Tuesday, February 2, 2010

လာပြန်ပြီ ဒီင်္အချစ်












ဖွဲ့ ပါရစေ
နွဲ့ ပါရစေကွဲ့ 
နှမလေးရဲ့ … ။

ဒို့နှလုံးသားကြီးကိုက နုလွန်းလို့
အဲဒီ နုလွန်းတာကြီးကပဲ
နာကျင်ကိုက်ခဲတတ်လွန်းလို့
နှမလေးရဲ့ 
ချစ်ပါရစေကွဲ့ … ။

မင်းကလေးတို့ကြောင့်
ဒို့မှာ တန်းတန်းစွဲ
အသဲတွေလည်း တဗြန်းဗြန်းကွဲ
ချစ်မှ ရတော့မယ့်သူမို့
ချစ်တဲ့အကြောင်း တဖွဖွပြောနေမှ
သင်းကလေးတို့အကြောင်း တသသပြောနေမှ
တမွမွဖြစ်နေတဲ့ ကိုယ့်အသဲ
ခန္တာကိုယ်နဲ့ မြဲရသကွဲ့  ။

နှမလေးရဲ့ 
ဘုရားသခင်လည်း အချစ်နဲ့မကင်းရှာဘူးကွဲ့ 
ကြောက်မက်ဖွယ် စစ်ပွဲတွေထဲမှာလည်း
ချစ်ခြင်းတရားတွေ ရှိလေရဲ့ 
ဘာမှမရှိဘူးလို့ ထင်ရတဲ့နေရာမှာတောင်
အချစ်ဆိုတာ ရှိသကွဲ့  ။

အကြိမ်ကြိမ် ငိုပြနေတာက
နာကျင်လွန်းလို့ကွဲ့ 
မင်းတို့ကို ချစ်ရတဲ့ ၀ဋ်ဒုက္ခကြောင့်
ဒို့ နှလုံးသားကြီး
ဒို့ ရင်ဘတ်တော်ကြီး
နာကျင်လွန်းလှသကွဲ့ .. ။

မင်းကလေး အမှတ်မထင်
ချောင်းဟန့်လိုက်တာကလည်း
ကိုယ့်မှာတော့ ဟတ်ထိုးလဲ
အသက်ရှူ ရပ်မတတ် ဖြစ်ရသကွဲ့ .. ။

ကြည့်မယ်ဆို ကြိုပြော
အမောဆို့နိုင်သကွဲ့ 
ချစ်မယ်ဆို ကြိုပြော
သေဆုံးသွားနိုင်သကွဲ့ 
မိန်းကလေးရဲ့ 
ဒို့အသဲကြီး ရုတ်တရက် ကြွေထွက်သွားနိုင်သကွဲ့  ။

မျက်နှာပေါက်ဆိုးဆိုးနဲ့ လူသတ်တရားခံ
ဗိုလ်ချုပ်မှုးကြီးသန်းရွှေခင်မျာလည်း
အချစ်နဲ့ ရှင်သန်နေရသတဲ့
သူ့ မိန်းမ ဒေါ်ကြိုင်ကြိုင်
“ခိုင်”နေတာသာ ကြည့်တော့ ။

ကြောင်တွေလို
တညောင်ညောင်အော်
မင်းတို့ခြေရင်းမှာ ပွတ်သတ်
ခွေလှဲ
ချွဲပြ
ချစ်တာတွေပဲ အကြိမ်ကြိမ်ပြော
မင်းတို့ကလည်း ဒါမျိုးမှ သဘောကျ ဆိုကိုး ။

နှမလေးတို့ရဲ့ 
အကိုကြီးကို သနားပါကွဲ့ 
စားဝတ်နေရေးထက်
အချစ်ရေးက ပိုသကွဲ့ 
ဟို မအေပေးတွေကိုလေ
ယောင်လို့မှ မျက်စောင်းမထိုးလေနဲ့
မုန်းတဲ့အကြည့်ပဲဖြစ်ဖြစ်
ဒို့ကိုသာ ကြည့်လိုက်စမ်းပါကွဲ့ 
ဒီအကြည့်ကိုပဲ စုဖို့ စောင့်နေရသူပါ ။

ဟို မအေပေးတွေပြောသလို
ကိုယ်ဟာနှာဘူး၊ တဏှာရူး မဟုတ်ဘူးကွဲ့ 
ရုရှားက ဂျူဒိုသမား ပူတင်မှာလည်း
ချစ်သူလှလှလေး ရှိတာပဲ
သွားခေါပေမဲ့ ကြည့်လို့ကောင်းတဲ့
မစ်ရှဲ အိုဘားမားလည်း သမ္မတကတော်ဖြစ်တာပဲ
ပုတက်တက်နဲ့ ထက်ထက်မိုးဦးလည်း
တလင်မကောင်း တလင်ပြောင်းတာပဲ ။

နှမလေးရဲ့ 
ဒို့ကိုသာ ချစ်လိုက်ပါတော့ကွဲ့ 
ကြီးကောင်ကြီးမားနဲ့
အချစ်အကြောင်း
မရှက်မကြောက်ပြောနေရသူကို
သနားပါတော့ကွဲ့  ။

ဒီလိုနဲ့
ကိုယ်တော်ချောများ
ဆော်ကြည်ကြလေသတည်း ။

(ရုပ်ပုံ ၊ ဂူဂလ်)

No comments: