Thursday, November 3, 2011

ဒီစာကိုဖတ်ပြီး ဖျက်ဆီးပြစ်ပါ
















အသံတွေ ကြားနေတယ်။ အနံ့တွေ ရနေတယ်။ ဘာသံတွေလဲ။ ဘာနံ့
တွေလဲ။ နေပြည်တော်ကလား။ အစိုးရဧည့်ဂေဟာကလား။ အမေရိကန်
သံရုံးကလား။ တက္ကသိုလ်ရိပ်သာလမ်းကလား။ အားလုံးဟာ မသဲကွဲ။
အသံတွေလည်း ထွက်နေဆဲ။ အနံ့တွေလည်း ရနေဆဲ။

အခုရက်ပိုင်းတွေမှာ သံတမန်တွေ ခြေချင်းလိမ်နေပေါ့။ လွန်းပျံခရီး
နှင်လို နှင်။ သူ့ထက်ငါ အရင်ဦးအောင် နေရာလုတဲ့သူက လု။ ဂျာနယ်
တွေ အရောင်းသွက်။ လက်ဘက်ရည်ဆိုင်ဆွေးနွေးခန်းတွေ အသံပို
ကျယ်လာ။ ဘီယာဆိုင်အငြင်းအခုန်တွေ ပိုများလာ။ လက်ရှောင် ။
ပေါက်ကောင်ဖွင့်တော့မယ်တဲ့။ အုပ်ထားတဲ့ ခွက်အောက်မှာ။ ပွင့်နေ
တာ ဘာလဲ။ မြွေလား။ ဖါးလား။ ကြက်လား ။ ၀က်လား။ မကြာမီ
မျှော်။ ပေါ်တော့မယ်တဲ့။

အတိတ်စိမ်းတွေကလည်း မျိုးစုံ။ ဘိုးတော်ရဲ့အိပ်မက်နိမိတ်။ ဘုန်းကြီး
ပေးတဲ့ အတိတ်။ အကြားအမြင်သမားရဲ့ အဟော။ နေပြည်တော်က
လာတဲ့ တိုးတိုးစကား။ “အန်တိ” နားကလာတဲ့ #@!% စကား။ ဂျာနယ်
ဆရာကြီးရဲ့ ဟောစာတမ်း။ ပြည်ပရေဒီယိုရဲ့ အမှန်းအသန်း။ ၀ါရင့်ပုဂ္ဂိုလ်
ကြီးများရဲ့အတွက်အချက်။ အငြိမ်းစား ကိုရွှေထောက်လှန်းရေးရဲ့ အမှန်း
အဆ။ ကွန်မြူနစ်ဗေဒင်။ ရွှေဝါရောင် အာရုံ။ ယူဂျီသတင်း။ စုံလို့။ စုံလို့ ။

အောက်ပါ နမူနာပုံစံများကိုကြည့်၍ စိတ်လာရာကို ရွေးပါလေ။

(က)

NLD ရွေးကောက်ပွဲ ၀င်
လွှတ်တော်မှာ ကြံဖွတ်နီးပါး နေရာရ
ဒေါ်စု ဒုသမ္မတဖြစ်
နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်
အမေရိကန် ပိတ်ဆို့မှု ရုပ်သိမ်း
အာစီယံ ဥက္ကဌဖြစ်
တိုင်းရင်းသားအုပ်စုတွေနဲ့ အပစ်ရပ်၊ ဆွေးနွေး
စီးပွါးရေး ဟုတ်နိုးနိုး
နိုင်ငံရေး နှေးနှေးကွေးကွေး တိုးတက်

(ခ)

NLD ရွေးကောက်ပွဲ မ၀င်
ဒေါ်စု ကန့်သတ်ချုပ်ချယ်ခံရ
နိုင်ငံရေးအကျဉ်းသားတွေ ပြန်မလွတ်
အနောက်နိုင်ငံတွေ စိတ်ဆိုး
ဆန္ဒပြမှုနဲ့ ဖမ်းဆီးမှုတွေဖြစ်
အာစီယံဥက္ကဌဖြစ်
တိုင်းရင်းသားအုပ်စုတွေနဲ့ အပစ်မရပ်၊ ဆွေးနွေး
စီးပွါးရေး ဟုတ်နိုးနိုး
နိုင်ငံရေး တိုးတက်မှု အလွန်နှေးကွေး

(ဂ)

NLD နှစ်ခြမ်းကွဲ
ရွေးကောက်ပွဲ ၀င်သူ ၀င်၊ ထွက်သူ ထွက်
ဦးသိန်းစိန် အာဏာပိုပြ
ဒေါ်စု အဝေဖန်ပိုခံရ
လွှတ်တော်မှာ အိပ်ငိုက်သူပိုများ
အစိုးရနဲ့ပေါင်းသူ ချမ်းသာ
ဆိုရှယ်လစ်ပုံစံအတိုင်း ခရီးဆက်
တိုင်းရင်းသားအုပ်စုတွေနဲ့  အပစ်မရပ်၊ ဆွေးနွေး
အာစီယံဥက္ကဌဖြစ်
စီးပွါးရေး ဟုတ်နိုးနိုး
နိုင်ငံရေးတိုးတက်မှု..........

(ဃ)

အစိုးရနဲ့ ဒေါ်စု တွေ့တချက် ၊ မတွေ့တချက်
၂၀၁၅ကို ဆက်မျှော်လင့်
လွှတ်တော်သတင်း ပျင်းဖို့ကောင်း
ခေါင်းပေါင်းတွေ အရောင်းမကျ
မြန်မာ့အရေး အနောက်နိုင်ငံတွေ နှစ်ခြမ်းကွဲ
တိုင်းရင်းသားအုပ်စုတွေနဲ့  အပစ်မရပ်၊ ဆွေးနွေး 
အာစီယံဥက္ကဌဖြစ်
စီးပွါးရေး ဟုတ်နိုးနိုး
နိုင်ငံရေးတိုးတက်မှု ............

(င)

NLD ရွေးကောက်ပွဲဝင်
ဒေါ်စု မပါ
အမျိုးသားပြန်လည်သင့်မြတ်ရေး ဒေါ်စုကြိုးပမ်း
ဦးသိန်းစိန်သဘောတူ
တတိုင်းပြည်လုံး အပစ်ရပ်
နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်
ပြည်တွင်းစစ်အဆုံးသတ်
အာစီယံဥက္ကဌဖြစ်
တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာ
၂၀၁၅ရွေးကောက်ပွဲ အလားအလာကောင်း
စီးပွါးရေးတိုးတက်မှု ဟုတ်တုတ်တုတ်
နိုင်ငံရေးတိုးတက်မှု အတော်ဟုတ်

(စ)

စစ်တပ်က အာဏာသိမ်း
အားလုံး ကိစ္စပြတ်
ပုံမှန်အခြေအနေပြန်ရောက် ။

အထက်ပါ အတိတ်နိမိတ်များသည် အတိတ်နိမိတ်များသာဖြစ်သည် ။
သင်၏ စိတ်အာရုံနှင့် နီးစပ်သည်ကို ရွေးချယ်၍ သတင်းစာများ၌
မကြာမီ ပါလာလတ္တံ့သော သတင်းများကို ဖတ်ရှုကြပါကုန်။ အတိတ်
စိမ်းများ မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ။ “အပျော်ပေါ့လေ”ဟု
သဘောထားကြပါရန် ။ ပုံ ၊ ဂေါပကအဖွဲ့ ။

(ရုပ်ပုံ ၊ ဂူဂလ်)

8 comments:

ကိုပေါ said...

အားရိုးရိုး လုပ်ရက်တယ်။ အပေါ်က ဖြစ်နိုင်ခြေတခုချင်းဖတ်ပြီး ဟိုဟာကောင်းနိုး၊ ဒီဟာကောင်းနိုးရွေးနေတုန်း နောက်ဆုံးအချက်ကို ဗြုန်းကနဲမြင်လိုက်ရတာ လိပ်ပြာတောင် လွင့်သွားမတတ်ပဲ။ ကလူ...ကလူ။

blueskyforest said...

မလန့်ပါနဲ့ ဆရာပေါရယ်။ ရွှေပြည်တော်ကြီး နီးပါပြီ။ သတင်းကောင်းတွေက စောင့်နေသတဲ့။ ဟုတ် မဟုတ် ကြည့်ကြစို့။ ဒကာစိန် တခါလိမ်ရင်တော့ အသာညိမ် နေလို့ မဖြစ်ချေဘူး။ ဆောင်ဓါးနဲ့ ပေါင်ကြားကို လှီးမှ ဖြစ်ရော့မဟယ်။

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ဒေါ်စု ဒုသမ္မတဖြစ်ရင် ဘလူးစကိုင်းကို ပြန်ကြားရေးဝန်ကြီး ခန်.မယ်၊ ကျော်ဆန်းလိုတော့ မလုပ်နဲ.နော်

((NLD ရွေးကောက်ပွဲ မ၀င်
ဒေါ်စု ကန့်သတ်ချုပ်ချယ်ခံရ
နိုင်ငံရေးအကျဉ်းသားတွေ ပြန်မလွတ်
အနောက်နိုင်ငံတွေ စိတ်ဆိုး
ဆန္ဒပြမှုနဲ့ ဖမ်းဆီးမှုတွေဖြစ်
အာစီယံဥက္ကဌဖြစ်))

အဲဒီ့လိုဖမ်းဆီးမူတွေဖြစ်ခဲ့ရင် အာစီယံဥက္ကဌနေရာကို မရဖူးဆိုတာလုပ်ပါဗျ၊ ခင်ဗျားက ဘီယာနဲ.စိတ်ပုတီးတွဲရောင်းသလိုဖြစ်နေတယ်၊ မအပ်စပ်လိုက်တာ၊

နောက်ဆုံးဘလူးစကိုင်းက မြန်မာနိုင်ငံရေးက ဘယ်လိုပဲဖြစ်ပါစေ၊ မြန်မာနိုင်ငံက အာစီယံဥက္ကဌ ရာထူး ရကိုရမယ်ဆိုတဲ့ အကွက်ကို အပိုင်ကိုင်ထားပုံရတယ်၊

ရှေ.က ပို.စ်မှာ တကယ်မခင်တဲ့ အွန်လိုင်းသူငယ်ချင်းတွေရာနဲ.ချီဆိုပဲ၊ အဲဒါတော့ မှားတယ်ဗျို.၊ ခင်ဗျားကိုတော့ တကယ်ခင်မိပါတယ်၊

blueskyforest said...

ပြန်ကြားရေး ၀န်ကြီးတော့ လုပ်ချင်သား။ မြန်မာပြည်မှာ မီဒီယာမယ်လေးတွေက ခပ်များများ။ ကိုယ့်ဆီသတင်းလာ ချူရင် အတော်ပဲ ။ ပြောချင် ဟောချင်နေတာနဲ့ ။ ဟဲ..ဟဲ ။ အေဘီစီလည်း ဘယ်နေရာလိုချင်လဲ ကြည့်ထားလေ။ တော်ကြာ သူများဦးသွားမယ်။း)

Anonymous said...

ဘယ်နေရာမှမလိုချင်တော့ပါဖူး၊
အဘက အသက်ကြီးပါပြီကွယ်၊ မသေခင် မြန်မာပြည်မှာ ဒီမိုကရေစီထွန်းကား တာ မြင်ချင်တာပဲရှိတယ်၊ မမှီတော့ဖူးထင်ပါရဲ့

ခင်ဗျားရဲ့ ကွန်မန်.ကို ပြန် quote လုပ်ရရင် မီဒီယာမယ်လေးတွေက ဆောင်ဓါးနဲ့ ပေါင်ကြားကို လှီးမှာ မကြောက်ဖူးလား၊ တော်ကြာ " တောထဲကငုတ်တို " ဆိုပြီး အမည်ပြောင်းနေရဦးမယ်နော် ..

blueskyforest said...

ဟားဟား..ဟား...အေဘီစီ ရယ်ရတယ်။ ကျန်းမာပါစေ ။

Anonymous said...

၂၀၁၄ မှာ မြန်မာက အာစီယံဥက္ကဌလုပ်ရမယ်၊

ဘလူးစကိုင်းရဲ့ တွက်ကိန်းက ရာနှုန်းပြည့်မှန်လို. ဘလူးစကိုင်းအား ဦးညွှတ်အလေးပြုလိုက်ပါတယ်၊

မှန်လွန်းလို. ကိုယ့်ကိုလည်းဟောကြည့် ပါဦး၊ နောက်မိန်းမ ရကိန်း ရှိ၊မရှိ