Monday, January 10, 2011

နှင်းပြေး












နှင်းကျချိန်နာရီဝက်လောက်မှာ ချန်ထားခဲ့တဲ့နှင်းလွှာလေးပါ။
နှစ်လက်မလောက်ရှိမယ်။

နှင်းစောင်လွှားမြေပြင်ကို
ဖြတ်တိုက်လာတဲ့ လေ။
ဓါးသွားလို အေးစက်၊ ထက်မြ။
လူတွေလည်း ခွေးတွေလို
နွေးရာမှာ ကွေးကြရ။
ဆောင်းဆိုမှတော့ အေးရမပေါ့လေ။
ဆောင်းမှာအေးတာ သတင်းမဟုတ်။













သိပ်အေးနေလို့ ကြုံရာနှစ်ပုံ အမြန်ထွက်ရိုက်ပြီး တင်လိုက်တယ်။
လောကမှာ ကွေးရတာ ကောင်းကြောင်း သင်တို့လည်း ကောင်းကောင်း
သိကြမှာပါလေ။ အေးအေးဆေးဆေးနဲ့ နွေးနွေးထွေးထွေး ကွေးနိုင်ဖို့
ဝိုင်ညိုလေးနှစ်ခွက်လောက် ရင်ဘတ်ထဲကို လောင်းထည့်လိုက်ဖို့လည်း
မမေ့ရလေအောင် (မိမိကိုယ်မိမိ ) အရေးတကြီး သတိပေးလိုက်ရပါတယ်။

"အေးကွေးနွေး" သီချင်း ဤတွင်ဆုံး၏။ ကျန်းမာကြစေသောဝ်။

3 comments:

pandora said...

ကဲ.. ဟောဒီမှာ နှစ်လက်မဆောင်းမှာ ကွေးနေကြတယ်ဆိုတဲ့ သတင်းပူပူနွေးနွေးတွေ

Hmoo said...

flu looking 4 u ... :)

ညီမလေး said...

ဆောင်းကိုကြိုက်ပေမဲ့ အေးလွန်းတာကို မကြိုက်လို့ နွေတဝက်နဲ့ အလိုက်ပေးလဲလို့ရပါသလားရှင်း)