Saturday, January 2, 2010

အေးတဲ့တေး











ခေတ်ကိုက
သားတကွဲ မယားတကွဲခေတ် ။

ကိုယ့်မယားက လင်ငယ်ထား
ကိုယ့်လင်က မယားငယ်ယူတဲ့ခေတ်။

ဂလိုဘလ်လိုက်ဇေးရှင်းထဲ
မိသားတစုလုံး
ဒလိမ့်ခေါက်ကွေးကျ
နိုင်ငံစွန့်ခွါ ထွက်ပြေးရတဲ့ခေတ် ။

ညီအကို မသိတသိခေတ်
အဖေအမေ မသိတသိခေတ် ။

နိုင်ငံတကာရောက်မိသားစုခေတ် ဆိုတော့
တယ်လီဖုန်းကဒ်နဲ့
ချစ်၊ ကွဲ၊ လွမ်း
အီးမေးလ်ကိုမျှော်
ဂျီတော့ခ်နဲ့ ချော့ရတဲ့ခေတ်။

မိသားစုဘ၀ကို
အွန်လိုင်းမှာ ထူထောင်ရတဲ့ခေတ်။

ဒို့တွေဟာ
အွန်လိုင်းမှာပဲ
ချစ်၊ မျှော်၊ လွမ်း
ညား၊ မျှော်၊ လွမ်း
ညား၊ ကွဲ၊ လွမ်း
လွမ်း၊ မျှော်၊ လွမ်း။

ဒို့မိသားစုတွေက
သူများတွေလို
ခရစ္စမတ်ရောက်လည်း မဆုံနိုင်
နှစ်သစ်ကူးလည်း မဆုံနိုင်
သင်္ကြန်ကျလည်း မဆုံနိုင်
အမေသေလည်း မဆုံနိုင်
အဖေသေလည်း မဆုံနိုင်
ငါကိုယ်တိုင်
နိုင်ငံခြားမှာသေရမယ့်ခေတ်။

မဆုံနိုင်လွန်းတဲ့ဒီခေတ်ထဲ
လွဲတာတွေနဲ့ပဲ အသားကျ
ဘ၀ဆိုတာက
“လွဲမှားခြင်း” လို့အဓိပ္ဗါယ်ရတယ်။

ဒီခေတ်က သင်ပေးလိုက်တယ်
အစိုးရကို မဆန့်ကျင်နဲ့တဲ့
လူတယောက် ထောင်ကျရင်
တဆွေမျိုးလုံး ဒုက္ခရောက်သတဲ့။

ဒီခေတ်က သင်ပေးတယ်
ရိုးသားရင်တော့ ငတ်မှာပဲ
ငတ်နေမှတော့ ရှက်မနေနဲ့
သူများကိုနင်းမှ ကိုယ်အပေါ်ရောက်သတဲ့။

ခေတ်က သင်ပေးတယ်
စစ်ထဲဝင်ရင်ဝင်
မ၀င်ရင် ဘုန်းကြီးဝတ်
အိမ်ဖေါ်ခြင်းအတူတူ
နိုင်ငံခြားအိမ်ဖေါ်က ဂုဏ်ပိုရှိသတဲ့။

ဒီခေတ်ကပဲ သင်ပေးလိုက်တယ်
ပြေးသာပြေး
နိုင်ငံတကာကို ရောက်အောင်ပြေး
ကိုယ့်မြေကိုယ့်ရေ စွန့်ခွါပြေး
ပြေးလေ… ဝေးလေ… အေးလေပဲတဲ့။

ဒို့ခေတ်က
အေးတဲ့ခေတ်ပေါ့။

(ဓါတ်ပုံ၊ ဂူဂလ်)

5 comments:

ကလူသစ် said...

ကလူသစ်တို့ကလဲ ဥာဏ်ကောင်းတော့ သင်ပေးလိုက်တာနဲ့ တန်းသိပြီး ပြေးတော့တာပဲ။ တတ်နိုင်ဘူးလေ

blueskyforest said...

ပြေးတဲ့လူတွေ များလာတော့လည်း ပျော်ရမလိုလို

pandora said...

စစ်ထဲဝင်ရင်ဝင်
မ၀င်ရင် ဘုန်းကြီးဝတ်.... တဲ့

ဒါတော့ လိုသွားသလိုပဲ ဆရာ။
ုဘုန်းကြီးဝတ်တာများ အေးရာအေးကြောင်းလို့ မှတ်နေသလား ... မှတ်နေသလား.... :P

blueskyforest said...

အနည်းဆုံး ခေါင်းတော့အေးမှာပေါ့။

ရောတောရှိ said...

ဟက် ထိတယ်ဗျာ....