Saturday, July 21, 2007

ကျွန်တော် ဘလော့ဂ်ဂါ ဖြစ်လာရခြင်းအကြောင်း












ဖြစ်ချင်တော့
အားတဲ့အချိန်ကလည်း နည်း
ကိုယ်တိုင်ကလည်း ခပ်ပျင်းပျင်း။
ဘလော့ဂ်လုပ်ဖို့ နေနေသာသာ
အီးမေးတောင်မှ ပုံမှန်မကြည့်တဲ့ကောင်။

ပြဿနာက
အတိုအထွာလေးတွေ
တချက်တချက် ထထရေးချင်နေတဲ့ကိစ္စ။

ဒီထက်ဆိုးတာက
ကိုယ်လုပ်ထားတဲ့ ပစ္စည်းကို
၇ရက်သားသမီးတွေကိုလည်း
ကြည့်စေ၊ ကြားစေချင်လိုက်သေး။

တကယ်တော့
ပြောမယ်ဆိုရင်လည်း
ပြောစရာတွေက ခပ်များများ။
ပြမယ်ဆိုရင်လည်း
ပြစရာတွေက ခပ်များများ။

နောက်ပြီး
ကျွန်တော်က မီဒီယာသမား။

ဗွီဒီယိုကင်မရာ အကောင်းစားရှိတယ်။
ကွန်ပြူတာ အကောင်းစားရှိတယ်။
အသံဖမ်းစက် အကောင်းစားရှိတယ်။
သီချင်းတွေ၊ ဂီတတွေအများကြီးရှိတယ်။
ဓါတ်ပုံကင်မရာ အကောင်းစားရှိတယ်။
စာအုပ်စာတမ်း ခပ်များများရှိတယ်။
နောက်ပြီး
သိပ်ချစ်ဖို့ ကောင်းတဲ့
မိန်းမလေးလည်း တယောက်ရှိတယ်။
(အခုဘလော့ဂ်ကို သူပဲလုပ်ပေးတာပေါ့)

မရှိတာကတော့
မိတ်ကောင်းဆွေကောင်းပဲ။
ရင်ခုန်သံတူတဲ့ ငနဲတွေကလည်း
ဟိုး အဝေးကြီးမှာ။

ဘာလိုလိုနဲ့ 
အသက်ကလည်း ကြီးလာပြီ။
ဒီလိုနဲ့ ပဲ
ဘလော့ဂ်ဂါဂိုဏ်းဝင် ဖြစ်လာရတယ်ဆိုပါတော့။

အမှန်က
ပျင်းပျင်းရှိတာနဲ့ 
ဘလော့ဂ်မှာဝင်ပြီး လက်ဆော့တာပါ။
ဝင်ကြည့်သူ မိတ်ဆွေများ
ချမ်းသာကိုယ်စိတ်မြဲပါစေ။

( ၂၀၀၇ခုနှစ်။ ဇူလိုင်လ ၁၀ရက်။ အင်္ဂါနေ့ )

1 comment:

စိုးထက် - Soe Htet ! said...

ခုမှ လာ ဖတ်ဖြစ်တာ ဗျ ... မိုက်တယ် :P