Thursday, June 23, 2011

တိုက်သစ်တန်းကြွ













တမနက်မှာ ဆင်းရဲသားတယောက် အိပ်ယာက ထပြီး အလုပ်သွားမယ်
လုပ်တော့ သူ့ဆီမှာ “အဖျား” ရောက်နေတာ တွေ့သတဲ့။

ဒါနဲ့ “ ဟေ့ကောင် အဖျား၊ ဘာလို့ ငါ့ဆီလာတာလဲကွ။ ငါက တနေ့လုပ်
မှ တနေ့စားရတဲ့ကောင်။ မင်းလာနေလို့ ဧည့်ခံနေရရင်၊ အလုပ်မသွားနိုင်
ရင်၊ ၀င်ငွေမရှိရင် ငတ်မှာ။ ငါက မင်းကို ဧည့်ခံတယ်ဆိုတာကလည်း
ထမင်းရည်လောက်နဲ့ပဲ ဧည့်ခံရမှာ။ ကံကောင်းမှ ဘယာကြော်လေး တခု
နှစ်ခု စားရမှာ” ။

“ မြို့သစ်ဘက်မှာ တိုက်သစ်တွေ အများကြီးဆောက်နေတာ တွေ့တယ်
မဟုတ်လား။ အဲဒီက လူတွေကတော့ မင်းကို ကောင်းကောင်း ဧည့်ခံနိုင်
လိမ့်မယ်။ ဟောလစ်တွေ၊ မိုင်လိုတွေ၊ ပန်းသီးတွေနဲ့ အဖျားကို ကောင်း
ကောင်း ကျွေးထားမှာကွ” ။

“ အဲဒီက ကျွေးရုံသာ မကဘူး ။ မင်းရောက်နေတယ် ကြားရင် တပည့်
တပန်းတွေ၊ ဆွေမျိုးသင်္ဂဟတွေကလည်း မုန့်ပုံးမျိုးစုံနဲ့ မင်းကို လာတွေ့
ကြဦးမှာ။ ပျော်စရာကြီး” လို့ ပြောတယ်။

အဖျားလည်း နားလည်သွားပုံရတယ်။ အဲဒီရက်က စပြီး ဆင်းရဲသားတွေ
ဘက် ခြေဦးသိပ်မလှည့်တော့ဘဲ တိုက်သစ်တွေဆီမှာသာ ကြာကြာပျော်
နေသတဲ့။

ဒါကို...ဆေးဆရာတွေကလည်း ကြိုက်ကြပါသတဲ့။

( ရေးသူ ၊ ဖေလင်းသစ် ။ စာအုပ် ၊ ဟောဒီလောကီ )

(ရုပ်ပုံ ၊ ဂူဂလ်)

7 comments:

ပန်ဒိုရာ said...

အင်း.. အဖျား ကလည်း လူချမ်းသာတွေဆီမှာ
အရင်း ကလည်းလူချမ်းသာတွေဆီမှာ

blueskyforest said...

ဟုတ်သပကွယ်။ ဒို့ဆင်းရဲသားတွေကတော့ အရင်းမရှိ အဖျား မရှိတွေပေါ့ကွာ။ :)

သက်ဝေ said...

:D :D :D

Anonymous said...

အဖျားကတော့ အမျိုးမျိုးပေါ့ ၊ ခင်ဗျားအလုပ်ပေးတာနဲ. အင်တာနက်မှ တော်တော်ရှာလိုက်ရတယ် (အိမ်စာပေါ့)

နိုင်ငံခြားမှာ ခေတ်စားတဲ့အဖျားတွေကတော့

scarlet fever
dengue fever
fever blister
indiana fever
yellow fever
rocky mountain spotted fever
flu
malaria တဲံ့ စုံလို.ပါပဲ

ဘလာ့ပိုင်ရှင်ကြီးအနေနဲ. ဘာသာပြန်ပေတော့

ဗမာကတော့ တုတ်ကွေးနဲ. ဌက်ဖျားကို အသိများတယ်၊

နောက်ပြီး မြန်မာတွေကတော့ ဖျားရင် အဖျားဝင်တယ်၊ အဖျားကြီး တယ်လို. ပြောကြတယ်၊ (တွေးမိပြီး ရယ်ချင်တယ်)

ကျွန်တော့်အတွက်ကတော့ အဖျားက ကိုယ့်ဆီလာခဲတယ်၊ ကိုယ်ကသာ အဖျားကိုသွားတွေ.တာ၊ အလုပ်မဆင်း ချင်ရင် ဆေးခန်းမှာ ဖျားချင်သလိုလို ကိုယ်လက်ကိုက်ခဲတယ်ဆိုပြီး MC တောင်းပြီး အိမ်မှာအိပ်တယ်၊ ဆရာဝန်ကို fever ရှိတယ်ဆိုပြီးလိမ်ဖို.မလွယ်ပါ၊ အဖျားတိုင်းလိုက်ရင် မရှိတာများတယ်၊

တစ်ခါတစ်လေ ရုံးမှာများလှတဲ့အလုပ်တွေကို ရင်ဆိုင်မှာထက် အဖျားနဲ.သာ ဆုံလိုက်ချင်တော့တယ်၊

blueskyforest said...

အေဘီစီအတွက် အဖျားကတော့ Useful fever ဖြစ်မယ်ထင်တယ်။ :)

Anonymous said...

ခင်ဗျားဆီမှာအလုပ်တောင်းရင်တော့ ခင်ဗျားက ငြင်းမှာ ကြိမ်းသေတယ်ဗျို.

သိပ်အရေးကြီးရင်တော့လည်းဆေးသောက်ပြီး အလုပ်သွားလုပ်ရတာပါပဲ

Anonymous said...
This comment has been removed by a blog administrator.