Thursday, October 20, 2011

ကဒါဖီ ဇတ်သိမ်း


















ကျည်ဆံတွေလိုပဲ သတင်းတွေက အဆက်မပြတ် အဘက်ဘက်က လာနေတယ်။
သတင်းဌာနတွေက ကျန်တဲ့သတင်းတွေ အကုန်ရပ် ။ ဒီသတင်းတခုကိုပဲ ထပ်ပြန်
တလဲလဲ ကြေညာနေတယ်။ ဒီသတင်းသေချာတဲ့အကြောင်း၊ ခိုင်မာတဲ့အကြောင်း
လူမျိုးစုံကိုမေး။ ရှုဒေါင့်မျိုးစုံက ပြသနေတယ်။ လစ်ဗျားက အာဏာရှင် ကဒါဖီ သေပြီ။

လူတွေ လမ်းမတွေပေါ် ပြေးထွက်လာ။ ခုန်ပေါက်မြူးတူး ပျော်ရွှင်ကြ။ အော်ဟစ်ကြွေး
ကြော်ကြ။ အလံတွေ ဝှေ့ယမ်းကြ။ သေနပ်တွေကို မိုးပေါ်ထောင်ပစ်ပျော်ရွင်ကြ။ လစ်
ဗျားပြည်သူတို့ အဆုံးအစွန်ပျော်ရပြီ။ ဘုရားသခင်ဟာ တခါတခါတော့ အများစိတ်ချမ်း
သာအောင် လုပ်ပေးတတ်ပါကလား။

ကမ္ဘာပေါ်မှာ ဒီအရာလောက် အရေးတကြီးဖြစ်နေတာ မရှိတော့တဲ့အတိုင်း ဒီအရာကို
သာ တသသ တဖွဖွ ပြောနေရ ၊ ပြနေရ ၊ မေးနေရ ၊ ဖြေနေရ ၊ ရှင်းနေရ ၊ ငေးနေရ။
အာဏာရှင်တဦးရဲ့ ကျဆုံးခန်းဟာ ကမ္ဘာတ၀ှမ်းမှာ အရေးတကြီးပြောစရာကိစ္စကြီး
ဖြစ်နေရပြီ။ ကမန်းကတန်း ပျော်စရာကြီး ဖြစ်ရပြီ။ ကဒါဖီ သေပြီ။ သူတယောက်သေ
ရေး လစ်ဗျားပြည်သူတွေ အတော်ကြီးလုပ်လိုက်ကြရပါတယ်။

မုန်တိုင်းကြီးတခု လွန်မြောက်သွားသလို။ ငလျင်ကြီးတခု လှုပ်နေရာက ရပ်သွားသလို။
ရေတွေကြီးနေရာက ကျသွားသလို။ အဖျားတက်နေရာက ကျသွားသလို။ သက်ပြင်းချ
စရာ။ စိတ်သက်သာစရာ။ ၀မ်းသာစရာ။ ပျော်ရွှင်စရာ အခိုက်အတန့်ကြီးပေပဲ။ လူဆိုးကြီး
တဦး သေသွားပြီ။ ဒုက္ခဆိုးကြီး အဆုံးသတ်သွားပြီ။ မင်္ဂလာကြီးတပါးပေပ။

နှစ်ပေါင်းလေးဆယ်ကျော် အရူးတကောင်လို တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်သားဟောင်း
ကြီး။ စစ်ဗိုလ်ဘ၀ကနေ မြန်မာပြည်မှာလို အရပ်ဖက်ပြောင်းပြီး ခေါင်းပေါင်းပေါင်းခဲ့သူပေါ့။
ကဒါဖီ။ မိုမာကဒါဖီ။ အခုတော့ သူ့ပြည်သူတွေကပဲ သတ်လိုက်လို့ သေပြီ။ ပြည်သူတွေကို
ရက်ရက်စက်စက် အုပ်ချုပ်လာသူကိုး။

မူဆလင်ကမ္ဘာမှာ သူ့အရင်က ဆာဒန်ဟူစိန်ရဲ့ ကျဆုံးခန်း။ ကြိုးဆွဲချ အသတ်ခံရတုန်း
ခေါင်းတောင် ပြတ်ထွက်သွားခဲ့တယ်။ အီရတ်ပြည်သူတွေ ပျော်ကြတယ်။ ကမ္ဘာ့ပြည်သူ
တွေ ပျော်ရတယ်။ နောက်တဦးက ဘင်လာဒင်။ ပါကစ္စတန်မှာ အသတ်ခံရပြန်တယ်။
အခုတခါ ကဒါဖီ။ တယောက်ကျန်သေးတယ်။ ပူပူနွေးနွေး ပြည်သူတွေကို ရက်စက်နေ
တာ။ ဆီးရီးယားက သမ္မတ အာဆာ့ဒ်။ မကြာမီ နာမည်။

မတရားတာတွေ မလုပ်ကြပါနဲ့။ ဇတ်သိမ်း မကောင်းရင် ကဒါဖီလို ပက်ပက်စက်စက်ဖြစ်
ကုန်မယ်။ မြန်မာသမ္မတဆိုတဲ့ပုဂ္ဂိုလ် သူတော်ကောင်းယောင် ဆောင်မနေနဲ့။ ပြည်သူတွေ
ရဲ့သွေးတွေ ဦးသိန်းစိန်တို့လက်မှာ ပေနေတယ်ဆိုတာ ကမ္ဘာက သိတယ်။ ကောင်းရာ
ကောင်းကြောင်း မြန်မြန်လုပ်။ အသက်လည်း ကြီးရှာပြီ။ ဇတ်သိမ်းကောင်းမှ ပရိတ်သတ်
တွေ သဘောကျမယ်။

ကဒါဖီနဲ့ အာဏာရှင်တွေ သူ့စရိတ်နဲ့သူ သွားပါစေလေ.....။ ဒူဝေ..ဝေ....။

(ရုပ်ပုံ ၊ ဂူဂလ်)

4 comments:

Hmoo said...

ပြည်သူတွေဝမ်းသာအောင်လုပ်ပေးကြပါဗျိုး

ABC said...

အကုသိုလ်အကျိုးပေးက ကြောက်ဖို.တကယ်ကောင်းတာပဲ၊ ဗုဒ္ဓအဆိုအရ အရင်က ပြုခဲ့တဲ့ အကုသိုလ်တွေက ပြုခဲ့တဲ့သူကို အပြေးပြန်လာနေပါတယ်၊ အနှေးနဲ.အမြန်ပဲ ကွာပါလိမ့်မယ်၊ ဘယ်လိုအကျိုးပေးသလဲဆိုရင် အဲ့ဒီ့လူက သူ.ရဲ့အိမ်မှာထိုင်နေစဉ်မှာတောင် အကျိုးပေးနိုင်တယ်လို. ဆိုပါတယ်၊ (ဘင်လာဒင်ကြီးသေသလိုမျိုးဖြစ်ပါလိမ့်မယ်)၊

အမှန်တော့ မကောင်းတဲ့သူ သေသွားတာက ၀မ်းနည်းစရာမကောင်းပေမဲ့ ၀မ်းသာစရာလဲ ကောင်းမယ်လို.မထင်မိပါဖူး၊ ဘာပဲဖြစ်ဖြစ် သေတဲ့သူအတွက် ၀မ်းသာစိတ်ကတော့ ဒေါသစိတ်ပဲဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ ခံစားခဲ့ရတဲ့ ကာယံကံရှင်တွေအတွက်တော့ ဘာသာရေးအယူအဆကွဲပြားမူ၊ ခံယူချက်နဲ.အတူ စိတ်ထား ထားတတ်မူက ကွာခြားသွားပါလိမ့်မယ်၊

မကောင်းတဲ့သူ သေတာကို ၀မ်းသာနေရင်တော့ နေရင်ထိုင်ရင်း အကုသိုလ်ကို ၀ယ်ယူသလိုဖြစ်နေပါလိမ့်မယ်၊

သူပြုတဲ့ အကုသိုလ်က သူ.ကို အကျိုးပေးချိန်တန်လို. အကျိုးပေးတယ်ဆိုပြီး သံဝေဂ တရားရပြီး အေးချမ်းတဲ့ တရားကိုတတ်နိုင်သလောက်အားထုတ်၊ ချို.တဲ့သူတွေကို တတ်နိုင်သလောက်လှူ၊ လိုအပ်တဲ့သူတွေကို ကူညီခြင်းစတဲ့ ကောင်းတာလေးတွေကို ကျိုးပမ်း အားထုတ်နေ ဖို.ပဲလိုပါလိမ့်မယ်၊

Thu said...

Bin Laden fall, BBC documentary :
http://www.youtube.com/watch?v=dRrqnB4vaGc&feature=related

Anonymous said...

အကုသိုလ်အကျိုးပေးက will never late. It will come to Myanmar very soon. Burmese dictators, unlawful jury members,Police officers, and regional authority officers those are giving a problems to ordinary peoples will get this price soon.