tag:blogger.com,1999:blog-614717240725846264.post8327490449857717094..comments2023-10-24T08:11:47.782-04:00Comments on b l u E s k y f O r e s T: ညကြီးမင်းကြီးblueskyforesthttp://www.blogger.com/profile/00876491544317371925noreply@blogger.comBlogger3125tag:blogger.com,1999:blog-614717240725846264.post-28813260906197157962011-05-23T12:16:20.090-04:002011-05-23T12:16:20.090-04:00အင်း ... မပျော်တဲ့ အထဲပါ ကျွန်တော်ပါနေတယ်၊ အမှန်ကေ...အင်း ... မပျော်တဲ့ အထဲပါ ကျွန်တော်ပါနေတယ်၊ အမှန်ကတော့ ကျွန်တော်က အကြမ်းဖက်သူတွေ ကို ထောက်ခံတဲ့သူမဟုတ်သလို ဘင်လာဒင်နဲ.လည်း အမျိုးမတော်ပါဖူး၊

twin towers ကြီးပြို၊ လူတွေသေကြတဲ့အခါ တကယ့်ကိုစိတ်မကောင်းပါ၊ အဲဒီ့အချိန်မှာ အရှေ.အလယ်ပိုင်းက လူတစ်ချို. လမ်းပေါ်ထွက်ပြီးပျော်ကြတာမှတ်မိပါ သေး တယ်၊ အမေရိကန်တွေရဲ့ စိတ်ဓါတ်ပိုင်းတော့ ယခုအချိန်ထိခြောက်ချားနေတုန်းပါပဲ၊ ဘာသာရေး အစွန်းရောက် တွေက သူတို.အသက်ကိုတောင် ဂရုမစိုက်ပဲ တိုက်ခိုက်တာကိုတော့ ယခုရော၊ နောင်ရောမှာပါ ကာကွယ်ဖို.ခက်ပါလိမ့်မယ်၊ အမေရိကန်တွေအနေနဲ. ဘင်လာဒင် ကို အရှင်ဖမ်းပြန်ရင်လည်း သူတို.နိုင်ငံသားးတွေကို ပြန်ပေးဆွဲပြီး ရုပ်ရှင် တွေထဲမှာလို hostage အလည်အလှယ် လုပ်ကြမှာကို လည်းမြင်ယောင် မိပါရဲ့၊ အမှန်က သူ.ကိုမှမသတ်ရင် ကိုယ့်အသတ်ခံ ရမယ်ဆိုတဲ့ concept နဲ. The Law of the Jungle ကို သုံးသွားတယ်လို.ပဲ မှတ်ယူရပါတယ်၊

ဘင်လာဒင် မကောင်းတာတော့အမှန်ပဲ၊ တကယ်ဆိုရင် အရှင်ဖမ်းပြီး အပြည်ပြည်ဆိုင်ရာတရားရုံးမှာ စွဲချက်တင်၊ အပြစ်ထင်ရှားလို. သေဒဏ်ပေးခဲ့ရင်တောင် အဲ့ဒီ့သေဒဏ်ကလည်း အမေရိကန် သို.မဟုတ် တာဝန်ကျ တရားသူကြီးပေးတဲ့ သေဒဏ် မဟုတ်ပဲ ဥပေဒေကပေးတဲ့ သေဒဏ်သာလျင်ဖြစ်သင့် ပါတယ်၊

ဘာပဲဖြစ်ဖြစ် ကိုယ်မုန်းတဲ့ သူသေလို. ပျော်နေရင်လည်း နေရင်းထိုင်ရင် အကုသိုလ်ကို ၀ယ်နေသလို ဖြစ်နေပါ လိမ့်မယ်၊ အဓိကကတော့ အကုသိုလ်အကျိုးပေး လို.သာ ဖြစ်ပျက်နေတာကို တရားနှလုံးသွင်းပြီး သံဝေဂတရား ရသင့်ပါတယ်၊

ဗုဒ္ဓဘာသာအရ ဘင်လာဒင် mastermind လုပ်လို. twin towers ပြိုပြီး လူတွေသေတဲ့ အချိန်ကစပြီး သူ.ရဲ့ အကုသိုလ်တွေက သူဆီကိုလာနေပါတယ်၊ အချိန်တန်တော့လည်း အကျိုးပေးတော့ တာပဲ ၊ ဒီလိုပါပဲ အိုးဘားမားလည်း ဘင်လာဒင်ကို သတ်ဖို. အဓိက အမိန်.ပေးခဲ့တဲ့အတွက် အဲဒီ့ရဲ့ အကုသိုလ်တွေလည်း ဘင်လာဒင်သေတဲ့ အချိန်ကစပြီး သူ.ဆီကိုလာနေပါပြီ၊ ဘင်လာဒင်သေတာနဲ.လည်း အကြမ်းဖက်မူ တွေကလျော့ပါးသွားမှာ မဟုတ်ပါဖူး၊ အရှေ.အလယ်ပိုင်းနိုင်ငံတွေမှာ ရှိတဲ့လူငယ်တွေရဲ့ ပညာရေးကို မြှင့်တင်ပေးခြင်း၊ သူတို.ရဲ့ စားဝတ်နေရေးပြေလည်ပြီး အနာဂတ်တွေလှပနေမှသာလျင် အကြမ်းဖက်မူတွေလျော့ပါးသွားမှာဖြစ်ပါ တယ်၊

အမှန်ကို မမြင်သရွေ.တော့ ဒီလောကကြီးမှာ တိုက်ကြခိုက်ကြတဲ့ တိုက်ပွဲတွေက အချိန်တော်တော်ကြာအောင် ရှိနေဦးမှာပဲ

အမှန်ကတော့ တစ်ယောက်နဲ.တစ်ယောက် သတ်ဖြတ်တာ၊ တစ်ဖွဲ.နှင့်တစ်ဖွဲ.တဲ့ တိုက်ခိုက်တာက ဒီမိုကရေစီထွန်းကားတာ မထွန်းကားတာနဲ.မဆိုင်ပါဖူး၊ ဒီမိုကရေစီနိုင်ငံကြီးကလည်း သတ်တာပါပဲ၊ ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားကလည်း သတ်တာပါပဲ၊

လူတွေရဲ့ မှားယွင်းတဲ့ ယုံကြည်မူ ရယ် ဒေါသတို. ပေါင်းစပ်မူ
ကြောင့် လူသတ်ပွဲတွေ ဒီကမ္ဘာကြီး မှာ ဖြစ်ပေါ်နေတယ်လို. ထင်မိပါတယ်၊

ဒီကြားထဲမှာ ဘင်လာဒင်အတွက်နဲ. ဂလဲ့စားချေတိုက်ခိုက်တဲ့ အထဲမှာ ကိုယ်နှင့် မိသားစု ရောယောင်ပြီး ညှပ်မပါသွားဖို. အရေး ကြီးပြီး ကုသိုလ်ကောင်းမူကို တတ်နိုင်သလောက်လုပ်ဖို.သာလျင် အရေးကြီးပါတယ်၊

အားလုံးကျန်းမာရွှင်လန်းကြပါစေ ..ABChttps://www.blogger.com/profile/09288799163561685099noreply@blogger.comtag:blogger.com,1999:blog-614717240725846264.post-19097394405972017442011-05-15T23:03:55.084-04:002011-05-15T23:03:55.084-04:00အင်း ဟုတ်ပနော် ..တွေးစရာပဲ ။အင်း ဟုတ်ပနော် ..တွေးစရာပဲ ။ညီမလေးnoreply@blogger.comtag:blogger.com,1999:blog-614717240725846264.post-82691825615947066252011-05-05T21:59:40.832-04:002011-05-05T21:59:40.832-04:00လူတယောက် သေတဲ့ကိစ္စက ပျော်စရာလား၊ လူဆိုးတွေသေတာ ပျေ...လူတယောက် သေတဲ့ကိစ္စက ပျော်စရာလား၊ လူဆိုးတွေသေတာ ပျော်စရာကောင်းသလား ဆိုတဲ့ မေးခွန်းကိုပဲ ပြန်မေးသွားတယ်...
ကိုယ့်ကိုကိုယ်လည်း ပြန်မေးကြည့်နေပါတယ်...
နှာစေးနေလို့ အဖြေမရသေးဘူး...း))သက်ဝေhttp://www.thet-wai-blog.blogspot.com/noreply@blogger.com