Tuesday, June 15, 2010

ဘော်လုံး၊ အိုးပုတ်နဲ့ -ါ ဆို လာ
















ဒီအလုံးတလုံးကြောင့် တကမ္ဘာလုံး အုံးအုံးကျက်ကျက်ဖြစ်နေတာကိုက စိတ်ဝင်
စားစရာ။ တကယ်ဆို အီစကိုက ဘော်လုံးကို သိပ်ပြီးစိတ်ဝင်စားလှတာမဟုတ်။
ဂိုးလေး တလုံးတလေ၀င်နိုင်ဖို့အရေး ဖြစ်နေလိုက်ကြတာ တရုန်းရုန်းနဲ့။ ဒါကိုပဲ
ကမ္ဘာက ရူးမတတ်ကြိုက်လှပြီ။

အီစကိုက လောလောဆယ် အမေရိကန်ရဲ့  NBA ဘတ်စကက်ဘောကို ကြိုက်နေ
ရှာတယ်။ ဘောလုံးပွဲနဲ့များ တခြားစီ။ သွင်းလိုက်ကြတာ သောက်သောက်လဲ။ နှစ်
စက္ကန့်၊ သုံးစက္ကန့်နဲ့တောင် တလုံးဝင်အောင်သွင်းနိုင်တာများ အံ့ကိုသြလို့။ ဘော
လုံးခင်မျာမှာတော့ တခါတခါ နှစ်ဘက်လုံး အကြိတ်အနယ်ကန်ကြတာတောင်
တလုံးမှ မ၀င်နိုင်ရှာဘူး။ ဒီလောက်ဆိုရင် ဘောလုံးဝါသနာအိုးတွေ ဒေါပွလောက်ပြီ။












ထိုင်းက အင်္ဂလိပ်ကျွန်ဖြစ်ခဲ့တဲ့နိုင်ငံမဟုတ်ပေမဲ့ ဘောလုံးတော့ အတော်လေး စိတ်
ဝင်စားကြရှာတယ်။ ဘုရင်စံနစ်ရှိတာချင်း တူလို့များလား။ ဘယ်နေရာသွားသွား
ကမ္ဘာ့ဖလားရူးသွပ်မှုနဲ့ ကင်းတာ ခပ်ရှားရှား။ လူစည်ကားတဲ့ တနေရာမှာ ရုပ်သံလိုင်း
နှစ်ခုပေါင်းပြီး ဘောလုံးဇတ်ခင်းနေတာကို အီစကိုက ဓါတ်ပုံရိုက်ပြီး မှတ်တမ်းတင်
လိုက်တယ်။












ရုံနဲ့ပြနေတာ။ ပွဲစဉ်တွေနဲ့အချိန်ဇယားနဲ့ ဖြတ်သွားဖြတ်လာတွေ ရုံထဲဝင်ပြီး ဘောပွဲ
ကြည့် နိုင်အောင်လုပ်ပေးထားလေရဲ့ ။ တိုက်ရိုက်လည်းလွှင့်။ သွယ်ဝိုက်လည်းလွှင့်။
(သွယ်ဝိုက်ဟူသည်မှာ...ပြီးခဲ့တဲ့ပွဲတွေကို ပြန်ပြနေတာကို ဆိုလို၏)

ရုံထဲမှာကြည့်လို့ အားမရရင် အပြင်မှာ ကိုယ်တိုင်ထွက်ပြီးကန်နိုင်ဖို့တောင် လုပ်ထားပေး
တယ်။ ဒါပေတဲ့ ဒီဘောပွဲက လက်နဲ့ကန်တဲ့ပွဲ။ ဘာပဲဖြစ်ဖြစ် ထိုင်းတွေကတော့ ဘောဆို
တာနဲ့ ကန်ပြီးသားပဲ။












ဒီနေ့ခေတ်မြန်မာကလေးငယ်တွေ အိုးပုတ်ဆိုတာ ဆော့ကြသေးရဲ့ လား။ အီစကိုတို့
တုန်းကတော့ ဆော့ခဲ့ကြရသဗျား။ စိတ်ကူးတည့်ရာ အရွက်တွေခူး။ အိုးပုတ်ထဲကို
ထည့်ပြီး ဟင်းချက်တမ်း၊ထမင်းချက်တမ်း ကစားခဲ့ရပါတယ်။ အီစကိုတို့ခေတ် မြန်မာ
ကလေးငယ် တို့ရဲ့ ရိုးရာ ကစားနည်းတခုပေါ့။ လူကြီးတွေကလည်း လိုလိုလားလား
ဆော့ခွင့်ပေးတဲ့ ကစားနည်းပါ။












ဟော။ အဲဒီအိုးပုတ်လိုမျိုး မြေအိုးလေးတွေ ဘန်ကောက်မြို့ လည်ခေါင်က
သားသား နားနားကုန်တိုက်ကြီးထဲမှာ အကျအန ရောင်းချနေသဗျား။(သူက
ပိုလှအောင် အရုပ်လေးတွေ ဖေါ်ထားတာပေါ့) မြင်တဲ့အတိုင်း ကောက်ရိုးလေး
တွေအောက်မှာခင်းလို့။ နှီးတောင်းလေးထဲမှာချစ်စရာ အိုးပုတ်လေးတွေ။
ဝင့်လို့ ၊ ထည်လို့။ အင်း....ဈေးကွက်...ဈေးကွက် ။












ဒါကတော့ ဂျပန်လေဆိပ်ထဲက အခွန်လွတ်ဆိုင်တခုပါ။ ဘာများလဲလို့ သေချာအောင်
ဖတ်ကြည့်ရသေးတယ်။ ဂျပန်အသံထွက်ကိုများ အင်္ဂလိပ်လိုရေးထားတယ် ထင်လို့။
ဘယ်ဟုတ်လိမ့်မလဲ။ အတည်ရေးထားတာပါ။ နောက်တာ မဟုတ်ဘူး။

ဂီတသံစဉ်လေးကို လှလို့ ဆိုင်နာမည်ပေးထားတာဖြစ်မှာပေါ့။ အီစကိုကတော့ ဆိုင်နာ
မည်ဖတ်ကြည့်ပြီး အထဲကို မ၀င်ခဲ့ပါဘူး။ အထဲရောက်နေပြီးသား လူတွေကိုပဲ အပြင်က
ထိုင်ကြည့်ခဲ့ပါတယ်။ သူတို့တွေလည်း ရိုးရိုးဈေးဝယ်တွေဖြစ်ကြပုံ ရပါတယ်။ အခွန်လွတ်
ဈေးမဟုတ်လား။












ဟိုးအပေါ်ဆုံးက ပုံကတော့ ၀ိုင်ခွက်တွေကို ဆေးပြီးမှောက်ထားတာမဟုတ်ပါဘူး။
မီးလုံးမီးဆိုင်းတွေနေရာမှာ အလှဖြစ်အောင် အင်စတော်လေးရှင်း လုပ်ထားတာပါ။
တတ်ဆင်မှု အနုပညာဆိုပါတော့။ အိုးပုတ်ဆိုင်နားမှာပဲ။

(ဓါတ်ပုံ ၊ ဂူဂလ်က မဟုတ်ဘူးကွ ၊ ငါ့ဟာ... ငါ့ဟာ)

4 comments:

သက်ဝေ said...

ဘောလုံးဆိုလို့ အမြန်ပြေးလာခဲ့တယ်...

မနက် ၂ နာရီခွဲ ဘရာဇီးလ်ပွဲကြည့်မလို့
အိပ်ချင်နေတဲ့ ကိုယ့်မျက်လုံးတွေကို အတင်း ကြိုးစားပမ်းစား ပြူးနေရတာ...
အခု ဒီပိုစ့်လာဖတ်လိုက်တာ ရယ်လိုက်ရတာနဲ့ တော်တော် မျက်လုံး ကျယ်သွားတယ်...
စာတွေဖတ်လိုက် ရယ်လိုက်...
ဓါတ်ပုံတွေကြည့်လိုက် ရယ်လိုက်နဲ့...း))

ဓါတ်ပုံ ၊ ဂူဂလ်က မဟုတ်ဘူးကွ ၊ ငါ့ဟာ... ငါ့ဟာ
(ရယ်ပြီးရင်းသာ ရယ်နေမိတော့တယ်...)

khin oo may said...

ဟုတ်တယ်. ငါ့ဟာ.....ငါ့ဟာ ကအရယ်ရဆုံး.

ကလူသစ် said...

ဆိုင်နာမည်အကြိုက်ဆုံးပဲ

:P said...

ကြိုက်ကြိုက်နဲ့ ဝင် ဝယ်မနေနဲ့ဦး ကိုလူသစ်.. :P