Friday, January 15, 2010

အရေးမကြီးကြောင်း သတိပေးချက်









ဘုရားသ္ခင်ဆိုသူ မရှိတော့ပါ
မရှိတာ...ကြာပေါ့
ဒါပေမဲ့
ရှိနေတယ်လို့ မှတ် ။

တခုခုဖြစ်ရင်
သူ့ကို တ
ကျေနပ်လောက်အောင် တ ။

မကျေနပ်တဲ့အခါ
သူ့ကို တိုင်
စိတ်ချလက်ချ တိုင် ။

အန္တရာယ်ကင်းအောင်
သူ့ကို ဆောင်
ကာကွယ်မယ်လို့ ယုံ
တကယ် ယုံ ။

အရက်မူးလို့ ရူးတဲ့အခါ
လိင်ဆက်ဆံလို့ ပျော်တဲ့အခါ
မရိုးမသားလုပ်လို့
မလုံမလဲဖြစ်တဲ့အခါ
သူတပါးကို သေအောင်သတ်တဲ့အခါ
ကိုယ်တိုင် သေကြောင်းကြံတဲ့အခါ
ဘုရားသ္ခင်ကို မေ့တဲ့အခါ
ဖြစ်လာသမျှ ကံကြမ္မာ
ဘုရားသ္ခင် ဘာမှမတတ်နိုင်ပါ။

အားနည်းသူကို ကူညီ
စိတ်ကောင်းရှိအောင် ကျင့်ကြံ
အလွန်အကျွံတွေ သတိထား
သူတော်ကောင်းများ
မတရားသဖြင့် ခံနေရတဲ့အခါ
( ဘုရားသ္ခင်ဆိုသူ
မကယ်တင်လေသောအခါ )
ငါတို့လည်း ဘာမှမတတ်နိုင်ပါ။


(ဓါတ်ပုံ ၊ ကိုယ်တိုင်ရိုက် )

1 comment:

သက်ဝေ said...

သူတော်ကောင်းများ
မတရားသဖြင့် ခံနေရတဲ့အခါ
(ဘုရားသခင်ဆိုသူ
မကယ်တင်လေသောအခါ)
ငါတို့လည်း ဘာမှမတတ်နိုင်ပါ... တဲ့လား...

ခေါင်းကိုက်နေရတဲ့အထဲ...
ဖတ်ရတာ အားငယ်လိုက်တာ...း((

ရှုဆေးအကြောင်း ပြောပြသွားတာရယ် သက်ဝေ ပျော်ပါစေလို့ ဆုတောင်းပေးတာရယ်အတွက် ကျေးဇူးတင်တယ်လို့ လာပြောတာပါ...း))
Have a good weekend..!!