Monday, June 7, 2010

ကပ်စေးနှဲ လက်ကျန်
















ကပ်စေးနှဲခြင်းဟာ အနုပညာတရပ်ဆိုတဲ့အကြောင်း ရှေ့ မှာပြောလက်စ ရှိတယ်။
အဲဒီတို့လို့တန်းလန်းကို အခု အဆုံးသတ်မယ်ကွာ။

ကပ်စေးနှဲသူတွေဟာ သူတို့ရဲ့ စေးနှဲမှုကို လုံခြုံအောင် အမြဲတမ်း ကာကွယ်တယ်။
အာရုံထားပြီး ပြင်ဆင်တယ်။ စိတ်ကူးစိတ်သန်းတွေထုတ်ပြီး သူတို့ရဲ့ စေးနှဲမှုကို ခိုင်
ခန့် သပ်ရပ်အောင် လုပ်တတ်ကြတယ်။ ဒီလိုလုပ်တတ်မှုတွေကပဲ သူတို့ရဲ့  ဖန်တီးမှု။
သူတို့ ရဲ့  အနုပညာ ဖြစ်တော့တယ်။

ကပ်စေးနှဲသူတွေဟာ သူတို့စေးနှဲတဲ့အကြောင်းကို ထုတ်ပြောတတ်ကြသူတွေ မဟုတ်
ဘူး။ ကြွားလို့ကောင်းတဲ့ ကိစ္စမှ မဟုတ်တာ။ ကပ်စေးနှဲသူတွေရဲ့  အိမ်တို့၊ အခန်းတို့
ဟာ သပ်သပ်ရပ်ရပ်ရှိနေတတ်တယ်။ အိမ်နံရံတွေမှာ ဆုံးမစာလို၊ အဆိုအမိန့် လိုတွေ
ကပ်ထား တတ်တယ်။ အိမ်သာနဲ့ မီးဖိုခန်းတွေမှာ ပိုပြီးပြတ်သားတဲ့ သူတို့ ရဲ့ အယူအဆ
တွေကို တွေ့  ရတတ်တယ်။ “ရေကို ငွေလိုမဖြုန်းနဲ့ " ၊ "အလိုက်သိပါ" စသဖြင့်ပေါ့။

အ၀တ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း တခြားသူတွေထက်ပိုပြီး ဂရုတစိုက်
သုံးစွဲတတ်ကြတယ်။ ဆိုပါစို့။ အ၀တ်အထည်တခု စုတ်ပြဲသွားရင် ဖါထေးချုပ်လုပ်ပြီးပြန်
ဝတ်ကြတဲ့အခါ။ ကပ်စေးနှဲသူတွေရဲ့  ဖါထေးမှုက ပိုပြီးသပ်ရပ်၊ ပိုပြီးလှပတတ်တယ်။
လုံးဝဟောင်းနွမ်းသွားတဲ့အထိလည်း ပစ္စည်းတွေကို တန်ဘိုးထားသုံးစွဲတတ်ကြတယ်။

ကပ်စေးနှဲသူ မိတ်ဆွေတဦးရဲ့  အ၀တ်အစားဟောင်းတချို့ ကို မြင်ဖူးတယ်။ စုတ်ပြဲနေတဲ့
နေရာတွေကို ဖါထေးထားတာဟာ အဲဒီအ၀တ်အစားပေါ်မှာ အနုပညာဖန်တီးမှုတွေလုပ်
ထားသလိုပဲ။ လှမှလှ။ ပြဲသွားတဲ့နေရာကို ပန်းပွင့်ပုံလေးတွေ၊ အရုပ်လှလှလေးတွေဖြစ်
အောင် အသေးစိတ်ပြန်ချုပ်ထားတယ်။ အစုတ်အပြဲမှန်း လုံးဝမသိရဘူး။

စည်းကမ်းရှိခြင်း။ ခြိုးခြံချွေတာခြင်း။ နှမြောတွန့်တိုခြင်း စတဲ့ဝေါဟာရတွေဟာ သူ့ အဓိပ္ဗါယ်
နဲ့သူ။ ကပ်စေးနှဲသူတွေက နှမြောတွန့်တိုတတ်သူတွေ၊ တခြားသူတွေကို ကူညီမျှဝေချင်သူ
တွေ မဟုတ်၊ ကိုယ်ကျိုးပဲ ကြည့်သူတွေ၊ အတ္တသမား စသဖြင့် လူမှုအသိုင်းအ၀ိုင်းမှာ
နာမည်ကောင်း မရတတ်ကြဘူး ။

လောကမှာ ဘယ်အရာမှ အဆိုးချည်းသက်သက်။ အကောင်းချည်းသက်သက် ရှိမနေတတ်
ဘူး ဆိုတဲ့ အယူအဆကို သဘောကျရင် အဆိုးထဲမှာလည်း အကောင်းရှိလိမ့်မယ်၊ ရှာတတ်
ဖို့ပဲ လိုတယ်ဆိုတာကိုလည်း သဘောကျလိမ့်မယ်။ ဒီလိုနဲ့ပဲ စိတ်ပျက်ဖို့ကောင်းတဲ့ ကပ်စေး
နှဲသူတွေအကြောင်း ငါ စာစီကုံးမိပေါ့။ ကပ်စေးနှဲသူများ ကျန်းမာကြစေဗျား။

(ရုပ်ပုံ ၊ ဂူဂလ်)

2 comments:

Hmoo said...

Good essay writing.... :)

သက်ဝေ said...

အရင်က ဖေဖေတို့ အသိတယောက်ရှိတယ်
တခုခုသွားစားကြရင် ပိုက်ဆံရှင်းခါနီးမှာ သူ့ရှပ်အင်္ကျီအိပ်ထဲက Wallet ကို အတင်း ထုတ်တယ် (ထုတ်ချင်ယောင် ဆောင်တယ်ဆို ပိုမှန်မယ်)
ဒါပေမယ့် တခြားသူတယောက်ယောက်သာ ပိုက်ဆံရှင်းလို့ပြီးသွားတယ် သူ့ဆီက Wallet က ထွက်ကို မလာဘူး…
ဘယ်ထွက်လာပါ့မလဲ… သူက ဘယ်ဖက်လက်က ရှပ်အင်္ကျီထဲက Wallet အောက်ခြေကို အတင်း ဖိထားပြီး ညာဖက်လက်နဲ့ ဇွတ် ဆွဲထုတ်နေတာကိုး…

“ဒီလိုလုပ်တတ်မှုတွေကပဲ သူတို့ရဲ့  ဖန်တီးမှု…
သူတို့ ရဲ့  အနုပညာ ဖြစ်တော့တယ်”