Thursday, March 17, 2011

ဂျပန် ရုပ်ရှင် (၆)












ဆာခူရာတွေ မပွင့်ခင်
ငှက်သံတွေ မညံခင်
ဖူဂျီတောင်မှာ နှင်းမကွဲခင်
ငါတို့တွေ
ဒုက္ခသည်ဖြစ်ရပေါ့

ဘုရားသ္ခင်ကို
အရင်ကတည်းက မယုံသူပါ

ဆာကေးသောက်မယ်
ငိုမယ်
သီချင်းဆိုမယ်
အလုပ်ပိုကြိုးစားမယ်

နေမင်းဟာ
အရှေ့ဘက်မှာ ရှိတယ် ။ ။

No comments: