှေပြည်ဝေးက မောင်တို့ မယ်တို့...

ပြိတ္တာပေါတဲ့ တို့ပြည်မှာ....ဒီနှစ်ပိတ်တာ သံချပ်ဆိုပဲ
နောင်နှစ်ဆိုရင် ရေပိတ်မှာ....ရေမပါဘဲ ပက်ကြတာပေါ့...
(ကောင်းရော....ရေခြွေတာရာ ရောက်တာပေါ့ဗျာ....:)

ရေမီးစုံလင် တွေ့ချင်ရင်.....နေပြည်တော်ကို သွားကြည့်ကြစို့....
(အိုးးးး လင်းလို့ ထိန်လို့ပါလားဗျာ....)

တိရိစ္ဆာန်စုံလင် မြင်ဖူးချင်....နေပြည်တော်ကို သွားကြည့်ကြစို့....
(ဟမ်....ဆာဖာရီ တိရိစ္ဆာန် ဥယျာဉ် ရှိတယ်လေဗျာ...)

နှစ်ယောက် တထည် ဝယ်ဝတ်မယ်....မိန်းမလည်း ဒါ ကိုယ်လည်း ဒါဝတ်....
မိန်းမ ချိတ်ဆင် ခါးပေါ်တင်....စည်းဝေးပွဲဝင် ဖက်ရှင်ဆိုပဲ....

ကားတန်းရှည်ကြီး လမ်းပေါ်မှာ....အိပ်လိုက် စားလိုက် အေးဆေး အေးဆေး
ဓါတ်ဆီဈေးတွေ မိုးထိနေ....ဒါလေးများဗျာ အံ့ရော အံ့ရော...

လမ်းတံတားတွေ တိုးတက်နေ....တခြမ်းထဲခင်းတာ အမြင်ဆန်းဖို့...
မီးရော ရေရော မှန်ရအောင်....မဲလေးတပြားသာ ထည့်ကြ ထည့်ကြ...

သရုပ်ပျက်ဝတ်တဲ့ သင်္ကြန်ကားတွေ....သက်ဆိုင်ရာက ဖမ်းမယ်ဆိုပဲ
အရက်ပုန်းရောင်းတဲ့ ဆိုင်လေးတွေ....သက်ဆိုင်ရာက ဖမ်းလား ဆီးလား
အတိုအနန့်ဝတ် ညီမလေးတွေ....သက်ဆိုင်ရာက ဖမ်းလား ဆီးလား...
(အံမာ ညီမလေးတွေ ဖမ်းရအောင် ပါမစ်ရှိလား ပြ ပြ...)

ဟုတ်လည်း မဟုတ်ဘဲနဲ့....ဟုတ်လည်း မဟုတ်ဘဲနဲ့......
ဟုတ်လည်း မဟုတ်ဘဲနဲ့...ဟုတ်လည်း မဟုတ်ဘဲနဲ့ .....
(ကိုလွှမ်းမိုး သီချင်း သတိရလို့ပါဗျာ....)

သင်္ကြန်ချိန်ခါ ရောက်လို့လာ....အိမ်ရှိလူကုန် လမ်းပေါ်ထွက်ကြ....
လောင်းကြ ပက်ကြ မြူးတူးပျော်....ရွှေပြည်ဝေးက မောင်တို့ မယ်တို့...

ရွှေပြည်ဝေးက မောင်တို့ရေ.... ဝေလေလေ ဝေလေလေ
ရွှေပြည်ဝေးက မယ်တို့ရေ.... ဝေလေလေ ဝေလေလေ
ချမ်းသလားဟေ့ မောင်တို့ရေ... တုန်တယ်ဟေ့ တုန်တယ်ဟေ့
တုန်သလားဟေ့ မယ်တို့ရေ ... ချမ်းတယ်ဟေ့ ချမ်းတယ်ဟေ့
ဟေ့ ညိုမြရေ... ဟေ့ နွေမလား....ဟေ့ နွေမရေ.... ဟေ့ ညိုမြလား
ဟေလာ မောင်တို့ဝါးးးးး











(ကေ)

ရွှေပြည်ဝေးမဏ္ဍပ် စည်တယ် ဆို...( ခြောက်ကပ်ကပ်..) ၂

ဘလော့လေး နဲ့.. ခုတ်တာလောက်တော့..( ရီတာပေါ့..) ၂

အပျိုပိန်ပိန် ... ရေစိမ်လည်းပဲ...(အီကြာကွေး) ၂

မဏ္ဍပ်ပိုင်ရှင်ကြီး..ဘီယာစိမ်လည်းပဲ ( အီကြာကွေး ) ၂

နေပြည်တော် သင်္ကြန်ကို မှီချင်ရင်..( ဆယ်နှစ်ဆယ်မိုး..ကြိုးစားလိုက်အုံး ) ၂

မဏ္ဍပ်ထောင်စား ..မကိုက် ငှါး..မယား ရိုက်လတ္တံ့

ကြိုးစားပမ်းစား..ဖေ့စ်ဘွတ်ခ် သွား...တွေ့တဲ့သူ တွေ.. ခေါ်ခဲ့.. ခေါ်ခဲ့

ဟေး လား မောင် တို့...( ၀ါး...)











(သက်ဝေ)

သင်္ကြန်ချိန်ခါ ရောက်လို့လာ… ရွှေပြည်ဝေးမှာ ဆုံကြ ပျော်ကြ…
သင်္ကြန်ချိန်ခါ ရောက်လို့လာ… ရွှေပြည်ဝေးမှာ တူတူပျော်စို့…

ရွှေပြည်ဝေးရဲ့ စေတနာ… ရွှေပွဲလာတွေ ပျော်ဖို့ ရွှင်ဖို့
ရွှေပြည်ဝေးက မေတ္တာဝေ… မိတ်သဟာတွေ ချမ်းသာစေကြောင်း…

ရွှေပြည်ဝေးရဲ့ စေတနာ… ဘယာကြော်နဲ့ ဘီယာ အမြည်း…
ရွှေပြည်ဝေးရဲ့ မေတ္တာတေ… ကောင်မလေးဆို ရှေ့ကို တိုးကြ…

ရွှေပြည်ဝေးက အကိုတွေ… သက်မွန်မြင့်ကို ရအောင်ဖိတ်ခဲ့…
ရွှေပြည်ဝေးက အကိုတွေ… ဝိုင်းစုလေးကို ရအောင်ဖိတ်ခဲ့…

မြန်မာတို့ရဲ့သင်္ကြန်အခါ… ရေစင်လောင်းတာ ရိုးရာဓလေ့…
သင်္ကြန်ချိန်ခါ ပျော်စရာ… အတာရေလောင်းကာ ဆုမွန်တောင်းကြ…

မြန်မာတို့ရဲ့သင်္ကြန်မှာ… သံချပ်ထိုးတာ ရိုးရာဓလေ့…
သင်္ကြန်ချိန်ခါ ပျော်စရာ… ပြောစရာရှိတာ သံချပ်ထိုးကြ…
ပြောစရာရှိတာ သံချပ်ထိုးကြ… ပြောစရာရှိတာ သံချပ်ထိုးကြ…

(ကဲ… ဒီတော့ ကျွန်တော်တို့ ရွေမြို့တော်ကြီးဆီက သိရသမျှ
ထူးခြားသတင်းတွေကို သံချပ်လေးနဲ့ စလိုက်ကြရအောင်… )

ရွေးကောက်ပွဲကြီး ပြီးသွားပြီ… ပြောပြစမ်းပါ ဘာတွေထူးလဲ…
ရွေးကောက်ပွဲကြီး ပြီးတဲ့အခါ… ပြောကြစမ်းပါ ဘာထူးသွားလဲ…

ရွေးကောက်ပွဲအတွက် မဲပုံးထောင်… မဲဆွယ်တဲ့မောင် လမ်းတခြမ်းခင်းပြ…
ရွေးကောက်ပွဲအတွက် မဲပုံးထောင်… မဲရေတဲ့မောင် ကယောင်ကတမ်း…

ရွေးကောက်ပွဲကြီး ပြီးတဲ့အခါ… အားလုံးသိတာ ဟိုကိစ္စပဲ….
ရွေးကောက်ပွဲကြီး ပြီးတဲ့အခါ… အများ သိတာ ဟိုကိစ္စပဲ…

ဒါဆိုရင်…
လူတွေသိတာ ဟိုကိစ္စပဲ... ပြောပြစမ်းပါ ဘာလဲ ဘာလဲ…
အားလုံးသိတာ ဟိုကိစ္စပဲ... ပြောပြစမ်းပါ ဘာလဲ ဘာလဲ…
ပြောပြစမ်းပါ ဘာလဲ ဘာလဲ… ပြောပြစမ်းပါ ဘာလဲ ဘာလဲ…
(တဖြည်းဖြည်းနှင့် အသံတိုးသွား… ပြီးမှ အသံ ကျယ်ကျယ်နှင့် အော်စေ…)

((((((ကြိုတင်မဲ… ကြိုတင်မဲ…)))))) ((((((ကြိုတင်မဲ… ကြိုတင်မဲ…))))))

ကြိုတင်မဲနဲ့ အောင်ပွဲခံ… သူတို့တွေမှာ ပျော်တပြုံးပြုံး…
ကြိုတင်မဲနဲ့ အောင်ပွဲခံ… အစိုးရသစ်ဟာ ပျော်မဆုံး မော်မဆုံး…

အစိုးရသစ် တက်လို့လာ… စကတည်းက ယဉ်သကိုဗျ…
အစိုးရသစ် တက်လို့လာ… လွှတ်တော်ဝတ်စုံ အံ့မကုန်ဗျို့…
ကမ္ဘာ့အထူးအဆန်း တို့ဆီမှာ… ခိုးသားငါးရာ အစိုးရတဲ့…
ကမ္ဘာ့အထူးအဆန်း တို့ဆီမှာ… ချိတ်ထမီဝတ်တာ အစိုးရတဲ့…
ကမ္ဘာ့အထူးအဆန်း တို့ဆီမှာ… သံချပ်တားတာ အစိုးရတဲ့…
ကမ္ဘာ့အထူးအဆန်း တို့ဆီမှာ… G Talk ပိတ်တာ အစိုးရတဲ့…

(((သူတို့တားလည်း မမှုပေါင်… ပြောစရာရှိတာ ပြောရမှာပဲ…)))
(((သူတို့ပိတ်လည်း မမှုပေါင်… ပြောစရာရှိတာ ပြောကို ပြောမှ…)))

သံချပ်ထိုးလို့ ဖမ်းမယ်ဆို… နေပြည်တော်ကို တံတိုင်းခတ်လိုက်…
မဲခိုးလို့သာ ဖမ်းမယ်ဆို… နေပြည်တော်ကို တံတိုင်းခတ်လိုက်…

ဆိုင်းဘုတ်တွေသာ ပြင်လိုက်တာ… လူနဲ့ မူက အရင်အတိုင်းပါပဲ…
ဖွဲ့စည်းပုံသာ ပြောင်းလိုက်တာ… လူနဲ့ မူက မဲပြာပုဆိုး…

( ကဲ… ဒါတွေ ပြောမနေကြပါနဲ့တော့… အခုလုပ်ရမှာက...)

နှစ်ဟောင်းကုန်လို့ နှစ်သစ်မှာ… လူတိုင်း လူတိုင်း ကောင်းမှု ပြုကြ…
နှစ်ဟောင်းကုန်လို့ နှစ်သစ်မှာ… မကောင်းမှုတွေ ဖယ်ကာ ရှားကြ…

မကောင်းတာတွေ ဖယ်ရှားချင်… ကြံ့ နဲ့ ဖွတ်တွေ နေပြည်တော် ရွှေ့…
နောက်နှစ်သစ်ကို မကူးခင်… ကြံ့ နဲ့ ဖွတ်တွေ နေပြည်တော် ရွှေ့…
(တိရိစ္ဆာန်ရုံ ရွှေ့ရင်း တလက်စထဲပေါ့ ခင်ဗျာ…)

မကောင်းတာတွေ ဖယ်ရှားချင်… သံပုံးတီးတာ ရိုးရာဓလေ့…
မကောင်းတာတွေ ဖယ်ရှားချင်… တောထုတ်ကြတာ ရိုးရာဓလေ့…

မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…
နေပြည်တော်က အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…

မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…
သံပုံးတီးကာ တောထုတ်ကြစို့… မကောင်းဆိုးဝါး အကောင်တွေ…
မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…

(သံပုံးတီးသံ ဆူဆူညံညံဖြင့် သံချပ်ကို သိမ်းပါရန်…)











(မဏ္ဍပ်ပိုင်ရှင် ကိုဖေတင်)

ဒုံ ခွမ်းခွမ်း...ဒုံ ခွမ်းခွမ်း... ဒုန် ဂျန်းဂျန်း...ဒုံ ဂျမ်းဂျမ်း..

ချွတ်ကုန်ပြီဟဲ့ ချွတ်ကုန်ပြီ....ယူနီဖေါင်းတွေ ချွတ်ကုန်ပြီဟဲ့

စွပ်ကုန်ပြီကွဲ့ စွပ်ကုန်ပြီ...ချိတ်ထမီတွေ စွပ်ကုန်ပြီကွဲ့

လွှတ်တော်တက်ဖို့ စွပ်ရတာ
...ဘာဖြစ်သလဲ ဗျာ

လွှတ်တော်ဝင်ဖို့ ချွတ်ရတာ.... ဘာဖြစ်သလဲ ကွာ

စစ်သားကြီးတွေ ထမီဝတ်တော့ ရွံတာပေါ့...ရွံတာပေါ့

စစ်ဗိုလ်တွေက ခေါင်းပေါင်းထောင်တော့ ရွံတာပေါ့...ရွံတာပေါ့

နေပြည်တော်ကို လာခဲ့နော်....လှိုင်ခေါင်းထဲကို လိုက်ပြမယ်ဗျ

လှိုင်ခေါင်းထဲမှာ ဘာရှိတယ်.... သိရင်ပြောကြကွယ်

သိပါတယ်အေ့...သိပါတယ်... အနှိပ်ခန်းတွေ ရှိတယ်မှုတ်လား

သိပါတယ်လေ့...သိပါတယ်...လင်းနို့ချီးတွေ ရှိသမှုတ်လား

ဒိန်း တတ်တပ်....ဒိန်း တပ်တတ်.....ဒိမ်း တတ်တပ်...ဒိမ်းဒိန်း တပ်

( နေပြည်တော်တော့ တော်လောက်ပြီ....ပြည်သူတွေဆီ သွားကြဦးစို့ ) ၂

ဒို့ပြည်သူတွေ ဘယ်မှာနေ.... မယေးရှားမှာနေ ( ဟေ)

ဒို့လူငယ်တွေ ဘယ်မှာနေ...ချင်ကာပူမှာ နေ (ဟေ)

ဒို့ပြည်သူတွေ ဘယ်ကိုသွား....အမေယီးကားကို သွား...

ဒို့လူငယ်တွေ ဘယ်ကိုသွား...အော်စေးယားကို သွား...

ပညာတတ်တွေ ဘယ်ကိုသွား....နိုင်ဂျမ်ဂါးကို သွား...

ပညာမတတ်တွေ ဘယ်ကိုသွား...နိုင်ဂျမ်ဂါးကို သွား...

တိုင်းပြည်ထဲမှာ ဘယ်သူတွေကျန်....အဖိုးကြီး အဖွားကြီး ကျန် (အမ်)












(ရန်ကုန် ဂျော်ဒီး)


ဒုံး ဒုံး..ချပ်....ဒုံး ဒုံး ချပ်...ဒုံး ဒုံး..ချပ်....ဒုံး ဒုံး ချပ်...

မြန်မာတို့ရဲ့နှစ်သစ်အတာ........သင်္ကြန်ပွဲမှာ ကဲကြတယ်တဲ့ ....

ရွှေပြည်ဝေးတို့  သင်္ကြန်မှာ......သံချပ်ထိုးကာ ပျော်ကြတယ်တဲ့....

ရွှေပြည်တွင်းက အခြေအနေ.....အဝေးကနေ သရော်ကြ ကလိကြ..

ဖိတ်စာရလို့  လာခဲ့တယ်......မင်းတို့မိတ်ဆွေ ဂျိုပြုတ် ဒူးကြီး...

ဒီနှစ်ခါတော့ ဆီးလို့ ကြိုကွယ်......မောင်ကြီးလာပါမယ် လာဘာမယ်...

နောင်နှစ်ခါတော့ သိပ်မသေချာ......သေရွာသွားမယ် နှုတ်ဆက်ပါရဲ့...

ဟိုမှာ ဒီမှာ ဗုံးပေါက်တာ.....သားသား အဲဒါ....သိဝူး..သိဝူး

နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ....သားသား အဲဒါ ...သိဝူး...သိဝူး

ကုန်ဈေးနှုန်းတွေ မိုးပေါ်မှာ....သားသား အဲဒါ.. သိဝူး..သိဝူး..သိပါဘူး ဆိုမှ

နယ်စပ်ဒေသ တိုင်းရင်းသားတွေ.....ပြည်တွင်းစစ်မှာ အပြစ်မဲ့ သေကြ

ဟုတ်လို့လား ဟုတ်လို့လား....သားသား အဲဒါ ...သိဝူး....သိဝူး

တိုင်းသူပြည်သား စိတ်ညစ်အောင်....လက်သံပြောင်တာ ငါ ဟုတ်လို့လား

ပြည်သူတွေရဲ့ ရင်နှစ်သည်းချာ....ချစ်ရှာကြီးပါ ကြည့်ကြပါဦး

ချစ်ရှာကြီးမို့ မေတ္တာဝေ....မူဘာရက်ရေ...အဖော်ခေါ်လှည့်

ချစ်ရှာကြီးမို့ မေတ္တာဝေ...ဘက်ဘိုကြီးရေ အဖော်ခေါ်လှည့်

နိုင်ငံတကာ ခုံရုံးမှာ....ယိမ်းကကြမယ် ဒုံးချပ်...ဒုံး ချပ်

ဇတ်သိမ်းခန်းက လာတော့မယ်....ကားလိပ်ချမယ် မြေတွင်းတူးထား

သူများပျော်လို့ မပျော်နိုင်....ရည်းစားပျောက်လို့ မှိုင်

သူများပျော်လို့ မပျော်နိုင်ဘူး....ကဒါဖီကြီးရေ ကယ်ပါဦးလား

နိုင်ငံတကာ ခုံရုံးကို... ကြိုးတုတ်ပို့မယ် ကြိမ်းနေတယ်ဗျ...

ညစဉ် ညစဉ် ...အိပ်မပျော်ပေါင်..... ကိုယ့်အရိပ်တောင်...ကိုယ်ကြောက်နေရ

ကြိုးတုတ်ပို့မယ် ကြိမ်းသူတွေ.....သားသားပါဘူး ရာထူးစွန့်ထား
(နောက်ကွယ်ကတော့ ...ကိုရိုးကားယား...)

ဟေ့ ....စိန် လား...ဟေ့ ...ရွှေလား...
ဟေ့ ...လေးလုံးလား.....ဟေ့....ရှစ်လုံးလား
ဟေ့..လား....မင်း တို့  အရင်သွား
(ရဘူး....ရဘူး... ဟေ့လား...မောင်တို့ အကုန်သွား....)











(အမည် မလုံ့တလုံဖော်လိုသူ ပဒရ)

တို့ရွှေပြည်သင်္ကြန် ပျင်းစရာ... သံချပ်ဆိုတာ မထိုးရဘူးတဲ့
သံချပ်ကိုတောင် မထိုးရဘူးတဲ့... တို့ရွှေပြည်သင်္ကြန် ပျင်းစရာ

ဘာကြောင့်များလဲ မောင်တို့ရယ်....သံချပ်တွေကို မှန်မှာ စိုးသလား
သံချပ်တွေကို မှန်မှာစိုးသတဲ့.... ဘာကြောင့်များလဲ မောင်တို့ရယ်

သံချပ်မှန်မှာ စိုးရိမ်ရင်.... သံချပ်ကာအင်္ကျီဝတ်ထားပါလား
သံချပ်ကာအင်္ကျီဝတ်ထားပါလား.... သံချပ်မှန်မှာ စိုးရိမ်ရင်

မကြောက်ပါနဲ့ အစ်ကိုတို့ရယ်....သံချပ်တွေကို မိုးပေါ်ထောင်ပစ်
မိုးပေါ်ကိုထောင် ပစ်လိုက်တာဗျ....မကြောက်ကြနဲ့ အစ်ကိုတို့ရယ်
(သံချပ်တွေမှန်နေတယ်နော်..... သံချပ်တွေမှန်နေတယ်)

အင်တာနက်ထဲ သင်္ကြန်ကျမယ်....ပျော်စရာပါကွယ် ဆင်ဆာတွေလွတ်
ပျော်စရာကြီးပါ ဆင်ဆာတွေလွတ်.... အင်တာနက်ထဲ သင်္ကြန်ကျတာ

မုန့်လုံးရေပေါ် စားဦးနော်....အလုံးညီညီ ရိုက်ပေးမှာပေါ့
တစ်လုံးချင်းညီညီ ရိုက်ပေးမှာပေါ့....၀လုံးရေပေါ် စားဦးနော်
OOOOOOOOOOOOOOOOO (လုံးလုံးလုံး.... လုံးလုံးလုံး)

အိုးမည်းသုတ်တာ ပျော်စရာ...အခြစ်ရာလေးတွေ ရိုက်လိုက်တာပဲ
အခြစ်ကလေးတွေ ရိုက်လိုက်တာပေါ့....အိုးမည်းသုတ်ချင် သိပ်လွယ်တာ
########### (ဂျစ်ဂျစ်ဂျစ်.... ဂျစ်ဂျစ်ဂျစ်)

ရေပြွတ်လိုချင် ရဦးမယ်.... ဟောဒီမှာကွယ် သင်္ကေတလေး
ဟောဒီမှာကွယ် သင်္ကေတလေး....ရေပြွတ်လိုချင် ရဦးမယ်
|=|=====> (ဖြန်းဖြန်းဖြန်း... ဖြန်းဖြန်းဖြန်း)

မျက်စိနဲ့ပဲ ကျတဲ့သင်္ကြန်...လာခဲ့ပါကွယ် ဗာကျူရယ်ဝါးလ်ဒ်
လာခဲ့ပါကွယ် ဗာကျူရယ်ဝါးလ်ဒ်.... မျက်စိနဲ့ပဲ ကျတဲ့သင်္ကြန်

ဖေ့စ်ဘွတ် ဘလော့ဂ် စုံလင်စွာ....လိုက်လည်ကြပါ ပျော်စရာပဲ
လိုက်လည်ကြတာ ပျော်စရာပဲ....ဖေ့စ်ဘွတ် ဘလော့ဂ် စုံလင်စွာ

ရွှေပြည်ဝေးလို့ ကြံမိရာ....ခွင့်ပြုပါနော် ဒီသံချပ်လေး
ခွင့်ပြုပါကွယ် ဒီသံချပ်လေး.... ရွှေပြည်ဝေးလို့ ကြံမိတာ
(ပတ်ဗေတိုးပေ ပတ်ဗေတိုးပေ.... ပိုတို ပတ်ဗေး.. ပတ်ဗေး.. ဂျိ)
ကဗျာလွတ်ဖြင့် တစ်ခန်းရပ် ။











(ဆရာ မှူး)

အမေ့ချွေးမ ပျောက်လို့ရှာ....တွေ့ပြီ တွေ့ပြီ သူဘဲ သူဘဲ
အမေ့ချွေးမ ပျောက်လို့ရှာ....တွေ့ပြီ တွေ့ပြီ ပန်ဒိုရာဘဲ...အဲလေ မှားကုန်ပြီ...
အမေ့ချွေးမ ပျောက်လို့ရှာ....တွေ့ပြီ တွေ့ပြီ သူဘဲ သူဘဲ
တွေ့ပြီ တွေ့ပြီ သူဘဲ သူဘဲ...သံချပ်ကြောက်တဲ့ သခိုးတွေ
တုံတလုံတုန်... တုံတလုံတုန်

ကိုဘီလူးမဏ္ဏဎ်မှ သံချပ်တိုင်သံ အနည်းငယ်ကျယ်လောင်၍
စစ်ထောက်လှမ်းမယ်များ ရီပို့တင်သောအခါ
ကြိုတင်သမ္မတကြီးနဲ့အဖွဲ့ဝင်များက တခါခါ၊ ချိတ်ထမီ တရမ်းရမ်းဖြင့်
ဒေါသတကြီး ဒီမိုကရေစီကြိုတင်ကျင့်စဉ်ဖြင့်ချီတက်
ကြွေးကြော်ကြသည်မှာ...

မဲခိုးလို့သာ ဖမ်းမယ်ဆို...နေပြည်တော်ကို အုတ်တံတိုင်းခတ်လိုက်...
နေပြည်တော်ကို အုတ်တံတိုင်းခတ်လိုက်....မဲခိုးလို့သာဖမ်းမယ်ဆို....(ကဲစကားနဲရန်စဲသူတို့ကိုတော့ဝေးဝေးကဘဲ
ရှောင်ရအောင်...ရွှေပြည်ဝေးသူငယ်ချင်းတို့ရေ...)

သန်းရွှေကြီးက ယူဂျီဝင်....သူ့ဖင်ကြီးက ဂျပိုးလိုဘဲ
သူ့ဖင်ကြီးက ဂျပိုးလိုဘဲ....သန်းရွှေကြီးက ယူဂျီဝင်..
(ယူဂျီ= under ground=မြေအောက်)

ဂျပိုးများပုန်းသောအခါ၊ ခေါင်းသေးသေးလေးများ ဖွက်၍
လုံခြုံပြီသူ့ကိုယ်သူထင်ကာ၊ သူတို့ဖင်ကြီးများမှာသွေးဝကာ
တင်ကျန်ရစ်ခဲ့သည်..:)

ကဲကဲ....ရော့ ကိုဘလူး၊ ကိုဇာနီ၊ ဒေါ်ချစ်ကြည်၊ ကေအေဝိုင်၊ သက်သက်ဝေနဲ့ပန်ပန်ရေ
ဟောဒီက ဒို့ရဲ့ဘီလူးလေဘယ်လေး အမှတ်တရ ရှယ်ကြရင်း....


ကလေးငိုလို့ မလာနိုင်သူတွေ.....ချိုလိန်ပေးမယ် လာခဲ့ပါဦး
သန်းစိန်ကြောက်လို့ မလာနိုင်သူတွေ....ချိတ်ထမိန်ပို့မယ် နေပြည်တော်သွားဖို့
သန်းစိန်တို့...သန်းရွှေတို့...ငရဲကြိုလို့...ဟေ လာ မောင် တို့..ချီးရားစ်....


(သံချပ် အတွဲ ၂ ကို အပေါ်ပို့စ်တွင် ဆက်လက်ရှုစားကြပါကုန်)

13 comments:

သက်ဝေ said...

ရေးနေတယ်...
ရေးပြီးရင် လာခဲ့မယ်...း))

Hmoo said...

ချရာယောရောဘယ်ရောက်နေ
ပန်ပန်ကောဘယ်ရောက်နေပလိမ့် :)

zarny win said...

ဒီနှစ် သံချပ်ဖိတ်စာ နဲ့  မနှစ်က တပ်ပေါင်းစု သံချပ်ကို
ဧရာဝတီ ဘလော့မှာ သွားတင်လိုက်တယ်။ မနေနိုင်သူတွေ ရေးကြပါလိမ့်မယ်။
မရေးလည်း ဖတ်ဖြစ်တာပေါ့။

ကျနော်လည်း နည်းနည်းပါးပါး ရေးလိုက်ပါတယ်။
၁။ ဖတ်ရတာ ထောင့်နေလိမ့်မယ်။
၂။ သံချပ်က သံပျက် ဖြစ်နေပြီလို့  ထင်ကောင်း ထင်မယ်။
း)

သင်္ကြန်မှာ ယဉ်ကျေးမှု ထိန်းသိမ်းပါ - - (သတင်းစာမှာ အော်ချက်ထုတ်ရ။)၂
သင်္ကြန်မှာ ယဉ်ကျေးမှု ထိန်းကြပါ - - (သတင်းစာထဲမှာ အော်ချက်ထုတ်ရ)၂

သတင်းစာမဖတ်တဲ့ လူငယ်တွေ - - (ဂြိုဟ်သား စတိုင် ၀တ်ကြ ဆင်ကြ)၂
အမိန့် မနာခံတဲ့ ဂေါ်လီတွေ - - (မပေါ့တပေါ် ၀တ်ကာ ကကြ ခုန်ကြ)၂

သရုပ်ပျက်ပေမယ့် မဖမ်းပါခင်ဗျာ - - (နိုင်ငံရေးမလုပ်ရင် ပြီးရော ပြီးရော)၂
တနှစ်မှ တခါသာ ပျော်ရတာ - - (စိတ်လွတ်လက်လွတ် ပျော်ကြ ပျော်ကြ)၂

ယဉ်ကျေးမှုအတွက် မပူနဲ့ကွာ - - (ခေါင်းဆောင်ကြီးတွေ ရှိနေတာပဲ)၂
မြန်မာ့ရိုးရာ ထိန်းဖို့ရာ - - (ခေါင်းဆောင်ကြီးတို့ တာဝန်သာ ထားလိုက်)၂

ဘောင်းဘီချွတ်တဲ့ ခေါင်းဆောင်တွေ - - (ရင်ဖုံးအင်္ကျီ ချိတ်ထမီနဲ့)၂
ယဉ်ကျေးမှုအတွက် စိတ်အေးရပြီ - - (သင်္ကြန်မှာ ကြိုက်သလို လန်းပေါ့ ပျော်ပေါ့)၂

ပြဿနာတခုတော့ ကျန်နေသည် - - (ဘာပြဿနာလဲ ဘာပြဿနာလဲ)၂
ပြဿနာတော့ တက်ပါပြီ - - (ဘာပြဿနာလဲ ဘာပြဿနာလဲ)၂

ဝိုင်းစုခိုင်သိန်း အခက်တွေ့ပြီ - - (ဘာဖြစ်လို့လဲ၊ နေမကောင်းလို့လား)၂
ဝတ်စရာ ထဘီ မရှိတော့ပါ - - (ခေါင်းဆောင်ကြီးတွေ ၀တ်ထားတာကိုး)၂

ဘောင်းဘီရှည်လည်း မရှိတော့ပြီ - - (ဘောင်းဘီရှည်ဟာ စစ်တပ်အတွက်ကွဲ့)၂
ဒါဆို ဘာမှ မရှိတော့ပြီ - - (ဘောင်းဘီတိုသာ အကောင်းဆုံးပါပဲ၊ ဘာမှ မ၀တ်ရင် ပိုတောင် ကောင်းသေး)၂

ဟေ့ လေလား၊ ဟေ့ မိုးလား
မိုးလား လေလား၊ လေလား မိုးလား
လေလား မိုးလား၊ မိုးလား လေလား
ဟေး လာ မောင် တို့ ၀ါး - - - - ။

အမည်မဖော်လိုသူ ရုပ်ပျက်နေသော စီကေအေ said...

ဟေ့ ညိုမြတို့ ဟေ့ နွေမတို့ လာကြဟေ့ လာကြ....
ရွှေပြည်ဝေးမှာ သံချပ်သွားထိုးကြရအောင်.....

တုံချမ်း တုံချမ်း တုံချမ်းချမ်းဗျ
ချမ်းတုံ ချမ်းတုံ ချမ်းတုံတုံပဲ....

သင်္ကြန်ချိန်ခါ ရောက်လို့လာ
အိမ်ရှိလူကုန် လမ်းပေါ်ထွက်ကြ....
လောင်းကြ ပက်ကြ မြူးတူးပျော်
ရွှေပြည်ဝေးက မောင်တို့ မယ်တို့...၊

ပြိတ္တာပေါတဲ့ တို့ပြည်မှာ
ဒီနှစ်ပိတ်တာ သံချပ်ဆိုပဲ
နောင်နှစ်ဆိုရင် ရေပိတ်မှာ
ရေမပါဘဲ ပက်ကြတာပေါ့...
(ကောင်းရော....ရေခြွေတာရာ ရောက်တာပေါ့ဗျာ....:)

ရေမီးစုံလင် တွေ့ချင်ရင်
နေပြည်တော်ကို သွားကြည့်ကြစို့....
(အိုးးးး လင်းလို့ ထိန်လို့ပါလားဗျာ....)
တိရိစ္ဆာန်စုံလင် မြင်ဖူးချင်
နေပြည်တော်ကို သွားကြည့်ကြစို့....
(ဟမ်....ဆာဖာရီ တိရိစ္ဆာန် ဥယျာဉ် ရှိတယ်လေဗျာ...)

နှစ်ယောက်တထည် ဝယ်ဝတ်မယ်
မိန်းမလည်း ဒါ ကိုယ်လည်းဒါဝတ်....
မိန်းမချိတ်ဆင် ခါးပေါ်တင်
စည်းဝေးပွဲဝင် ဖက်ရှင်ဆိုပဲ....၊

ကားတန်းရှည်ကြီး လမ်းပေါ်မှာ
အိပ်လိုက်စားလိုက် အေးဆေး အေးဆေး
ဓါတ်ဆီဈေးတွေ မိုးထိနေ
ဒါလေးများဗျာ အံ့ရော အံ့ရော...၊

လမ်းတံတားတွေ တိုးတက်နေ
တခြမ်းထဲခင်းတာ အမြင်ဆန်းဖို့...
မီးရောရေရော မှန်ရအောင်
မဲလေးတပြားသာ ထည့်ကြ ထည့်ကြ...၊

သရုပ်ပျက်ဝတ်တဲ့ သင်္ကြန်ကားတွေ
သက်ဆိုင်ရာက ဖမ်းမယ်ဆိုပဲ
အရက်ပုန်းရောင်းတဲ့ ဆိုင်လေးတွေ
သက်ဆိုင်ရာက ဖမ်းလား ဆီးလား
အတိုအနန့်ဝတ် ညီမလေးတွေ
သက်ဆိုင်ရာက ဖမ်းလား ဆီးလား...
(အံမာ ညီမလေးတွေ ဖမ်းရအောင် ပါမစ်ရှိလား ပြ ပြ...)

ဟုတ်လည်း မဟုတ်ဘဲနဲ့ ဟုတ်လည်း မဟုတ်ဘဲနဲ့......
ဟုတ်လည်း မဟုတ်ဘဲနဲ့ ဟုတ်လည်း မဟုတ်ဘဲနဲ့ .....
(ကိုလွှမ်းမိုး သီချင်း သတိရလို့ပါဗျာ....)

သင်္ကြန်ချိန်ခါ ရောက်လို့လာ
အိမ်ရှိလူကုန် လမ်းပေါ်ထွက်ကြ....
လောင်းကြ ပက်ကြ မြူးတူးပျော်
ရွှေပြည်ဝေးက မောင်တို့ မယ်တို့...၊

ရွှေပြည်ဝေးက မောင်တို့ရေ ဝေလေလေ ဝေလေလေ
ရွှေပြည်ဝေးက မယ်တို့ရေ ဝေလေလေ ဝေလေလေ
ချမ်းသလားဟေ့ မောင်တို့ရေ တုန်တယ်ဟေ့ တုန်တယ်ဟေ့
တုန်သလားဟေ့ မယ်တို့ရေ ချမ်းတယ်ဟေ့ ချမ်းတယ်ဟေ့
ဟေ့ ညိုမြရေ ဟေ့ နွေမလား
ဟေ့ နွေမရေ ဟေ့ ညိုမြလား
ဟေလာ မောင်တို့ဝါးးးးး

kay said...

ရွှေပြည်ဝေး မဏ္ဍပ် စည်တယ် ဆို..
( ခြောက်ကပ်ကပ်..) ၂

ဘလော့လေး နဲ့.. ခုတ်တာလောက်တော့..
( ရီတာပေါ့..) ၂

အပျိုပိန်ပိန် ... ရေစိမ်လည်းပဲ...
(အီကြာကွေး) ၂

မဏ္ဍပ်ပိုင်ရှင်ကြီး..ဘီယာစိမ်လည်းပဲ
( အီကြာကွေး ) ၂

နေပြည်တော် သင်္ကြန်ကို မှီချင်ရင်..
( ဆယ်နှစ်ဆယ်မိုး..ကြိုးစားလိုက်အုံး ) ၂

မဏ္ဍပ် ထောင်စား ..မကိုက် ငှါး..
မယား ရိုက်လတ္တံ့....

ကြိုးစားပမ်းစား..ဖေ့စ်ဘွတ်ခ် သွား...
တွေ့တဲ့သူ တွေ.. ခေါ်ခဲ့.. ခေါ်ခဲ့...

ဟေး လား မောင် တို့...( ၀ါး...)

း)

သက်ဝေ said...

သင်္ကြန်ချိန်ခါ ရောက်လို့လာ… ရွှေပြည်ဝေးမှာ ဆုံကြ ပျော်ကြ…
သင်္ကြန်ချိန်ခါ ရောက်လို့လာ… ရွှေပြည်ဝေးမှာ တူတူပျော်စို့…

ရွှေပြည်ဝေးရဲ့ စေတနာ… ရွှေပွဲလာတွေ ပျော်ဖို့ ရွှင်ဖို့…
ရွှေပြည်ဝေးက မေတ္တာဝေ… မိတ်သဟာတွေ ချမ်းသာစေကြောင်း…

ရွှေပြည်ဝေးရဲ့ စေတနာ… ဘယာကြော်နဲ့ ဘီယာ အမြည်း…
ရွှေပြည်ဝေးရဲ့ မေတ္တာတွေ… ကောင်မလေးဆို ရှေ့ကို တိုးကြ…

ရွှေပြည်ဝေးက အကိုတွေ… သက်မွန်မြင့်ကို ရအောင်ဖိတ်ခဲ့…
ရွှေပြည်ဝေးက အကိုတွေ… ဝိုင်းစုလေးကို ရအောင်ဖိတ်ခဲ့…

မြန်မာတို့ရဲ့သင်္ကြန်အခါ… ရေစင်လောင်းတာ ရိုးရာဓလေ့…
သင်္ကြန်ချိန်ခါ ပျော်စရာ… အတာရေလောင်းကာ ဆုမွန်တောင်းကြ…

မြန်မာတို့ရဲ့သင်္ကြန်မှာ… သံချပ်ထိုးတာ ရိုးရာဓလေ့…
သင်္ကြန်ချိန်ခါ ပျော်စရာ… ပြောစရာရှိတာ သံချပ်ထိုးကြ…
ပြောစရာရှိတာ သံချပ်ထိုးကြ… ပြောစရာရှိတာ သံချပ်ထိုးကြ…

ကဲ… ဒီတော့ ကျွန်တော်တို့ ရွေမြို့တော်ကြီးဆီက သိရသမျှ ထူးခြားသတင်းတွေကို သံချပ်လေးနဲ့ စလိုက်ကြရအောင်…

ရွေးကောက်ပွဲကြီး ပြီးသွားပြီ… ပြောပြစမ်းပါ ဘာတွေထူးလဲ…
ရွေးကောက်ပွဲကြီး ပြီးတဲ့အခါ… ပြောကြစမ်းပါ ဘာထူးသွားလဲ…

ရွေးကောက်ပွဲအတွက် မဲပုံးထောင်… မဲဆွယ်တဲ့မောင် လမ်းတခြမ်းခင်းပြ…
ရွေးကောက်ပွဲအတွက် မဲပုံးထောင်… မဲရေတဲ့မောင် ကယောင်ကတမ်း…

ရွေးကောက်ပွဲကြီး ပြီးတဲ့အခါ… အားလုံးသိတာ ဟိုကိစ္စပဲ….
ရွေးကောက်ပွဲကြီး ပြီးတဲ့အခါ… အများသိတာ ဟိုကိစ္စပဲ…

ဒါဆိုရင်…
လူတွေသိတာ ဟိုကိစ္စပဲ... ပြောပြစမ်းပါ ဘာလဲ ဘာလဲ…
အားလုံးသိတာ ဟိုကိစ္စပဲ... ပြောပြစမ်းပါ ဘာလဲ ဘာလဲ…
ပြောပြစမ်းပါ ဘာလဲ ဘာလဲ… ပြောပြစမ်းပါ ဘာလဲ ဘာလဲ…
(တဖြည်းဖြည်းနှင့် အသံတိုးသွား… ပြီးမှ အသံ ကျယ်ကျယ်နှင့် အော်စေ…)

((((((ကြိုတင်မဲ… ကြိုတင်မဲ…)))))) ((((((ကြိုတင်မဲ… ကြိုတင်မဲ…))))))

ကြိုတင်မဲနဲ့ အောင်ပွဲခံ… သူတို့တွေမှာ ပျော်တပြုံးပြုံး…
ကြိုတင်မဲနဲ့ အောင်ပွဲခံ… အစိုးရသစ်ဟာ ပျော်မဆုံး မော်မဆုံး…

အစိုးရသစ် တက်လို့လာ… စကတည်းက ယဉ်သကိုဗျ…
အစိုးရသစ် တက်လို့လာ… လွှတ်တော်ဝတ်စုံ အံ့မကုန်ဗျို့…

ကမ္ဘာ့အထူးအဆန်း တို့ဆီမှာ… ခိုးသားငါးရာ အစိုးရတဲ့…
ကမ္ဘာ့အထူးအဆန်း တို့ဆီမှာ… ချိတ်ထမီဝတ်တာ အစိုးရတဲ့…

ကမ္ဘာ့အထူးအဆန်း တို့ဆီမှာ… သံချပ်တားတာ အစိုးရတဲ့…
ကမ္ဘာ့အထူးအဆန်း တို့ဆီမှာ… G Talk ပိတ်တာ အစိုးရတဲ့…

(((သူတို့တားလည်း မမှုပေါင်… ပြောစရာရှိတာ ပြောရမှာပဲ…)))
(((သူတို့ပိတ်လည်း မမှုပေါင်… ပြောစရာရှိတာ ပြောကို ပြောမှ…)))

သံချပ်ထိုးလို့ ဖမ်းမယ်ဆို… နေပြည်တော်ကို တံတိုင်းခတ်လိုက်…
မဲခိုးလို့သာ ဖမ်းမယ်ဆို… နေပြည်တော်ကို တံတိုင်းခတ်လိုက်…

ဆိုင်းဘုတ်တွေသာ ပြင်လိုက်တာ… လူနဲ့ မူက အရင်အတိုင်းပါပဲ…
ဖွဲ့စည်းပုံသာ ပြောင်းလိုက်တာ… လူနဲ့ မူက မဲပြာပုဆိုး…

ကဲ… ဒါတွေ ပြောမနေကြပါနဲ့တော့… အခုလုပ်ရမှာက…

နှစ်ဟောင်းကုန်လို့ နှစ်သစ်မှာ… လူတိုင်း လူတိုင်း ကောင်းမှု ပြုကြ…
နှစ်ဟောင်းကုန်လို့ နှစ်သစ်မှာ… မကောင်းမှုတွေ ဖယ်ကာရှားကြ…

မကောင်းတာတွေ ဖယ်ရှားချင်… ကြံ့ နဲ့ ဖွတ်တွေ နေပြည်တော် ရွှေ့…
နောက်နှစ်သစ်ကို မကူးခင်… ကြံ့ နဲ့ ဖွတ်တွေ နေပြည်တော် ရွှေ့…
(တိရိစ္ဆာန်ရုံ ရွှေ့ရင်း တလက်စထဲပေါ့ ခင်ဗျာ…)

မကောင်းတာတွေ ဖယ်ရှားချင်… သံပုံးတီးတာ ရိုးရာဓလေ့…
မကောင်းတာတွေ ဖယ်ရှားချင်… တောထုတ်ကြတာ ရိုးရာဓလေ့…

မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…
နေပြည်တော်က အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…

မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…
သံပုံးတီးကာ တောထုတ်ကြစို့… မကောင်းဆိုးဝါး အကောင်တွေ…
မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…

(သံပုံးတီးသံ ဆူဆူညံညံဖြင့် သံချပ်ကို သိမ်းပါရန်…)

zarny win said...

(ရန်ကုန်မြို့ က အမည်မဖော်လိုသူ ဂျော် ဒီး http://gyawdee.blogspot.com/ ဆီက လာတဲ့ သံချပ်း)

ဒုံး ဒုံး..ချပ်....ဒုံး ဒုံး ချပ်...

မြန်မာ တို့ ရဲ့  နှစ်သစ် အတာ..............(.သင်္ကြန် ပွဲ မှာ...ကဲ ကြတယ်တဲ့ ....)
ရွှေပြည် ဝေး တို့  သင်္ကြန် မှာ................(.သံ ချပ် ထိုး ကာ ပျော်ကြ တယ် တဲ့....)
ရွှေ ပြည် တွင်း က အခြေ အနေ..........(.အဝေး ကနေ သရော် ကြ...ကလိကြ...)

ဖိတ် စာရ လို့  လာ ခဲ့ တယ်................(..မင်း တို့ မိတ်ဆွေ ဂျိုပြုတ် ဒူး ကြီး...)
ဒီ နှစ်ခါ တော့...ဆီး လို့ ကြိုကွယ်.........(.မောင်ကြီး လာ ပါမယ်...လာဘာမယ်...)
နောင် နှစ် ခါ တော့ သိပ် မသေချာ......(.သေရွာ သွားမယ်.....နှုတ်ဆက် ပါရဲ့ ....)

ဟို မှာ..ဒီ မှာ ဗုံး ပေါက် တာ...........(သားသား...အဲဒါ....သိဝူး..သိဝူး)
နိုင်ငံ ရေး အကျဉ်းသား တွေ ........ထောင် ထဲ မှာ (သားသား....အဲဒါ ....သိဝူး....သိဝူး)
ကုန်ဈေး နှုန်း တွေ ....မိုးပေါ် မှာ....(သားသား...အဲဒါ...သိဝူး...သိဝူး...သိပါဘူး...ဆိုမှ)
နယ်စပ် ဒေသ တိုင်းရင်းသား တွေ.....ပြည်တွင်းစစ် မှာ ....အပြစ် မဲ့ သေ ကြ
(ဟုတ် လို့လား....သားသား...အဲဒါ ...သိဝူး....သိဝူး)
တိုင်းသူ ပြည်သား....စိတ်ညစ် အောင်...လက်သံ ပြောင်တာ...( ငါ ...ဟုတ် လို့ လား)

ပြည်သူတွေ ရဲ့  ရင် နှစ်သည်းချာ........(.ချစ်ရှာ ကြီးပါ......ကြည့် ကြ ပါဦး)
ချစ်ရှာ ကြီး မို့  ...မေတ္တာ ဝေ....( မူ ဘာရက် ရေ...အဖော် ခေါ် လှည့်)
ချစ်ရှာ ကြီး မို့  ...မေတ္တာ ဝေ...(ဘိုဘာ ကြီး ရေ....အဖော် ခေါ် လှည့်)
နိုင်ငံ တကာ ခုံ ရုံး မှာ...ယိမ်း ကကြ မယ်.....(ဒုံးချပ်...ဒုံး ချပ်)
ဇတ် သိမ်း ခန်း က...လာတော့ မယ်...( ကား လိပ် ချ မယ်...မြေ တွင်း တူး ထား )

သူ များ ပျော် လို့ ..မပျော် နိုင်...ရည်းစား ပျောက် လို့ မှိုင်
သူ များ ပျော် လို့  ...မပျော် နိုင်ဘူး...( ကဒါ ဖီ ကြီး ရေ....ကယ် ပါ ဦးလား)
နိုင် ငံ တကာ ခုံ ရုံး ကို...ကြိုး တုပ် ပို့ မယ် ...ကြိမ်း နေတယ် ဗျ...

ညစဉ် ညစဉ် ...အိပ် မပျော် ပေါင်....... ကိုယ့် အရိပ် တောင်...ကိုယ် ကြောက် နေရ
ကြိုး တုပ် ပို့ မယ် ...ကြိမ်း သူတွေ.....သား သား ပါဘူး....ရာထူးစွန့်ထား
(နောက်ကွယ်က တော့ ...ကို့  ရိုး ကား ယား...)

ဟေ့ ....စိန် လား...ဟေ့ ...ရွှေလား...
ဟေ့ ...လေး လုံး လား.....ဟေ့ ....ရှစ် လုံး လား
ဟေ့ ..လား....မင်း တို့  အရင်သွား
(ရဘူး....ရဘူး... ဟေ့လား...မောင် တို့ အကုန် သွား....)

အမည်မလုံ့တလုံဖော်လိုသူ ပဒရ said...

တို့ရွှေပြည်သင်္ကြန် ပျင်းစရာ၊ သံချပ်ဆိုတာ မထိုးရဘူးတဲ့
သံချပ်ကိုတောင် မထိုးရဘူးတဲ့၊ တို့ရွှေပြည်သင်္ကြန် ပျင်းစရာ

ဘာကြောင့်များလဲ မောင်တို့ရယ်၊ သံချပ်တွေကို မှန်မှာစိုးသလား
သံချပ်တွေကို မှန်မှာစိုးသတဲ့၊ ဘာကြောင့်များလဲ မောင်တို့ရယ်

သံချပ်မှန်မှာ စိုးရိမ်ရင်၊ သံချပ်ကာအင်္ကျီ ၀တ်ထားပါလား
သံချပ်ကာအင်္ကျီ ၀တ်ထားပါလား၊ သံချပ်မှန်မှာ စိုးရိမ်ရင်

မကြောက်ပါနဲ့ အစ်ကိုတို့ရယ်၊ သံချပ်တွေကို မိုးပေါ်ထောင်ပစ်
မိုးပေါ်ကိုထောင် ပစ်လိုက်တာဗျ၊ မကြောက်ကြနဲ့ အစ်ကိုတို့ရယ်
(သံချပ်တွေမှန်နေတယ်နော် သံချပ်တွေမှန်နေတယ်)

အင်တာနက်ထဲ သင်္ကြန်ကျမယ်၊ ပျော်စရာပါကွယ် ဆင်ဆာတွေလွတ်
ပျော်စရာကြီးပါ ဆင်ဆာတွေလွတ်၊ အင်တာနက်ထဲ သင်္ကြန်ကျတာ

မုန့်လုံးရေပေါ်စားဦးနော်၊ အလုံးညီညီ ရိုက်ပေးမှာပေါ့
တစ်လုံးချင်းညီညီ ရိုက်ပေးမှာပေါ့၊ ၀လုံးရေပေါ်စားဦးနော်
OOOOOOOOOOOOOOOOO
(လုံးလုံးလုံး လုံးလုံးလုံး)

အိုးမည်းသုတ်တာ ပျော်စရာ၊ အခြစ်ရာလေးတွေ ရိုက်လိုက်တာပဲ
အခြစ်ကလေးတွေ ရိုက်လိုက်တာပေါ့၊ အိုးမည်းသုတ်ချင် သိပ်လွယ်တာ
###########
(ဂျစ်ဂျစ်ဂျစ် ဂျစ်ဂျစ်ဂျစ်)

ရေပြွတ်လိုချင် ရဦးမယ်၊ ဟောဒီမှာကွယ် သင်္ကေတလေး
ဟောဒီမှာကွယ် သင်္ကေတလေး၊ ရေပြွတ်လိုချင် ရဦးမယ်
|=|=====>
(ဖြန်းဖြန်းဖြန်း ဖြန်းဖြန်းဖြန်း)

မျက်စိနဲ့ပဲ ကျတဲ့သင်္ကြန်၊ လာခဲ့ပါကွယ် ဗာကျူရယ်ဝါးလ်ဒ်
လာခဲ့ပါကွယ် ဗာကျူရယ်ဝါးလ်ဒ်၊ မျက်စိနဲ့ပဲ ကျတဲ့သင်္ကြန်

ဖေ့စ်ဘွတ် ဘလော့ဂ်စုံလင်စွာ၊ လိုက်လည်ကြပါ ပျော်စရာပဲ
လိုက်လည်ကြတာ ပျော်စရာပဲ၊ ဖေ့စ်ဘွတ် ဘလော့ဂ်စုံလင်စွာ

ရွှေပြည်ဝေးလို့ကြံမိရာ၊ ခွင့်ပြုပါနော် ဒီသံချပ်လေး
ခွင့်ပြုပါကွယ် ဒီသံချပ်လေး၊ ရွှေပြည်ဝေးလို့ကြံမိတာ
(ပတ်ဗေတိုးပေ ပတ်ဗေတိုးပေ ပိုတိုပတ်ဗေး ပတ်ဗေး ဂျိ)
ကဗျာလွတ်ဖြင့် တစ်ခန်းရပ်။

Hmoo said...

အမေ့ချွေးမပျောက်လို့ရှာ၊တွေ့ပြီတွေ့ပြီသူဘဲသူဘဲ
အမေ့ချွေးမပျောက်လို့ရှာတွေ့ပြီတွေ့ပြီပန်ဒိုရာဘဲ...အဲလေမှားကုန်ပြီ...
အမေ့ချွေးမပျောက်လို့ရှာ၊တွေ့ပြီတွေ့ပြီသူဘဲသူဘဲ
တွေ့ပြီတွေ့ပြီသူဘဲသူဘဲ၊သံချပ်ကြောက်တဲ့သခိုးတွေ
တုံတလုံတုန်... တုံတလုံတုန်
ကိုဘီလူးမဏ္ဏဎ်မှသံချပ်တိုင်သံအနည်းငယ်ကျယ်လောင်၍
စစ်ထောက်လှမ်းမယ်များရီပို့တင်သောအခါ
ကြိုတင်သမ္မတကြီးနဲ့အဖွဲ့ဝင်များကတခါခါ၊ချိတ်ထမီတရမ်းရမ်းဖြင့်
ဒေါသတကြီးဒီမိုကရေစီကြိုတင်ကျင့်စဉ်ဖြင့်ချီတက်
ကြွေးကြော်ကြသည်မှာ
*မဲခိုးလို့သာဖမ်းမယ်ဆို...နေပြည်တော်ကိုအုတ်တံတိုင်းခတ်လိုက်...
နေပြည်တော်ကိုအုတ်တံတိုင်းခတ်လိုက်..မဲခိုးလို့သာဖမ်းမယ်ဆို....
(ကဲစကားနဲရန်စဲသူတို့ကိုတော့ဝေးဝေးကဘဲ
ရှောင်ရအောင်...ရွှေပြည်ဝေးသူငယ်ချင်းတို့ရေ...)

***သန်းရွှေကြီးကယူဂျီဝင်၊သူ့ဖင်ကြီးကဂျပိုးလိုဘဲ
သူ့ဖင်ကြီးကဂျပိုးလိုဘဲ၊သန်းရွှေကြီးကယူဂျီဝင်..
(ယူဂျီ= under ground=မြေအောက်)
ဂျပိုးများပုန်းသောအခါ၊ခေါင်းသေးသေးလေးများဖွက်၍
လုံခြုံပြီသူ့ကိုယ်သူထင်ကာ၊
သူတို့ဖင်ကြီးများမှာသွေးဝကာတင်ကျန်ရစ်ခဲ့သည်..:)
ကဲကဲ....ရော့ကိုဘလူး၊ကိုဇာနီ၊ဒေါ်ချစ်ကြည်၊ကေအေဝိုင်၊သက်သက်ဝေနဲ့ပန်ပန်ရေ
ဟောဒီကဒို့ရဲ့ဘီလူးလေဘယ်လေးအမှတ်တရရှယ်ကြရင်း
****ကလေးငိုလို့မလာနိုင်သူတွေချိုလိန်ပေးမယ်လာခဲ့ပါဦး
သန်းစိန်ကြောက်လို့မလာနိုင်သူတွေ၊ချိပ်ထမိန်ပို့မယ်နေပြည်တော်သွားဖို့
သန်းစိန်တို့သန်းရွှေတို့၊ငရဲကြိုလို့...ဟေလာမောင်တို့..ချီးရားစ်

Hmoo said...

ကဲကဲ....ရော့ကိုဘလူး၊ကိုဇာနီ၊ဒေါ်ချစ်ကြည်၊ကေအေဝိုင်၊
သက်သက်ဝေနဲ့ပန်ပန်ရေ
ဟောဒီကဒို့ရဲ့ဘီလူးလေဘယ်လေးအမှတ်တရရှယ်ကြရင်း
****ကလေးငိုလို့မလာနိုင်သူတွေချိုလိန်ပေးမယ်လာခဲ့ပါဦး
သန်းစိန်ကြောက်လို့မလာနိုင်သူတွေ
၊ချိတ်ထမိန်ပို့မယ်နေပြည်တော်သွားဖို့
သန်းစိန်တို့သန်းရွှေတို့၊ငရဲကြိုလို့...ဟေလာမောင်တို့..ချီးရားစ်

သက်ဝေ said...

Cheers... Hmoo.. :P

Mmkthar said...

Happy New Year:)
from
http://mgmgkyawthar.blogspot.com/

Unknown said...

ကျွန်တော့် ရဲ့  ဓာတ် ပုံ ကို မ ပြော မ ဆို ပဲ နဲ့  ယူ သုံး တဲ့  အ တွက် ပြန် ဖြုတ် ပေး ဖို့  တောင်း ဆို ပါ တယ်... ကလေး တွေ ရေ ပက် နေ တဲ့  ပုံ ပါ... ဗိုလ် ချုပ် အောင် ဆန်း ပန်း ခြံ ထဲ မှာ ရိုက် ထား တဲ့  ပုံ ပါ... ကျေးဇူး တင်ပါ တယ်...