Thursday, April 12, 2012

မြူးလည်းမြူး မူးလည်းမူး














အချိန်တန်တဲ့အခါ
သင်္ကြန်ဟာ
သူ့အလိုလို ရောက်လာတယ်

ရေရှားပေမဲ့ ရေကစားကြမယ်
ပူပေမဲ့လည်း မပူဘူး
လူတွေ ဆူနေတာ ပျော်စရာ
ပိတောက်တွေလည်း ဖွေးလို့ မွှေးလို့

သီချင်းတွေကို ရေနဲ့ရော
ရေတွေကို အရက်နဲ့ရော
အရက်တွေကို မုန့်လုံးရေပေါ်နဲ့ရော
မုန့်လုံးရေပေါ်ကို သကြားမင်းနဲ့ရော
သကြားမင်းကို တရားစခန်းနဲ့ရော
တရားစခန်းကို မီးသတ်ပိုက်နဲ့ရော
မီးသတ်ပိုက်ကို စတုဒီသာနဲ့ရော
စတုဒီသာကို ဘီယာနဲ့ရော
ဘီယာကို အိုးမည်းနဲ့ရော
အိုးမည်းတွေကို နင်ရော ငါရော
ရေရောထားတဲ့ သီချင်းအရက်နဲ့ရော

ခုန်လိုက် ကလိုက်နဲ့
အလွန်မြူးပြီး
အမူးလွန်နေတဲ့ သင်္ကြန်

ရေများများလောင်းလိုက်
ရေများများလောင်းလိုက်
ရေတွေ အများကြီးနဲ့ လောင်းချလိုက်

ချမ်းမှာစိုးလို့
ကောင်မလေးကို ဖက်ထားလိုက်

(ရုပ်ပုံ ၊ ဂူဂလ်)

2 comments:

အောင်အောင် said...

လေ့လာသွားပါတယ် CBOX မတွေ့လို့ ဒီနေ့အကြိုနေ့ ရေလာလောင်းတယ် {_}ာ {_}ာ {_}ာ 3သုံးခွက်အပြည့်...အိုးမဲလည်းသုတ်ခဲ့တယ်..

Kaung Kin Ko said...

နောက်ဆုံးနှစ်ကြောင်းတော့ ခိုက်တယ်ဗျာ။ ဒါပေမဲ့ ဖက်ထားစရာ ကောင်မလေးက မရှိဘူး။