Friday, May 21, 2010

ပျော်ရွှင်စွာ ပြင်းထန်











ပြင်းထန်မှုဟာ ကောင်းတဲ့သဘောလား။ ဆိုးတဲ့သဘောလား။ ပုံမှန်ထက်ပို
လွန်ကဲတဲ့သဘောဆိုတော့ ကောင်းရင်လည်း ပိုကောင်းမယ်။ ဆိုးရင်လည်း
ပိုဆိုးမယ်ဆိုတဲ့သဘောလား။ သီချင်းတပုဒ်မှာ အကြိမ်ကြိမ်အော်နေတာကတော့
ကော်ဖီဆိုရင် ခါးခါးသောက်မိတယ်..တဲ့။ လွန်ကဲတဲ့သဘော။ ပြင်းထန်တယ်ဆိုတဲ့
သဘော။ ကော်ဖီခါးခါးသီချင်းက လူကြိုက်များတယ်။ လူတွေက ပြင်းထန်ရင်ကြိုက်
တာလား။

ရှမ်းအနုပညာသည်တဦးမန္တလေးကိုရောက်တော့ သူ့ရဲ့ အံ့သြမှုတွေကို သီချင်း
လုပ်ဆို တယ်။လက်ဘက်ရည်ဆိုင်ထိုင်တိုင်းလည်း ရောင်းကြတဲ့သူတိုင်း သကြား
ချိုချိုနဲ့ကြိုက်သလားတဲ့။ ပြင်းထန်ချင်သလားလို့ မေးတဲ့သဘောပါ။ ခပ်ပြင်းပြင်းကို
ကြိုက်သလားပေါ့။ လက်ဘက်ရည်ဆိုရင် အချိုပြင်းပြင်းသောက်တာ ခေတ်စားခဲ့ပုံ
ရပါတယ်။

အပြင်းစားရော့ခ်သီချင်းများဆိုပြီး ခေတ်စားခဲ့သေးတယ်။ ပျော့တာတွေကိုနေရာ
မပေးချင်တဲ့ သဘော။ ပျော့တာတွေနဲ့တော့ အလုပ်မဖြစ်ဘူးဆိုတဲ့သဘော။ ဘာမ
ဆိုခပ်ပြင်းပြင်းမှ တော်ခါကျမယ်။ ပြင်းထန်မှုဟာ အလှတရားတခုဖြစ်နေတယ်။

စစ်အုပ်စုရဲ့ တာဝန်သာဖြစ်ကြောင်း ပြင်းထန်စွာသတိပေးလိုက်သည်...တဲ့။ နိုင်ငံ
ရေးကြေညာချက်တွေမှာ မပါမဖြစ်စာသားတခုပေါ့။ ပြင်းထန်စွာရှုတ်ချလိုက်သည်...
ဆိုတာလည်းရှိသေးတယ်။ ပြင်းထန်မှုမပါတဲ့ကြေညာချက်က ပျော့တိပျော့ညံ့
ကြေညာချက် ဆိုတဲ့သဘော။

မြန်မာဘလော့ဂ်တခုမှာလည်း သူရေးထားတဲ့စာ၊ သူရိုက်ထားတဲ့ပုံတွေကို
ခွင့်ပြုချက်မရပဲ ဖေါ်ပြတာကို ပြင်းထန်စွာ တားမြစ်ပါသတဲ့။ ခွင့်မရပဲလုပ်သူ
ူတွေ သူနဲ့ဘယ်တော့မှလာပြီး မဆက်ဆံနဲ့လို့လည်း ပြင်းထန်စွာသတိပေးလိုက်
ပါသတဲ့။ မဟုတ်တာလုပ်ရင် နာမယ်။ ငါက ပုံမှန်ထက်ပိုမယ့်လူ။ ပြင်းထန်တဲ့လူ။
မင်းတို့ ပိုနာမယ်။ သတိကျပ်ကျပ်ထားကြ ဆိုတဲ့သဘော။

နိုင်ငံရေးလောကမှာခေတ်စားနေတဲ့ ဝေါဟာရတခုကတော့ ပါဝါအပျော့တဲ့။
ပြင်းထန်တာတွေကို ခပ်ဝေးဝေးမှာထားတဲ့သဘော။ ကမ္ဘာ့တဘက်ခြမ်းမှာ
အသေခံဗုံးခွဲတာတွေကို အမျိုးသမီးရော၊ အမျိုးသားရောလုပ်နေကြတယ်။
ကော်ဖီဆိုရင် ခါးခါးမှကြိုက်တဲ့လူတွေလားမသိ။ တဘက်ခြမ်းမှာတော့
့မြောက်ကိုရီးယားကို အမေရီကန်သံစုံတီးဝိုင်းကြီးလွှတ်လိုက်တာ သိပ်သဘော
ကျဆိုပဲ။ တောင်ကိုရီးယားရုပ်သံဇတ်လမ်းတွေ အီရန်ကတောင်ကြိုက်နေသတဲ့။
ပါဝါအပျော့ကလည်း ပြင်းထန်တယ်ဆိုတဲ့သဘော။

တရားဓမ္မတွေကို ညိမ်ညိမ်အေးအေးထိုင်မဟောပဲ ရော့ခ်သီချင်းနဲ့ဟောမှ
သဘောကျတဲ့လူတွေလည်းရှိတယ်။ ကျော်ဟိန်းလည်း ဒီသဘောနဲ့လုပ်ဖူးတယ်။
အခုတော့ ဘုန်းကြီးဝတ်ပြီး ဟောနေရှာသတဲ့။ တည်တည်ညိမ်ညိမ်ဆိုပဲ။
ပြင်းထန်မှုကို အရှင်ကျော်ဟိန်း ဘယ်လိုသဘောထားတော်မူနေပြန်သလဲမသိ။

( စာရှုသူမိတ်ဆွေ ။ ဤစာသည်ကား ပြင်းထန်သောစာဖြစ်လေသည်။ ပြင်းထန်သော
အကြောင်းအရာကိုသာ အာရုံပြု၍ရေးသားထားကြောင်း ပြင်းထန်စွာ အသိပေးအပ်
ပါသည်။ စာရှုသူအသင်သည်လည်း ပြင်းထန်စွာဖတ်ရှုပြီးသကာလ မှတ်ချက်များကို
ပြင်းထန်စွာပေးခဲ့ပါရန်လည်း ပြင်းထန်စွာတိုက်တွန်းလိုက်သည်။ သင်တို့အားလုံး
ပြင်းထန်စွာကျန်းမာ ပျော်ရွှင်စေရန်လည်း ပြင်းပြင်းထန်ထန်ကြီးဆန္ဒပြုလိုက်သည်။
ပုံ ။ သ္ခင်ပျံထင်း ။ )

(ရုပ်ပုံ ။ ပြင်းထန်သော ဂူဂလ်)

6 comments:

pandora said...

အနော်တို့လည်း ခပ်ပျင်းပျင်းပါပဲ.. ၀ှားးးး...

khin oo may said...

ပညာရှိတစ်ဦးလာဖတ်သွား၏။

သက်ဝေ said...

Wow... ဒီတခါတော့ သံစဉ်က တမျိုးပါလား...

အင်းပါလေ...
ရေးတဲ့သူရဲ့ သဘောဆန္ဒအတိုင်း ပြင်းထန်စွာ ဖတ်ရှုပြီး သကာလမှာ မှတ်ချက်ကိုလဲ ပြင်းပြင်းထန်ထန် ပေးခဲ့ပါတယ်...။ အစစ အရာရာ ပျော်ရွှင်စွာ ပြင်းထန်နိုင်ပါစေ...

(ရေးဆိုလို့သာ ရေးသွားရတယ် ဘာမှန်းမသိ ညာမှန်းမသိ... ကိုယ်တိုင်က ယောင်လည်လည်နဲ့...)

Hmoo said...

I also..အပြင်းဘဲကြိုက်ပါတယ်လေ...ဟေဟေ့ :)

TZA said...

ဟားဟား.. ဖတ်လို့တယ်ကောင်းတဲ့စာပဲ၊ ကြိုက်တယ်ဗျာ။

kay said...

ပြင်းထန်ရတာ လွယ်တယ်မထင်နဲ့နော်၊ ပြင်းပြင်း ထန်ထန် အားထုတ်ရတာမျိုး... အင်း..ကြာတော့လည်း.. ယပင့်နဲ့ ပျင်းသွားရော..။ ကိုယ်ကတော့ အပျင်းထဲကပါ သ္ခင်ပြန်ထင်းရေ။